ေဆးစြမ္းထက္ေသာ ပန္းသီးရွာလကာရည္



Zawgyi ျဖင့္ဖတ္ရန္

Apple Cider Vinegar လို႔ေခၚတဲ့ ပန္းသီးအရည္မွ ျပဳလုပ္ထားတဲ့ ရွာလကာအရက္ဟာ ႀကိဳ႕ထိုးတာကအစ အေအးမိေရာဂါေတြအထိ က်ယ္က်ယ္ျပန္႔ျပန္႔ သုံးစြဲႏိုင္သလို တခ်ိဳ႕လူေတြကလဲ ဆီးခ်ိဳ၊ ကင္ဆာ၊ ႏွလုံးေရာဂါေတြ၊ ကိုလက္စထေရာ မ်ားေနတာေတြနဲ႔ ကိုယ္အေလးခ်ိန္ ဝိတ္ခ်တာေတြအထိပါ ဒီပန္းသီးအရက္ ရွာလကာရည္ကို သုံးစြဲၾကပါတယ္။

(၁) ပန္းသီးအရက္ ရွာလကာရည္ကို ေရကေလးနဲ႔ ေရာ ငုံေသာက္။ ဘက္တီးရီးယား ကူးစက္လို႔ ဝမ္းေလွ်ာဝမ္းပ်က္ ျဖစ္စျပဳေနရင္

ပဋိဇီ၀ ဂုဏ္သတၱိေတြ ပါေနတဲ့ ဒီ Cider က ကူညီေပးႏိုင္ပါတယ္။ တခ်ိဳ႕ ေက်းလက္ကုထုံးပညာရွင္ေတြ ေျပာတာကေတာ့ ပန္

းသီးအရက္ ရွာလကာရည္မွာ intestinal spasms လို႔ေခၚတဲ့ အူတြင္းမွာ ဆတ္ကနဲ အႀကဳံ႕အဆန္႔ ျဖစ္သြားတာမ်ိဳးကို

သက္သာေစတဲ့ pectin ဓာတ္ ပါဝင္တယ္ လို႔ ဆိုပါတယ္။ အဲဒါေၾကာင့္ ပန္းသီးအရက္ ရွာလကာရည္ကို လၻက္ရည္ဇြန္း

၁ ဇြန္း ၂ ဇြန္းစာေလာက္ကို ေရနဲ႔ေရာေသာက္ (သို႔မဟုတ္) ပန္းသီးေဖ်ာ္ရည္ ႐ိုး႐ိုး ေသာက္လဲ ရပါတယ္။

(၂) တေအ့ေအ့ တအြတ္အြတ္ ႀကိဳ႕ ထိုးေနရင္ Apple Cider Vinegar စတီးဇြန္း တဇြန္းစာေလာက္ ေသာက္လိုက္ပါ။ သူ႔ရဲ႕ ခ်

ဥ္တဲ့အရသာက ေလႁပြန္ေခ်ာင္း လမ္းေၾကာင္းထဲ ႀကိဳ႕ထိုးတာကို ရပ္သြားပါေစလိမ့္မယ္။



(၃) ကိုယ္စားမယ့္ အစာက လြယ္လြယ္မေၾကႏိုင္တဲ့ အစာဆိုတာသိေနရင္ အစာမစားခင္ နာရီဝက္ေလာက္ ႀကိဳတင္ၿပီး

Apple Cider Vinegar စတီးဇြန္း တဇြန္းစာေလာက္+ ပ်ားရည္ တဇြန္းကို တဖန္ခြက္စာ ေရေႏြးေႏြးေလးထဲ ထည့္ေမႊၿပီး ေသာက္ပါ။

(၄) ႏွာေစး ႏွာပိတ္လွ်င္ အရည္ စတီး ၁ ဇြန္းစာကို ေနနဲ႔ေရာထည့္ေသာက္ရင္ ေပ်ာက္ပါတယ္။

(၅) လည္ေခ်ာင္းႁပြန္ထဲ တဖ်ဥ္းဖ်ဥ္းနဲ႔ လည္ေခ်ာင္း စ နာၿပီ ဆိုတာနဲ႔ Apple Cider Vinegar အရည္ကို ခြက္ရဲ႕ ၄ ပုံ

တပုံေလာက္+ ေရေႏြးေႏြးကို ခြက္ရဲ႕ ၄ ပုံ တပုံေလာက္ ေရာထည့္ၿပီး တစ္နာရီ တစ္ခါေလက္ ပလုတ္က်င္းလိုက္ ေထြးလိုက္ လုပ္ေပးရပါမယ္။

(၆) ေမာပန္းႏြမ္းနယ္ အားအင္ကုန္ခမ္းေနသလိုမ်ိဳးကိုလဲ အားအင္ ေကာင္းေကာင္း ျပန္ျဖည့္ေပးႏိုင္ပါတယ္။ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းေတြနဲ႔ စိတ္ဖိစီးမႈ အရမ္းမ်ားေနရင္ သစ္သီးေဖ်ာ္ရည္ ေအးေအးေလး တဖန္ခြက္ထဲကို ၂ ဇြန္းစာေလာက္ ထည့္ေသာက္ေပးပါ။

(၇) ညဘက္ ေျခေထာက္ ႂကြက္တက္တတ္လွ်င္ Apple Cider Vinegar ၂ ဇြန္း+ ပ်ားရည္ ၁ ဇြန္း+ ေရတခြက္ထဲ ေရာ

ထည့္ေသာက္တာပါ။

(၈) ေနာက္ဆုံးတစ္ခ်က္ကေတာ့ သြားကို ျဖဴေဖြးေစတာပါ။ မနက္ပိုင္း Apple Cider Vinegar နဲ႔ ပလုတ္က်င္းေပးပါ

တဲ့။ သြားေခ်းေတြကို သန္႔စင္ေစၿပီး သြားကို ျဖဴေစပါတယ္။ ပါးစပ္နဲ႔ သြားဖုံးမွာ ရွိတဲ့ ဘက္တီးရီးယားေတြကို ေသေစပါတယ္။

Apple Cider Vinegar ကို ကုန္တိုက္ႀကီးမ်ားႏွင့္ City Mart တို႔လို ဆိုင္မ်ားတြင္ အလြယ္တကူ ဝယ္ယူရရွိႏိုင္ၾကပါ

တယ္။

အားလုံးပဲ ေရာဂါကင္းေဝး၍ ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာၾကပါေစေနာ္။

ေစာႏြဲ႕ေနဆိုင္ (ပူတာအို)


Unicode ဖြင့်ဖတ်ရန်

ဆေးစွမ်းထက်သော ပန်းသီးရှာလကာရည်




Apple Cider Vinegar လို့ခေါ်တဲ့ ပန်းသီးအရည်မှ ပြုလုပ်ထားတဲ့ ရှာလကာအရက်ဟာ ကြို့ထိုးတာကအစ အအေး

မိရောဂါတွေအထိ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်သလို တချို့လူတွေကလဲ ဆီးချို၊ ကင်ဆာ၊ နှလုံးရောဂါတွေ၊ ကိုလက်

စထရော များနေတာတွေနဲ့ ကိုယ်အလေးချိန် ဝိတ်ချတာတွေအထိပါ ဒီပန်းသီးအရက် ရှာလကာရည်ကို သုံးစွဲကြပါ

တယ်။

(၁) ပန်းသီးအရက် ရှာလကာရည်ကို ရေကလေးနဲ့ ရော ငုံသောက်။ ဘက်တီးရီးယား ကူးစက်လို့ ဝမ်းလျှောဝမ်းပျက်

ဖြစ်စပြုနေရင် ပဋိဇီ၀ ဂုဏ်သတ္တိတွေ ပါနေတဲ့ ဒီ Cider က ကူညီပေးနိုင်ပါတယ်။ တချို့ ကျေးလက်ကုထုံးပညာရှ

င်တွေ ပြောတာကတော့ ပန်းသီးအရက် ရှာလကာရည်မှာ intestinal spasms လို့ခေါ်တဲ့ အူတွင်းမှာ ဆတ်ကနဲ အ

ကြုံ့အဆန့် ဖြစ်သွားတာမျိုးကို သက်သာစေတဲ့ pectin ဓာတ် ပါဝင်တယ် လို့ ဆိုပါတယ်။ အဲဒါကြောင့် ပန်းသီးအရက်

ရှာလကာရည်ကို လ္ဘက်ရည်ဇွန်း ၁ ဇွန်း ၂ ဇွန်းစာလောက်ကို ရေနဲ့ရောသောက် (သို့မဟုတ်) ပန်းသီးဖျော်ရည်

ရိုးရိုး သောက်လဲ ရပါတယ်။

(၂) တအေ့အေ့ တအွတ်အွတ် ကြို့ ထိုးနေရင် Apple Cider Vinegar စတီးဇွန်း တဇွန်းစာလောက် သောက်လိုက်ပါ။

သူ့ရဲ့ ချဉ်တဲ့အရသာက လေပြွန်ချောင်း လမ်းကြောင်းထဲ ကြို့ထိုးတာကို ရပ်သွားပါစေလိမ့်မယ်။



(၃) ကိုယ်စားမယ့် အစာက လွယ်လွယ်မကြေနိုင်တဲ့ အစာဆိုတာသိနေရင် အစာမစားခင် နာရီဝက်လောက် ကြိုတ

င်ပြီး Apple Cider Vinegar စတီးဇွန်း တဇွန်းစာလောက်+ ပျားရည် တဇွန်းကို တဖန်ခွက်စာ ရေနွေးနွေးလေးထဲ

ထည့်မွှေပြီး သောက်ပါ။

(၄) နှာစေး နှာပိတ်လျှင် အရည် စတီး ၁ ဇွန်းစာကို နေနဲ့ရောထည့်သောက်ရင် ပျောက်ပါတယ်။

(၅) လည်ချောင်းပြွန်ထဲ တဖျဉ်းဖျဉ်းနဲ့ လည်ချောင်း စ နာပြီ ဆိုတာနဲ့ Apple Cider Vinegar အရည်ကို ခွက်ရဲ့ ၄ ပုံ

တပုံလောက်+ ရေနွေးနွေးကို ခွက်ရဲ့ ၄ ပုံ တပုံလောက် ရောထည့်ပြီး တစ်နာရီ တစ်ခါလေက် ပလုတ်ကျင်းလိုက်

ထွေးလိုက် လုပ်ပေးရပါမယ်။

(၆) မောပန်းနွမ်းနယ် အားအင်ကုန်ခမ်းနေသလိုမျိုးကိုလဲ အားအင် ကောင်းကောင်း ပြန်ဖြည့်ပေးနိုင်ပါတယ်။ ကို

ယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေနဲ့ စိတ်ဖိစီးမှု အရမ်းများနေရင် သစ်သီးဖျော်ရည် အေးအေးလေး တဖန်ခွက်ထဲကို

၂ ဇွန်းစာလောက် ထည့်သောက်ပေးပါ။

(၇) ညဘက် ခြေထောက် ကြွက်တက်တတ်လျှင် Apple Cider Vinegar ၂ ဇွန်း+ ပျားရည် ၁ ဇွန်း+ ရေတခွက်ထဲ

ရောထည့်သောက်တာပါ။

(၈) နောက်ဆုံးတစ်ချက်ကတော့ သွားကို ဖြူဖွေးစေတာပါ။ မနက်ပိုင်း Apple Cider Vinegar နဲ့ ပလုတ်ကျင်းပေး

ပါတဲ့။ သွားချေးတွေကို သန့်စင်စေပြီး သွားကို ဖြူစေပါတယ်။ ပါးစပ်နဲ့ သွားဖုံးမှာ ရှိတဲ့ ဘက်တီးရီးယားတွေကို သေစေ

ပါတယ်။

Apple Cider Vinegar ကို ကုန်တိုက်ကြီးများနှင့် City Mart တို့လို ဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ကြပါ

တယ်။

အားလုံးပဲ ရောဂါကင်းဝေး၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေနော်။

စောနွဲ့နေဆိုင် (ပူတာအို)


မှတ်ချက်များ