

Zawgyiဖြင့်ဖတ်ရန်






Rowena


Credit —momolay

Unicodeဖြင့်ဖတ်ရန်

သိကြားမင်းဆက်ကပ်တဲ့ မြတ်စွာဘုရားကို ဖူးမြှော်လှူဒါန်းခွင့်ရရှိခဲ့တဲ့ စံရတီမိုးမြင့်

ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေး စံရတီမိုးမြင့်က စစ်မှန်တဲ့ သဘာသအလှလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်က အနုပညာလောကထဲမှာ အချိန်အတော်ကြာ ရပ်တည်ခဲ့ပြီး အခုနောက်ပိုင်းမှာ အရင်ကထက် ပိုလှလာပြီး ပို အောင်မြင်လာတာပဲ ဖြစ်ပါတယ်။ သေးသေးသွယ်သွယ်လေးနဲ့ ချစ်စရာကောင်းတဲ့ စံရတီမိုးမြင့်ကို ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ်။

စံရတီမိုးမြင့်က လတ်တလောမှာတော့ ပခုက္ကူမြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပခုက္ကူကို ရောက်ခိုက် စံရတီမိုးမြင့်က ရွှေတန့်တစ် သရက္ခန်မြတ်စွာဘုရား အား ဝင်ရောက်ဖူးမြှော်ခဲ့ပါတယ်။

စံရတီမိုးမြင့်က "သိကြားမင်းဆက်ကပ်သော ရွှေတန့်တစ် သရက္ခန်မြတ်စွာဘုရား အားဖူးမျှော်ပြီး လှူဒါန်းရသောကြောင့် ဘဝမှာအဖူးချင်ဆုံးဆန္ဒထဲကတစ်ခုပြည့်စုံသွားပါပြီ။ " ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်မှာ ပြောထားပါတယ်။

စံရတီမိုးမြင့်ကတော့ လူတကာ ဖူးဖို့ မလွယ်ကူတဲ့ ရွှေတန့်တစ် သရက္ခန် မြတ်စွာဘုရားကို ဖူးမြှော်ခွင့်ရခဲ့တာ တော်တော်လေးကို ကုသိုလ်ကံထူးတာပဲ ဖြစ်ပါတယ်။

စံရတီမိုးမြင့်ကတော့ လက်ရှိမှာ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပြီး ပွဲအခမ်းအနားတွေကို တက်ရောက်ပေးနေလျက် ရှိတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း စံရတီမိုးမြင့်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena

Source: San Yati Moe Myint's fb

Credit —momolay

မှတ်ချက်များ