ကိုယ့္ကိုစိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့လူေတြကို ဘယ္လိုလ်စ္လွ်ဴရႈထားမလဲ


Zawgyiျဖင့္ဖတ္ရန္

တစ္ခါတစ္ေလမွာ ကိုယ့္ကိုမလိုတဲ့သူေတြက စိတ္အေႏွာင့္အယွက္ေပးတတ္ပါတယ္။ တမင္တကာ ကိုယ့္မေကာင္းေၾကာင္းလိုက္ေျပာတာမ်ိဳးေတြ၊ မခံႏိုင္ေအာင္ ေစာင္းေျမာင္းေျပာဆိုတာမ်ိဳးေတြ ရွိပါတယ္။ ဒီလိုလူမ်ိဳးေတြကို အဖတ္လုပ္ၿပီး ျပန္တု႔ံျပန္စရာမလိုပါဘူး။ ကိုယ့္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့သူေတြဟာ ကိုယ့္ဘဝအတြက္လည္း ဘာေကာင္းက်ိဳးမွမေပးဘူး အက်ိဳးျပဳေနတာလည္းမဟုတ္တဲ့အတြက္ လ်စ္လွ်ဴရႈထားလိုက္တာ အေကာင္းဆံုးပါပဲ။

ကိုယ့္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့သူေတြနဲ႔ ခပ္ေဝးေဝးမွာေနပါ။ လမ္းျဖတ္ေလွ်ာက္လို႔ ေတြ႔မယ္ဆိုရင္ေတာင္ သူတို႔နဲ႔ေဝးတဲ့ေနရာကေန ေလွ်ာက္သြားလိုက္ပါ။ ဒါမ်ိဳးက ေၾကာက္လို႔ေရွာင္ေျပးတာမဟုတ္ဘူး။ အဖတ္မလုပ္ခ်င္လို႔ ေရွာင္ေနလိုက္တာပါ။

သူတို႔ေျပာေနတာေတြ၊ ျပဳမူေနတာေတြကို ျပန္ၿပီး မတံု႔ျပန္ပါနဲ႔။ ဒီလိုလူမ်ိဳးေတြက သူတစ္ခြန္း ငါတစ္ခြန္း တံု႔ျပန္တာမ်ိဳးကို လိုခ်င္ၾကတာမို႔ ကိုယ္က ဘာမွမတံု႔ျပန္ပဲသာ လ်စ္လွ်ဴရႈထားလိုက္ပါ။ ကိုယ့္နားလာၿပီး တမင္ေစာင္းေျမာင္းေျပာေနတာမ်ိဳးဆိုလည္း မၾကားခ်င္ေယာင္သာေဆာင္ေနလိုက္ပါ။ သူတို႔ေၾကာင့္ ကိုယ့္စိတ္ကို ညစ္ႏြမ္းမခံပါနဲ႔။

တစ္ခါတစ္ေလမွာ သူတို႔ဘက္က အရမ္းလာေရာတာမ်ိဳးေတြ ရိွတတ္ပါတယ္။ တခ်ိဳ႔က်ေတာ့ ေျပာခ်င္ရာေျပာၿပီး တစ္ခါတစ္ေလ သူမဟုတ္သလိုနဲ႔ မ်က္ႏွာေျပာင္တိုက္ၿပီး လာေရာတာမ်ိဳးေတြ ရွိတတ္ပါတယ္။ ဒီလိုလာေရာတိုင္း ျပန္မေရာပဲ ခပ္တန္းတန္းပဲေနပါ။ ကိုယ့္ေနၿမဲပံုစံအတိုင္းပဲ ေနလိုက္ပါ။

Photo Source: www.wikihow.com

Credit:My Style Myanmar

Unicodeဖြင့်ဖတ်ရန်

ကိုယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့လူတွေကို ဘယ်လိုလျစ်လျှူရှုထားမလဲ

တစ်ခါတစ်လေမှာ ကိုယ့်ကိုမလိုတဲ့သူတွေက စိတ်အနှောင့်အယှက်ပေးတတ်ပါတယ်။ တမင်တကာ ကိုယ့်မကောင်းကြောင်းလိုက်ပြောတာမျိုးတွေ၊ မခံနိုင်အောင် စောင်းမြောင်းပြောဆိုတာမျိုးတွေ ရှိပါတယ်။ ဒီလိုလူမျိုးတွေကို အဖတ်လုပ်ပြီး ပြန်တုံ့ပြန်စရာမလိုပါဘူး။ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့သူတွေဟာ ကိုယ့်ဘဝအတွက်လည်း ဘာကောင်းကျိုးမှမပေးဘူး အကျိုးပြုနေတာလည်းမဟုတ်တဲ့အတွက် လျစ်လျှူရှုထားလိုက်တာ အကောင်းဆုံးပါပဲ။

ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့သူတွေနဲ့ ခပ်ဝေးဝေးမှာနေပါ။ လမ်းဖြတ်လျှောက်လို့ တွေ့မယ်ဆိုရင်တောင် သူတို့နဲ့ဝေးတဲ့နေရာကနေ လျှောက်သွားလိုက်ပါ။ ဒါမျိုးက ကြောက်လို့ရှောင်ပြေးတာမဟုတ်ဘူး။ အဖတ်မလုပ်ချင်လို့ ရှောင်နေလိုက်တာပါ။

သူတို့ပြောနေတာတွေ၊ ပြုမူနေတာတွေကို ပြန်ပြီး မတုံ့ပြန်ပါနဲ့။ ဒီလိုလူမျိုးတွေက သူတစ်ခွန်း ငါတစ်ခွန်း တုံ့ပြန်တာမျိုးကို လိုချင်ကြတာမို့ ကိုယ်က ဘာမှမတုံ့ပြန်ပဲသာ လျစ်လျှူရှုထားလိုက်ပါ။ ကိုယ့်နားလာပြီး တမင်စောင်းမြောင်းပြောနေတာမျိုးဆိုလည်း မကြားချင်ယောင်သာဆောင်နေလိုက်ပါ။ သူတို့ကြောင့် ကိုယ့်စိတ်ကို ညစ်နွမ်းမခံပါနဲ့။

တစ်ခါတစ်လေမှာ သူတို့ဘက်က အရမ်းလာရောတာမျိုးတွေ ရှိတတ်ပါတယ်။ တချို့ကျတော့ ပြောချင်ရာပြောပြီး တစ်ခါတစ်လေ သူမဟုတ်သလိုနဲ့ မျက်နှာပြောင်တိုက်ပြီး လာရောတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုလာရောတိုင်း ပြန်မရောပဲ ခပ်တန်းတန်းပဲနေပါ။ ကိုယ့်နေမြဲပုံစံအတိုင်းပဲ နေလိုက်ပါ။

Photo Source: www.wikihow.com

Credit:My Style Myanmar

မှတ်ချက်များ