တကၠသိုလ္ေက်ာင္းသားတစ္ဦး “တို႔ေဆး” မိၿပီး ငါးဖမ္းစက္ေလွေပၚ ေရာင္းစားခံရ


Zawgyiျဖင့္ဖတ္ရန္

“တို႔ေဆး” ဆိုတာကို လူတိုင္းၾကားဖူးၾကမွာပါ၊ ဒါေပမယ့္ ကိုယ္တိုင္မႀကဳံဘူးရင္ေတာ့ ယုံဖို႔ခက္ခဲပါလိမ့္မယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းကပဲ ႏွစ္လၾကာ ေပ်ာက္ဆုံးေနခဲ့ေသာဒဂုံတကၠသိုလ္က သမိုးေမဂ်ာေနာက္ဆုံးႏွစ္ ေက်ာင္းသားတစ္ဦးကို မိဘေဆြမ်ိဳးမ်ားက ဖ်ာပုံၿမိဳ႕နယ္အတြင္းရွိ ငါးဖ်က္ေက်း႐ြာ ငါးဒိုင္တြင္ ေငြ ၇ သိန္းႏွင့္ သြားျပန္ေ႐ြးရေသာ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့သည္။

ေအာက္တိုဘာလ ၂ ရက္ေန႔ ေန႔လယ္တြင္ ဒဂုံတကၠသိုလ္ သမိုင္းဌာန ေနာက္ဆုံးႏွစ္ေက်ာင္းသား ျမတ္သူရထြန္း သည္ ေနအိမ္မွ ရန္ကုန္ထဲသို႔ သြားခဲ့ၿပီး အဆက္အသြယ္ ျပတ္ေတာက္သြားခဲ့ပါသည္။

လက္ကိုင္ဖုန္း ပိတ္ထားၿပီး Facebook Messenger မ်ားမွ အဆက္အသြယ္မရရွိခဲ့ပါ ။ ထိုအခ်ိန္မွစ၍ မိသားစုက ရဲစခန္းမ်ားတြင္ အမူဖြင့္၍ ႀကိဳးစားရွာေဖြခဲ့ေသာ္လည္း အရာမထင္ခဲ့ပါ။

ျမတ္သူရထြန္း ေပ်ာက္ဆုံးခဲ့ၿပီး တလခြဲေက်ာ္အၾကာတြင္ မိသားစု၏ႀကိဳးပမ္းမူေၾကာင့္ ျမတ္သူရထြန္းကို အသက္ရွင္လွ်က္ ျပန္လည္ကယ္တင္ႏိုင္ခဲ့ပါသည္ ။

ျမတ္သူရထြန္းကို ဖ်ာပုံၿမိဳ႕မွ ၂ နာရီခန႔္ သြားရေသာ ငဖ်က္႐ြာရွိ သင္ဇာထြန္း အမည္ရွိ ငါးဒိုင္ တြင္ ေရာက္ရွိေနသည္ဟု သိရသည္ ။ ထိုငါးဒိုင္မွ ပင္လယ္အတြင္းသို႔ ၁၂ နာရီခန႔္သြားရေသာေနရာတြင္ ပင္လယ္အတြင္း ငါးဖမ္းခိုင္းေသာေနရာတြင္ ငါးဖမ္းလုပ္ငန္း လုပ္ကိုင္ခိုင္းထားခဲ့သည္ ။

ျမတ္သူရထြန္း၏ေျပာၾကားခ်က္အရ -

သူပန္းဆိုးတန္းတံတားအနီးထိုင္ေနစဥ္ အမ်ိဳးသမီးတဦးက သူ႔အား တို႔ေဆးျဖင့္တို႔၍ ေခၚေဆာင္သြားခဲ့ေၾကာင္း၊ ‌ေခၚသြားသည့္ေနရာမွာ ဒလၿမိဳ႕ျဖစ္ၿပီး ထိုေန႔ညက ဒလၿမိဳ႕ရွိ အဆိုပါအမ်ိဳးသမီး၏ ေနအိမ္တြင္ အိပ္ခဲ့ရေၾကာင္း၊ ထို႔ေနာက္ အမ်ိဳးသမီး၃ ေယာက္ကသူ႔အား ဖ်ာပုံၿမိဳ႕နယ္ မွ ၂ နာရီခန႔္ကားစီးရေသာ ငဖ်က္ေက်း႐ြာရွိ ငါးဒိုင္တြင္ ေငြ ၇ သိန္းျဖင့္ ေရာင္းစားခဲ့ေၾကာင္း၊ ထိုမွတဆင့္ ပင္လယ္သို႔ပို႔ၿပီး တေန႔လွ်င္ မနက္ ၆ နာရီမွ ေနာက္ေန႔မနက္ ၃ နာရီထိ အတင္းအက်ပ္ခိုင္းေစေၾကာင္း၊ အလုပ္ကိုေသခ်ာမလုပ္လ်င္ ႐ိုက္ႏွက္ခိုင္းေစေၾကာင္း ၊ အလုပ္ဦးစီးသူမ်ားက "ခိုင္း‌မေကာင္းရင္ ပင္လယ္ထဲ ကန္ခ်မွာ ၊ ဒီမွာ ကန္ခ်လိုက္လို႔ ဘယ္သူမွမသိဘူး " ဟု ေျပာေၾကာင္း ၊ ျမတ္သူရထြန္းမွာ ဒဏ္ရာမ်ားစြာရရွိေနသည့္အတြက္ ေနာက္ ၃ ရက္ေနလို႔ ‌အလုပ္မလုပ္နိင္ရင္ ပင္လယ္ထဲ ကန္ခ်မည္ဟု ၿခိမ္းေျခာက္ေၾကာင္း သူ၏ျဖစ္စဥ္ကို စကားေျပာႏိုင္သေလာက္ ေျပာၾကားခဲ့သည္ ။

မိသားစုမွ အဆိုပါ ငါးဒိုင္သို႔ေရာက္ရွိခဲ့ရာတြင္ "ပြဲစား ယူသြားသည့္ ၇ သိန္းကို ျပန္ေပးရမည္ ၊ မည္သည့္ေနရာမွ တိုင္ျခင္းမျပဳရ" ဟုေျပာဆိုၿပီး မိသားစုက ေငြ၇သိန္း ေပးလိုက္မွ ျပန္လည္ထည့္ေပးလိုက္သည္ ။

သူႏွင့္ အတူ ေရာင္းစားခံထားရသည္ဟု ယူဆရသူ ၂ ဦး ပင္လယ္တြင္ က်န္ခဲ့ေသးသည္ဟုသိရသည္ ။

ျမတ္သူရထြန္းကို ယခုအခါရန္ကုန္သို႔ေခၚေဆာင္ၿပီး ေမဓါဝီေဆး႐ုံတြင္ ပို႔ေဆာင္ထားပါသည္ ။ လက္က်ိဳးျခင္း လမ္းမေလွ်ာက္ႏိုင္ျခင္း ထိုးႀကိတ္ခံထားရေသာ ဒဏ္ရာမ်ား ခႏၶာကိုယ္အႏွံ႔ေတြ႕ရွိရပါသည္ ။

ယခုအခါ သက္ဆိုင္ရာသို႔တိုင္တန္းထားၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္ တာဝန္ရွိသူမ်ားအေနျဖင့္ မဆိုင္းမတြျဖင့္ (၁)ပင္လယ္တြင္က်န္ခဲ့ေသာသူမ်ားကို ကယ္ဆယ္ရန္ (၂)ျပစ္မူက်ဴးလြန္သူမ်ားကို အျမန္ဆုံးဖမ္းဆီးအေရးယူရန္ လုပ္ေဆာင္ဖို႔ ေလးေလးနက္နက္တိုက္တြန္းလိုက္ပါသည္ ။

မိသားစုထံေမးျမန္းႏိုင္ရန္ဖုန္း - 09 772068318 ဟု Future The DAGON လူမႈကြန္ယက္ စာမ်က္ႏွာတြင္ ေဖာ္ျပထားၿပီး သက္ဆိုင္ရာမွ တရားမဝင္ လူကုန္ကူးမႈမ်ားကို ေဖာ္ထုတ္ၿပီး ဒုကၡေရာက္ေနသူမ်ားအား ကူညီေဆာင္႐ြက္ေပးႏိုင္ေစရန္ ေဖာ္ျပအပ္ပါသည္

Credit:popolay


Unicodeဖြင့်ဖတ်ရန်

တက္ကသိုလ်ကျောင်းသားတစ်ဦး “တို့ဆေး” မိပြီး ငါးဖမ်းစက်လှေပေါ် ရောင်းစားခံရ

“တို့ဆေး” ဆိုတာကို လူတိုင်းကြားဖူးကြမှာပါ၊ ဒါပေမယ့် ကိုယ်တိုင်မကြုံဘူးရင်တော့ ယုံဖို့ခက်ခဲပါလိမ့်မယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ နှစ်လကြာ ပျောက်ဆုံးနေခဲ့သောဒဂုံတက္ကသိုလ်က သမိုးမေဂျာနောက်ဆုံးနှစ် ကျောင်းသားတစ်ဦးကို မိဘဆွေမျိုးများက ဖျာပုံမြို့နယ်အတွင်းရှိ ငါးဖျက်ကျေးရွာ ငါးဒိုင်တွင် ငွေ ၇ သိန်းနှင့် သွားပြန်ရွေးရသော ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။

အောက်တိုဘာလ ၂ ရက်နေ့ နေ့လယ်တွင် ဒဂုံတက္ကသိုလ် သမိုင်းဌာန နောက်ဆုံးနှစ်ကျောင်းသား မြတ်သူရထွန်း သည် နေအိမ်မှ ရန်ကုန်ထဲသို့ သွားခဲ့ပြီး အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါသည်။

လက်ကိုင်ဖုန်း ပိတ်ထားပြီး Facebook Messenger များမှ အဆက်အသွယ်မရရှိခဲ့ပါ ။ ထိုအချိန်မှစ၍ မိသားစုက ရဲစခန်းများတွင် အမူဖွင့်၍ ကြိုးစားရှာဖွေခဲ့သော်လည်း အရာမထင်ခဲ့ပါ။

မြတ်သူရထွန်း ပျောက်ဆုံးခဲ့ပြီး တလခွဲကျော်အကြာတွင် မိသားစု၏ကြိုးပမ်းမူကြောင့် မြတ်သူရထွန်းကို အသက်ရှင်လျှက် ပြန်လည်ကယ်တင်နိုင်ခဲ့ပါသည် ။

မြတ်သူရထွန်းကို ဖျာပုံမြို့မှ ၂ နာရီခန့် သွားရသော ငဖျက်ရွာရှိ သင်ဇာထွန်း အမည်ရှိ ငါးဒိုင် တွင် ရောက်ရှိနေသည်ဟု သိရသည် ။ ထိုငါးဒိုင်မှ ပင်လယ်အတွင်းသို့ ၁၂ နာရီခန့်သွားရသောနေရာတွင် ပင်လယ်အတွင်း ငါးဖမ်းခိုင်းသောနေရာတွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခိုင်းထားခဲ့သည် ။

မြတ်သူရထွန်း၏ပြောကြားချက်အရ -

သူပန်းဆိုးတန်းတံတားအနီးထိုင်နေစဉ် အမျိုးသမီးတဦးက သူ့အား တို့ဆေးဖြင့်တို့၍ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ‌ခေါ်သွားသည့်နေရာမှာ ဒလမြို့ဖြစ်ပြီး ထိုနေ့ညက ဒလမြို့ရှိ အဆိုပါအမျိုးသမီး၏ နေအိမ်တွင် အိပ်ခဲ့ရကြောင်း၊ ထို့နောက် အမျိုးသမီး၃ ယောက်ကသူ့အား ဖျာပုံမြို့နယ် မှ ၂ နာရီခန့်ကားစီးရသော ငဖျက်ကျေးရွာရှိ ငါးဒိုင်တွင် ငွေ ၇ သိန်းဖြင့် ရောင်းစားခဲ့ကြောင်း၊ ထိုမှတဆင့် ပင်လယ်သို့ပို့ပြီး တနေ့လျှင် မနက် ၆ နာရီမှ နောက်နေ့မနက် ၃ နာရီထိ အတင်းအကျပ်ခိုင်းစေကြောင်း၊ အလုပ်ကိုသေချာမလုပ်လျင် ရိုက်နှက်ခိုင်းစေကြောင်း ၊ အလုပ်ဦးစီးသူများက "ခိုင်း‌မကောင်းရင် ပင်လယ်ထဲ ကန်ချမှာ ၊ ဒီမှာ ကန်ချလိုက်လို့ ဘယ်သူမှမသိဘူး " ဟု ပြောကြောင်း ၊ မြတ်သူရထွန်းမှာ ဒဏ်ရာများစွာရရှိနေသည့်အတွက် နောက် ၃ ရက်နေလို့ ‌အလုပ်မလုပ်နိင်ရင် ပင်လယ်ထဲ ကန်ချမည်ဟု ခြိမ်းခြောက်ကြောင်း သူ၏ဖြစ်စဉ်ကို စကားပြောနိုင်သလောက် ပြောကြားခဲ့သည် ။

မိသားစုမှ အဆိုပါ ငါးဒိုင်သို့ရောက်ရှိခဲ့ရာတွင် "ပွဲစား ယူသွားသည့် ၇ သိန်းကို ပြန်ပေးရမည် ၊ မည်သည့်နေရာမှ တိုင်ခြင်းမပြုရ" ဟုပြောဆိုပြီး မိသားစုက ငွေ၇သိန်း ပေးလိုက်မှ ပြန်လည်ထည့်ပေးလိုက်သည် ။

သူနှင့် အတူ ရောင်းစားခံထားရသည်ဟု ယူဆရသူ ၂ ဦး ပင်လယ်တွင် ကျန်ခဲ့သေးသည်ဟုသိရသည် ။

မြတ်သူရထွန်းကို ယခုအခါရန်ကုန်သို့ခေါ်ဆောင်ပြီး မေဓါဝီဆေးရုံတွင် ပို့ဆောင်ထားပါသည် ။ လက်ကျိုးခြင်း လမ်းမလျှောက်နိုင်ခြင်း ထိုးကြိတ်ခံထားရသော ဒဏ်ရာများ ခန္ဓာကိုယ်အနှံ့တွေ့ရှိရပါသည် ။

ယခုအခါ သက်ဆိုင်ရာသို့တိုင်တန်းထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများအနေဖြင့် မဆိုင်းမတွဖြင့် (၁)ပင်လယ်တွင်ကျန်ခဲ့သောသူများကို ကယ်ဆယ်ရန် (၂)ပြစ်မူကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးအရေးယူရန် လုပ်ဆောင်ဖို့ လေးလေးနက်နက်တိုက်တွန်းလိုက်ပါသည် ။

မိသားစုထံမေးမြန်းနိုင်ရန်ဖုန်း - 09 772068318 ဟု Future The DAGON လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားပြီး သက်ဆိုင်ရာမှ တရားမဝင် လူကုန်ကူးမှုများကို ဖော်ထုတ်ပြီး ဒုက္ခရောက်နေသူများအား ကူညီဆောင်ရွက်ပေးနိုင်စေရန် ဖော်ပြအပ်ပါသည်


Credit:popolay

မှတ်ချက်များ