Zawgyiျဖင့္ဖတ္ရန္
21.11.2019 နံနက္(9:00)ခန္႔မွစၿပီး က်ိဳက္မေရာၿမိဳ႕နယ္ပိုင္ က်ိဳက္ပရံေက်း႐ြာ ေျမာက္ပိုင္း မီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီး ေနအိမ္(၁၁)လုံး လုံး မီးေလာင္ဆုံးရႈံးခဲ့ပါတယ္။ေနအိမ္ေတြက ကပ္ေနေတာ့ လ်င္ျမန္စြာ မီးကူးစက္ေလာင္ကြၽမ္းၿပီး ဆုံးရႈံးမႈမ်ားခဲ့ပါတယ္။
မီးေလာင္မႈျဖစ္ပြားရာသို႔ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ခ႐ိုင္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္၊က်ိဳက္မေရာၿမိဳ႕နယ္၊မုဒုံၿမိဳ႕နယ္တို႔မွ သေႏၶ/အရံ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ေမာ္လၿမိဳင္ၿမိဳ႕ေပၚမွ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မ်ား၊ က်ိဳက္မေရာၿမိဳ႕နယ္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မ်ားမွ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ ကူညီပူးေပါင္း ၿငိမ္းသတ္ေပးခဲ့ပါသည္။
မီးၿငိမ္းသတ္စဥ္ ထိခိုက္ဒဏ္ရာရသူမ်ားကိုလည္း လူမႈကယ္ဆယ္ေရး အဖြဲ႕မ်ားႏွင့္ ၾကက္ေျခနီတပ္ဖြဲ႕ဝင္မ်ားမွလည္း ေဆးဝါးထည့္ ကူညီ ေဆာင္႐ြက္ေပးခဲ့ပါသည္။
Unicode ဖြင့်ဖတ်ရန်

21.11.2019 နံနက်(9:00)ခန့်မှစပြီး ကျိုက်မရောမြို့နယ်ပိုင် ကျိုက်ပရံကျေးရွာ မြောက်ပိုင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်(၁၁)လုံး လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။နေအိမ်တွေက ကပ်နေတော့ လျင်မြန်စွာ မီးကူးစက်လောင်ကျွမ်းပြီး ဆုံးရှုံးမှုများခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားရာသို့ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ကျိုက်မရောမြို့နယ်၊မုဒုံမြို့နယ်တို့မှ သန္ဓေ/အရံ မီးသတ်တပ်ဖွဲ့ဝင်များ၊မော်လမြိုင်မြို့ပေါ်မှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၊ ကျိုက်မရောမြို့နယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကူညီပူးပေါင်း ငြိမ်းသတ်ပေးခဲ့ပါသည်။
မီးငြိမ်းသတ်စဉ် ထိခိုက်ဒဏ်ရာရသူများကိုလည်း လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှလည်း ဆေးဝါးထည့် ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။
Share From thee Say Chin

မှတ်ချက်များ