သင့္ဘဝကုိဖ်က္လိုဖ်က္ဆီးလုပ္မယ့္ ခ်စ္သူမ်ဳိးကိုလက္တဲြျဖဳတ္ဖုိ႔ ခက္ခဲေနလား


Zawgyiျဖင့္ဖတ္ရန္

လူေတြက ထူးဆန္းတယ္။ ေကာင္းတဲ့လူဆို ႐ွိတယ္လို႔ေတာင္ မသတ္မွတ္ဘူး။ ကိုယ့္အေပၚဆိုးသြမ္းျပီး မ်က္ရည္က်ေအာင္လုပ္တဲ့လူမ်ဳိးမွ ပိုျပီးစဲြလန္းေနတတ္ၾကတယ္။ မိသားစုမွာလိမၼာတဲ့သားသမီးထက္ ဆိုးတဲ့သားသမီးကို မိဘေတြပိုုခ်စ္ၾကသလိုေပါ့။

သမီးရည္စားစံုတဲြေတြမွာလည္း ကိုယ့္အေပၚခ်စ္ေပး ၊ နားလည္ေပးေနတဲ့လူကို မျမင္ဘူး။
မ်က္ရည္က်ေအာင္လုပ္မယ့္လူကိုပဲ တမ္းတမ္းစဲြခ်စ္မိေနၾကျပန္တယ္။ သင့္အေပၚဆိုးလို႔ရမွန္းသိေတာ့ ဆိုးတာမဆန္းပါဘူး။ အဓိက သင္ကသူဆုိးေအာင္ အားေပးအားေျမာက္လုပ္သလိုျဖစ္ေနတာပါ။

ခ်စ္ရင္ အလိုလုိက္မိၾကတာ အားလံုးပါပဲ။ ဒါေပမယ့္အခ်စ္ေၾကာင့္ ဘဝၾကီး စံုလံုးမကန္းပါေစနဲ႔။တကယ္ခ်စ္ဖူးတဲ့ လူတုိင္းကို ကိုယ္ခ်င္းစာပါတယ္။ သူမ႐ွိရင္ ငါဘယ္လိုေနရမလဲဆိုတဲ့ အေတြးၾကီးက သင့္ကို ေသြးပ်က္ေစပါလိမ့္မယ္။ ဒီေတာ့ သူ႐ွိေတာ့ေရာ သင္ေပ်ာ္ရလို႔လား.. သူ႔ရဲ႕အခ်စ္ေတြက သင့္အတြက္ ေႏြးေထြးေစရဲ႕လား ။ အဲ့ဒီလိုမဟုတ္ရင္ သင့္အခ်စ္ေတြေပးေနဖို႔ေရာ ထိုက္တန္ရဲ႕လား။

တစ္ဖက္သတ္ဆန္တဲ့ အခ်စ္ဟာ အျမဲတမ္း စိတ္ဒုကၡေတြပဲရေစမွာပါ။လူတုိင္း အခ်စ္ခံခ်င္ၾကပါတယ္။ သင့္ကိုေႏြးေထြးတဲ့ အခ်စ္ေတြေပးႏုိင္မယ့္ လူတစ္ေယာက္က သင့္ကိုေစာင့္ေနတယ္ဆိုရင္ေရာ … တစ္ဘဝလံုး စိတ္ခ်မ္းခ်မ္းသာသာနဲ႔ အခ်စ္ခံျပီးေနသြားမလား ။ ကိုယ့္ကုိ႐ွိတယ္လို႔ေတာင္ မထင္တဲ့ခ်စ္သူမ်ဳိးနဲ႔ စိတ္ဆင္းရဲခံေရွ႔ဆက္မလားဆုိတာ …

မွန္ကန္စြာ ေရြးခ်ယ္ဆံုးျဖတ္တတ္ပါေစ…

Credit:trend Myanmar

Unicodeဖြင့်ဖတ်ရန်

သင့်ဘဝကိုဖျက်လိုဖျက်ဆီးလုပ်မယ့် ချစ်သူမျိုးကိုလက်တွဲဖြုတ်ဖို့ ခက်ခဲနေလား

လူတွေက ထူးဆန်းတယ်။ ကောင်းတဲ့လူဆို ရှိတယ်လို့တောင် မသတ်မှတ်ဘူး။ ကိုယ့်အပေါ်ဆိုးသွမ်းပြီး မျက်ရည်ကျအောင်လုပ်တဲ့လူမျိုးမှ ပိုပြီးစွဲလန်းနေတတ်ကြတယ်။ မိသားစုမှာလိမ္မာတဲ့သားသမီးထက် ဆိုးတဲ့သားသမီးကို မိဘတွေပိုချစ်ကြသလိုပေါ့။

သမီးရည်စားစုံတွဲတွေမှာလည်း ကိုယ့်အပေါ်ချစ်ပေး ၊ နားလည်ပေးနေတဲ့လူကို မမြင်ဘူး။
မျက်ရည်ကျအောင်လုပ်မယ့်လူကိုပဲ တမ်းတမ်းစွဲချစ်မိနေကြပြန်တယ်။ သင့်အပေါ်ဆိုးလို့ရမှန်းသိတော့ ဆိုးတာမဆန်းပါဘူး။ အဓိက သင်ကသူဆိုးအောင် အားပေးအားမြောက်လုပ်သလိုဖြစ်နေတာပါ။

ချစ်ရင် အလိုလိုက်မိကြတာ အားလုံးပါပဲ။ ဒါပေမယ့်အချစ်ကြောင့် ဘဝကြီး စုံလုံးမကန်းပါစေနဲ့။တကယ်ချစ်ဖူးတဲ့ လူတိုင်းကို ကိုယ်ချင်းစာပါတယ်။ သူမရှိရင် ငါဘယ်လိုနေရမလဲဆိုတဲ့ အတွေးကြီးက သင့်ကို သွေးပျက်စေပါလိမ့်မယ်။ ဒီတော့ သူရှိတော့ရော သင်ပျော်ရလို့လား.. သူ့ရဲ့အချစ်တွေက သင့်အတွက် နွေးထွေးစေရဲ့လား ။ အဲ့ဒီလိုမဟုတ်ရင် သင့်အချစ်တွေပေးနေဖို့ရော ထိုက်တန်ရဲ့လား။

တစ်ဖက်သတ်ဆန်တဲ့ အချစ်ဟာ အမြဲတမ်း စိတ်ဒုက္ခတွေပဲရစေမှာပါ။လူတိုင်း အချစ်ခံချင်ကြပါတယ်။ သင့်ကိုနွေးထွေးတဲ့ အချစ်တွေပေးနိုင်မယ့် လူတစ်ယောက်က သင့်ကိုစောင့်နေတယ်ဆိုရင်ရော … တစ်ဘဝလုံး စိတ်ချမ်းချမ်းသာသာနဲ့ အချစ်ခံပြီးနေသွားမလား ။ ကိုယ့်ကိုရှိတယ်လို့တောင် မထင်တဲ့ချစ်သူမျိုးနဲ့ စိတ်ဆင်းရဲခံရှေ့ဆက်မလားဆိုတာ …

မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်တတ်ပါစေ…


Credit:trend Myanmar

မှတ်ချက်များ