သင့္ခ်စ္သူမွာ ဒီလိုအက်င့္ေကာင္းေလးေတြရွိေနမယ္ဆုိရင္ သူ႕ကိုလံုး၀လက္မလႊတ္သင့္


Zawgyiျဖင့္ဖတ္ရန္

တြဲလက္ေတြျမဲေစဖုိ႕နဲ႕ သူ႕ကို ကိုယ့္ေဘးမွာပဲအျမဲရွိေနဖုိ႕ သူ႕ဆီမွာ ဒီလိုေကာင္းမြန္တဲ့အက်င့္ေတြရွိေနသလား တစ္ခ်က္စဥ္းစားၾကည့္လုိက္ပါ။ အေျဖက YES ဆုိရင္ေတာ့ သင္ဟာ ဘ၀အတြက္ ျပီးျပည့္စံုတဲ့ အေဖာ္မြန္ေကာင္းကို ပိုင္ဆုိင္ႏိုင္ဖုိ႕အတြက္ အခြင့္အေရးေတြ ရွိေနျပီဆုိတာပါပဲ။ ေကာင္းမြန္တဲ့ အက်င့္ဆုိတာ ဘာေတြမ်ားလဲ တစ္ခ်က္ၾကည့္ရေအာင္။

၁။ သင့္မနက္စာဟာ ဘယ္လုိမ်ိဳးလဲဆုိတာ သူအလြတ္ရေနျပီ။ သင္စားေနက်အစားအစာေတြက ဘာဆုိတာလည္း သူသိေနျပီ။

၂။ သူဘယ္မွာ ဘာလုပ္ေနသလဲ၊ ဘယ္သူနဲ႕ရွိေနသလဲဆုိတာ သင့္ကိုအျမဲအသိေပးတတ္တယ္။

၃။ သင့္ကို အျမဲဂရုစိုက္ေပးတယ္။ အခ်ိန္ေတြၾကာေအာင္ တြဲလာေပမယ့္ ဂရုစိုက္ေပးတတ္တဲ့အက်င့္ကေတာ့ ေျပာင္းမသြားဘူး။

၄။ သင္ ဒီေန႕အဆင္ေျပသလား၊ သူ႕ဘက္ကလည္း အေျခအေနဘယ္လိုရွိတယ္ဆုိတာ သင့္ကိုအျမဲေမးျမန္းစူစမ္းတတ္တယ္။

၅။ သူက ကေလးခ်စ္တတ္သလို ကေလးေတြနဲ႕လည္း အရမ္းအဆင္ေျပတယ္။

၆။ သင့္အတြက္ဆုိ ဘယ္ေလာက္အလုပ္ရႈပ္ေနပါေစ အခ်ိန္ရွိျပီးသားပဲ။

၇။ ဖုန္းေခၚတာ၊ message ပို႕တာမ်ိဳးေတြလည္း မပ်က္ကြက္ဘူး။

၈။ ရည္းစားေဟာင္းနဲ႕ ျပန္ဆက္သြယ္တာမ်ိဳး မရွိဘူး။

၉။ သူက မေမ်ွာ္လင့္ပဲ သင့္အတြက္ လက္ေဆာင္ေလးေတြ၊ စားစရာေတြလည္း ၀ယ္လာတတ္တယ္။

၁၀။ ႏွစ္ဦးသားအမွတ္တရေန႕ေတြကို မေမ့တတ္သလို သင့္ကို လက္ေဆာင္လည္း အျမဲေပးတတ္တယ္။

၁၁။ သူသေဘာက်တဲ့ အားကစားတစ္ခုခုၾကည့္ေနရရင္ ကေလးတစ္ေယာက္လိုပဲ ေအာ္ခ်င္ေအာ္၊ ရယ္ေမာခ်င္ရယ္ေမာေနတတ္တယ္။

၁၂။ သူ႕ရဲ႕ ငယ္သူငယ္ခ်င္းေတြနဲ႕လည္း အဆက္အသြယ္မျပတ္သလို သင့္ကိုလည္း သူတုိ႕နဲ႕မိတ္ဆက္ေပးတယ္။

၁၃။ စားေသာက္ဆုိင္က waiter ေတြ၊ အျခားကိုယ့္ထက္ ရာထူးနိမ့္တဲ့သူ၊ ဘယ္သူ႕ကိုမဆုိ ယဥ္ယဥ္ေက်းေက်းဆက္ဆံေျပာဆုိတတ္တယ္။

၁၄။ သူဟာ ရင့္က်က္တဲ့သူလုိ႕ သင္ထင္ျမင္တယ္။

၁၅။ သင့္ကိုအနည္းဆံုးတစ္ေန႕တစ္ၾကိမ္ေတာ့ ရယ္ေမာေအာင္ သူလုပ္ႏိုင္တယ္။

၁၆။ သင္စိတ္တိုေဒါသထြက္ေနတဲ့အခါ သူဘယ္လို သင့္ကိုကုိင္တြယ္ရမယ္ဆုိတာ သိတယ္။

၁၇။ သင့္အားသာခ်က္၊ အားနည္းခ်က္ေတြကို နားလည္ျပီး ခ်စ္ေပးတယ္။

ကဲ သင့္ခ်စ္သူေကာင္ေလးဆီမွာ အေပၚက အခ်က္ေတြနဲ႕ တုိက္ဆုိင္တဲ့အက်င့္မ်ိဳဳး ဘယ္ေလာက္မ်ားမ်ားရွိမလဲ၊ ဒါမွမဟုတ္ အားလံုးပဲရွိေနမလား ဆုိတာ ျပန္စဥ္းစားျပီး သူ႕ကို ကိုယ့္ေဘးနားမွာ ဆက္ထားမလား၊ ဘုိင္ဘုိင္လုိ႕ေျပာဖုိ႕ အခ်ိန္လားဆုိတာ ဆံုးျဖတ္လိုက္ပါ။

Ref:yourtango

Credit:trend Myanmar

Unicodeဖြင့်ဖတ်ရန်

သင့်ချစ်သူမှာ ဒီလိုအကျင့်ကောင်းလေးတွေရှိနေမယ်ဆိုရင် သူ့ကိုလုံးဝလက်မလွှတ်သင့်

တွဲလက်တွေမြဲစေဖို့နဲ့ သူ့ကို ကိုယ့်ဘေးမှာပဲအမြဲရှိနေဖို့ သူ့ဆီမှာ ဒီလိုကောင်းမွန်တဲ့အကျင့်တွေရှိနေသလား တစ်ချက်စဉ်းစားကြည့်လိုက်ပါ။ အဖြေက YES ဆိုရင်တော့ သင်ဟာ ဘဝအတွက် ပြီးပြည့်စုံတဲ့ အဖော်မွန်ကောင်းကို ပိုင်ဆိုင်နိုင်ဖို့အတွက် အခွင့်အရေးတွေ ရှိနေပြီဆိုတာပါပဲ။ ကောင်းမွန်တဲ့ အကျင့်ဆိုတာ ဘာတွေများလဲ တစ်ချက်ကြည့်ရအောင်။

၁။ သင့်မနက်စာဟာ ဘယ်လိုမျိုးလဲဆိုတာ သူအလွတ်ရနေပြီ။ သင်စားနေကျအစားအစာတွေက ဘာဆိုတာလည်း သူသိနေပြီ။

၂။ သူဘယ်မှာ ဘာလုပ်နေသလဲ၊ ဘယ်သူနဲ့ရှိနေသလဲဆိုတာ သင့်ကိုအမြဲအသိပေးတတ်တယ်။

၃။ သင့်ကို အမြဲဂရုစိုက်ပေးတယ်။ အချိန်တွေကြာအောင် တွဲလာပေမယ့် ဂရုစိုက်ပေးတတ်တဲ့အကျင့်ကတော့ ပြောင်းမသွားဘူး။

၄။ သင် ဒီနေ့အဆင်ပြေသလား၊ သူ့ဘက်ကလည်း အခြေအနေဘယ်လိုရှိတယ်ဆိုတာ သင့်ကိုအမြဲမေးမြန်းစူစမ်းတတ်တယ်။

၅။ သူက ကလေးချစ်တတ်သလို ကလေးတွေနဲ့လည်း အရမ်းအဆင်ပြေတယ်။

၆။ သင့်အတွက်ဆို ဘယ်လောက်အလုပ်ရှုပ်နေပါစေ အချိန်ရှိပြီးသားပဲ။

၇။ ဖုန်းခေါ်တာ၊ message ပို့တာမျိုးတွေလည်း မပျက်ကွက်ဘူး။

၈။ ရည်းစားဟောင်းနဲ့ ပြန်ဆက်သွယ်တာမျိုး မရှိဘူး။

၉။ သူက မမျှော်လင့်ပဲ သင့်အတွက် လက်ဆောင်လေးတွေ၊ စားစရာတွေလည်း ဝယ်လာတတ်တယ်။

၁၀။ နှစ်ဦးသားအမှတ်တရနေ့တွေကို မမေ့တတ်သလို သင့်ကို လက်ဆောင်လည်း အမြဲပေးတတ်တယ်။

၁၁။ သူသဘောကျတဲ့ အားကစားတစ်ခုခုကြည့်နေရရင် ကလေးတစ်ယောက်လိုပဲ အော်ချင်အော်၊ ရယ်မောချင်ရယ်မောနေတတ်တယ်။

၁၂။ သူ့ရဲ့ ငယ်သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်မပြတ်သလို သင့်ကိုလည်း သူတို့နဲ့မိတ်ဆက်ပေးတယ်။

၁၃။ စားသောက်ဆိုင်က waiter တွေ၊ အခြားကိုယ့်ထက် ရာထူးနိမ့်တဲ့သူ၊ ဘယ်သူ့ကိုမဆို ယဉ်ယဉ်ကျေးကျေးဆက်ဆံပြောဆိုတတ်တယ်။

၁၄။ သူဟာ ရင့်ကျက်တဲ့သူလို့ သင်ထင်မြင်တယ်။

၁၅။ သင့်ကိုအနည်းဆုံးတစ်နေ့တစ်ကြိမ်တော့ ရယ်မောအောင် သူလုပ်နိုင်တယ်။

၁၆။ သင်စိတ်တိုဒေါသထွက်နေတဲ့အခါ သူဘယ်လို သင့်ကိုကိုင်တွယ်ရမယ်ဆိုတာ သိတယ်။

၁၇။ သင့်အားသာချက်၊ အားနည်းချက်တွေကို နားလည်ပြီး ချစ်ပေးတယ်။

ကဲ သင့်ချစ်သူကောင်လေးဆီမှာ အပေါ်က အချက်တွေနဲ့ တိုက်ဆိုင်တဲ့အကျင့်မျိုုး ဘယ်လောက်များများရှိမလဲ၊ ဒါမှမဟုတ် အားလုံးပဲရှိနေမလား ဆိုတာ ပြန်စဉ်းစားပြီး သူ့ကို ကိုယ့်ဘေးနားမှာ ဆက်ထားမလား၊ ဘိုင်ဘိုင်လို့ပြောဖို့ အချိန်လားဆိုတာ ဆုံးဖြတ်လိုက်ပါ။

Ref:yourtango

Credit:trend Myanmar

မှတ်ချက်များ