၂၀၁၉ ခုႏွစ္အတြင္းမွာ ပရိသတ္ေတြၾကား နာမည္ေက်ာ္လာၾကတဲ့ ျမန္မာအႏုပညာရွင္မ်ား


Zawgyiျဖင့္ဖတ္ရန္

၂၀၁၉ ခုႏွစ္ထဲမွာေတာ့ အႏုပညာရွင္အသစ္ေတြ ေျမာက္မ်ားစြာ ထြက္ေပၚခဲ့ပါတယ္။ သူတို႕ေတြကေတာ့ အႏုပညာေလာကထဲမွာ ေနရာတစ္ခုကို ရရွိဖို႔နဲ႔ ပရိသတ္ရဲ႕ အားေပးလက္ခံမႈေတြရရွိဖို႔အတြက္ ႀကိဳးစားအားထုတ္မႈေတြကိုလည္း အၿပိဳင္အဆိုင္ျပဳလုပ္ခဲ့ၾကရတာျဖစ္ပါတယ္။တခ်ိဳ႕ေသာ အႏုပညာရွင္ေတြကလည္း အရင့္အရင္ကတည္းက အနုပညာေလာကထဲ ရပ္တည္လာၾကၿပီး ၂၀၁၉ ခုႏွစ္ကေတာ့ သူတို႕အတြက္ စန္းအတက္ဆံုး ႏွစ္တစ္ႏွစ္ျဖစ္ခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္အတြင္းမွာ လူသိမ်ားေက်ာ္ၾကားလာတဲ့ အႏုပညာရွင္ေတြကို ေဖၚျပေပးလိုက္ပါတယ္။

ရွိန္းတင္ထူး

သူကေတာ့ Tik Tok အသံုးျပဳသူေတြၾကားထဲမွာ နာမည္ႀကီးတဲ့သူတစ္ေယာက္ျဖစ္ၿပီး ဒီႏွစ္ထဲမွာ ပရိသတ္ေတြၾကား နာမည္အႀကီးဆံုး ရုပ္ရွင္ကားျဖစ္တဲ့ “တစိမ္းအိမ္” မွာပါဝင္ခဲ့ၿပီးေနာက္မွာေတာ့ တဟုန္တိုး နာမည္ႀကီးလာခဲ့တာျဖစ္ပါတယ္။

ကူးကူးဇင္ေအာင္

“တစိမ္းအိမ္” ရုပ္ရွင္ကားမွာ သူမရဲ႕ သရုပ္ေဆာင္ခ်က္ေတြကေတာ့ ပရိသတ္ေတြ ထင္မထားေလာက္ေအာင္ ေကာင္းလြန္းေနခဲ့တာေၾကာင့္ ပရိသတ္ရဲ႕ အသိအမွတ္ျပဳမႈကို ရရွိခဲ့တာျဖစ္ပါတယ္။ သူမရဲ႕ ရုပ္ရွင္ကားအသစ္ေတြကိုလည္း ပရိသတ္ေတြက ေစာင့္ေမွ်ာ္ေနၾကပါၿပီ။

ဟန္ေနတာ

သူကေတာ့ အရင့္အရင္ကတည္းက သီခ်င္းခ်စ္သူ ပရိသတ္ေတြၾကားမွာ Eternal Gosh Band အဆိုရွင္တစ္ေယာက္အျဖစ္ နာမည္ေက်ာ္ေပမဲ့ FGLiveLounge ပြဲမွာ မိုးမခအိမ္မက္ခရမ္းျပာကို ေဖ်ာ္ေျဖခဲ့တဲ့ ဗီဒီယုိ ေဖစ့္ဘုတ္ေပၚမွာ ပ်ံ႔ႏွံ႔သြားခဲ့တဲ့ေနာက္ ပရိသတ္ေတြၾကား အရင္ကထက္ လူသိမ်ားလာခဲ့တာျဖစ္ပါတယ္။

ေအာင္ရဲထိုက္

သူကေတာ့ “မီ” ရုပ္ရွင္ဇာတ္ကားနဲ႔ ၿပီးခဲ့ႏွစ္ကုန္ပိုင္းေလာက္မွာ လူသိမ်ားလာခဲ့ၿပီး ေပ်ာက္ဆံုးေနေသာ အမွန္တရား ဇာတ္လမ္းတြဲနဲ႔လည္း ပရိသတ္ေတြရဲ႕ ရင္ထဲမွာ ေနရာတစ္ေနရာရရွိခဲ့တာျဖစ္ပါတယ္။ ေအာင္ျမင္လာမယ့္ အႏုပညာရွင္မ်ိဳးဆက္သစ္တစ္ေယာက္လည္းျဖစ္ပါတယ္။

ပိုင္တံခြန္

သူကေတာ့ ျမန္မာပရိသတ္ေတြၾကားမွာ လူသိမ်ားၿပီးသားအႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ထဲမွာေတာ့ ဖိလစ္ပိုင္၊ထိုင္းနဲ႔ ကေမၻာဒီးယား ႏိုင္ငံအထိပါ လူသိမ်ားသြားခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ထိုင္းႏိုင္ငံမွာ အႏုပညာလႈပ္ရွားမႈေတြ ဆက္တိုက္ျပဳလုပ္ေ္နတာျဖစ္ပါတယ္။

ေဒါင္း

သူကေတာ့ အႏုပညာေလာကထဲမွာ ရွိေနတာအေတာ္ေလးၾကာၿပီျဖစ္ၿပီး ဒီႏွစ္ထဲမွာေတာ့ “လိပ္ျပာစံအိမ္” ရုပ္ရွင္ကားႀကီးနဲ႔ ပရိသတ္ေတြရဲ႕ အားေပးလက္ခံမႈကို ရရွိလာတာျဖစ္ပါတယ္။

ေအာင္ေရခ်မ္း

သူကေတာ့ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလမွာ ပ်ားရည္အိုင္ ဇာတ္လမ္းတြဲနဲ႔ လူသိမ်ားလာခဲ့ၿပီးေနာက္ ပရိသတ္အႀကိဳက္ေတြ႔ခဲ့တဲ့ ဇာတ္လမ္းတြဲျဖစ္တဲ့ “ကၽြန္မက မေဟသီ” ဇာတ္လမ္းတြဲကေတာ့ သူကို ပိုၿပီးေတာ့ ထင္ေပၚေက်ာ္ၾကားသြားေစခဲ့တာျဖစ္ပါတယ္။

April

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

၂၀၁၉ ခုနှစ်အတွင်းမှာ ပရိသတ်တွေကြား နာမည်ကျော်လာကြတဲ့ မြန်မာအနုပညာရှင်များ

၂၀၁၉ ခုနှစ်ထဲမှာတော့ အနုပညာရှင်အသစ်တွေ မြောက်များစွာ ထွက်ပေါ်ခဲ့ပါတယ်။ သူတို့တွေကတော့ အနုပညာလောကထဲမှာ နေရာတစ်ခုကို ရရှိဖို့နဲ့ ပရိသတ်ရဲ့ အားပေးလက်ခံမှုတွေရရှိဖို့အတွက် ကြိုးစားအားထုတ်မှုတွေကိုလည်း အပြိုင်အဆိုင်ပြုလုပ်ခဲ့ကြရတာဖြစ်ပါတယ်။တချို့သော အနုပညာရှင်တွေကလည်း အရင့်အရင်ကတည်းက အနုပညာလောကထဲ ရပ်တည်လာကြပြီး ၂၀၁၉ ခုနှစ်ကတော့ သူတို့အတွက် စန်းအတက်ဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ လူသိများကျော်ကြားလာတဲ့ အနုပညာရှင်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။

ရှိန်းတင်ထူး

သူကတော့ Tik Tok အသုံးပြုသူတွေကြားထဲမှာ နာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပြီး ဒီနှစ်ထဲမှာ ပရိသတ်တွေကြား နာမည်အကြီးဆုံး ရုပ်ရှင်ကားဖြစ်တဲ့ “တစိမ်းအိမ်” မှာပါဝင်ခဲ့ပြီးနောက်မှာတော့ တဟုန်တိုး နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။

ကူးကူးဇင်အောင်

“တစိမ်းအိမ်” ရုပ်ရှင်ကားမှာ သူမရဲ့ သရုပ်ဆောင်ချက်တွေကတော့ ပရိသတ်တွေ ထင်မထားလောက်အောင် ကောင်းလွန်းနေခဲ့တာကြောင့် ပရိသတ်ရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ရုပ်ရှင်ကားအသစ်တွေကိုလည်း ပရိသတ်တွေက စောင့်မျှော်နေကြပါပြီ။

ဟန်နေတာ

သူကတော့ အရင့်အရင်ကတည်းက သီချင်းချစ်သူ ပရိသတ်တွေကြားမှာ Eternal Gosh Band အဆိုရှင်တစ်ယောက်အဖြစ် နာမည်ကျော်ပေမဲ့ FGLiveLounge ပွဲမှာ မိုးမခအိမ်မက်ခရမ်းပြာကို ဖျော်ဖြေခဲ့တဲ့ ဗီဒီယို ဖေစ့်ဘုတ်ပေါ်မှာ ပျံ့နှံ့သွားခဲ့တဲ့နောက် ပရိသတ်တွေကြား အရင်ကထက် လူသိများလာခဲ့တာဖြစ်ပါတယ်။

အောင်ရဲထိုက်

သူကတော့ “မီ” ရုပ်ရှင်ဇာတ်ကားနဲ့ ပြီးခဲ့နှစ်ကုန်ပိုင်းလောက်မှာ လူသိများလာခဲ့ပြီး ပျောက်ဆုံးနေသော အမှန်တရား ဇာတ်လမ်းတွဲနဲ့လည်း ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာရရှိခဲ့တာဖြစ်ပါတယ်။ အောင်မြင်လာမယ့် အနုပညာရှင်မျိုးဆက်သစ်တစ်ယောက်လည်းဖြစ်ပါတယ်။

ပိုင်တံခွန်

သူကတော့ မြန်မာပရိသတ်တွေကြားမှာ လူသိများပြီးသားအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာတော့ ဖိလစ်ပိုင်၊ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံအထိပါ လူသိများသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ေ်နတာဖြစ်ပါတယ်။

ဒေါင်း

သူကတော့ အနုပညာလောကထဲမှာ ရှိနေတာအတော်လေးကြာပြီဖြစ်ပြီး ဒီနှစ်ထဲမှာတော့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိလာတာဖြစ်ပါတယ်။

အောင်ရေချမ်း

သူကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ပျားရည်အိုင် ဇာတ်လမ်းတွဲနဲ့ လူသိများလာခဲ့ပြီးနောက် ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲကတော့ သူကို ပိုပြီးတော့ ထင်ပေါ်ကျော်ကြားသွားစေခဲ့တာဖြစ်ပါတယ်။

April

Credit:Shwemom

မှတ်ချက်များ