အလုပ္ခြင္ေၾကာင့္ ပင္ပန္းေနတဲ့ ဦးေႏွာက္ကို အျမန္ဆုံး ျပန္လန္းဆန္းေစမယ့္ အိမ္တြင္းေဆးစြမ္းေကာင္း




Zawgyi ျဖင့္ဖတ္ရန္

တစ္ေန႔ တစ္ေန႔ မရပ္မနား အလုပ္လုပ္ေနရတဲ့ ကိုယ္ေတြ ဦးေႏွာက္ေလးလည္း သိပ္သနားဖို႔ ေကာင္းပါတယ္ေနာ္..။ ေက်ာင္းစာေတြ အလုပ္ေတြေၾကာင့္ တစ္ခါတစ္ေလ ဦးေႏွာက္ေတြ ထိုင္းမႈိင္းၿပီး စိတ္ညစ္ညဴးၾကတယ္ အခ်ိန္ေတြ ရွိခဲ့ဖူးတယ္ မလား။ အဲ့လိုအခ်ိန္ေတြဆို ဘာမွမလုပ္ခ်င္ပဲ လူက ၿငီးစီစီနဲ႔ ႏုန္းေခြေနတတ္ၾကပါတယ္။ အဲ့ဒါကို ေပ်ာက္ဖို႔ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ေျဖရွင္းၾကေလ့ ရွိပါတယ္။ သီခ်င္းဆိုတာ၊ အျပင္သြားတာ စသျဖင့္ေပါ့။ ဒါေပမဲ့ အဲ့ထက္ လြယ္ကူၿပီး ျမန္ဆန္တဲ့ ေဆးနည္းေကာင္း တစ္ခု ရွိပါတယ္။

ေဆးနည္းကေတာ့ လုပ္ရတာ လြယ္ကူပါတယ္။



လိုအပ္ေသာ ပစၥည္း

ပ်ားရည္
သံပရာသီး
ျပဳလုပ္နည္း

သံပရာသီးကို အကြင္းလိုက္ မထူမပါးေလး လွီးပါ။ ၿပီးလွ်င္ ပ်ားရည္နဲ႔ စိမ္ထားပါ။ ပ်ားရည္စိမ္ထားတဲ့ သံပရာအကြင္းေလးေတြ ႏြမ္းသြားတဲ့အခါ ေဆးအျဖစ္ စားႏိုင္ပါၿပီ။

သုံးစြဲနည္းအၫႊန္း

ပ်ားရည္စိမ္ထားတဲ့ သံပရာအကြင္းေလးေတြကို မနက္ တစ္ခါ ည တစ္ခါ စားေပးႏိုင္သလို ဦးေႏွာက္ မၾကည္လင္တဲ့အခ်ိန္မွာလည္း စားေပးႏိုင္ပါတယ္။ သင့္ဦးေႏွာက္ အျမန္ဆုံး ျပန္လည္ၾကည္လင္လာတာကို ခံစားရမွာပါ။



လြယ္ကူတဲ့ နည္းလမ္းေလး ျဖစ္လို႔ သင့္အတြက္ သင့္ေတာ္တဲ့ အိမ္တြင္းေဆးေကာင္းေလးတစ္ခုပဲ ျဖစ္ပါတယ္ေနာ္..။

Written by Kham


Unicode ဖြင့်ဖတ်ရန်

အလုပ်ခွင်ကြောင့် ပင်ပန်းနေတဲ့ ဦးနှောက်ကို အမြန်ဆုံး ပြန်လန်းဆန်းစေမယ့် အိမ်တွင်းဆေးစွမ်းကောင်း




တစ်နေ့ တစ်နေ့ မရပ်မနား အလုပ်လုပ်နေရတဲ့ ကိုယ်တွေ ဦးနှောက်လေးလည်း သိပ်သနားဖို့ ကောင်းပါတယ်နော်..။ ကျောင်းစာတွေ အလုပ်တွေကြောင့် တစ်ခါတစ်လေ ဦးနှောက်တွေ ထိုင်းမှိုင်းပြီး စိတ်ညစ်ညူးကြတယ် အချိန်တွေ ရှိခဲ့ဖူးတယ် မလား။ အဲ့လိုအချိန်တွေဆို ဘာမှမလုပ်ချင်ပဲ လူက ငြီးစီစီနဲ့ နုန်းခွေနေတတ်ကြပါတယ်။ အဲ့ဒါကို ပျောက်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းကြလေ့ ရှိပါတယ်။ သီချင်းဆိုတာ၊ အပြင်သွားတာ စသဖြင့်ပေါ့။ ဒါပေမဲ့ အဲ့ထက် လွယ်ကူပြီး မြန်ဆန်တဲ့ ဆေးနည်းကောင်း တစ်ခု ရှိပါတယ်။

ဆေးနည်းကတော့ လုပ်ရတာ လွယ်ကူပါတယ်။



လိုအပ်သော ပစ္စည်း

ပျားရည်
သံပရာသီး
ပြုလုပ်နည်း

သံပရာသီးကို အကွင်းလိုက် မထူမပါးလေး လှီးပါ။ ပြီးလျှင် ပျားရည်နဲ့ စိမ်ထားပါ။ ပျားရည်စိမ်ထားတဲ့ သံပရာအကွင်းလေးတွေ နွမ်းသွားတဲ့အခါ ဆေးအဖြစ် စားနိုင်ပါပြီ။

သုံးစွဲနည်းအညွှန်း

ပျားရည်စိမ်ထားတဲ့ သံပရာအကွင်းလေးတွေကို မနက် တစ်ခါ ည တစ်ခါ စားပေးနိုင်သလို ဦးနှောက် မကြည်လင်တဲ့အချိန်မှာလည်း စားပေးနိုင်ပါတယ်။ သင့်ဦးနှောက် အမြန်ဆုံး ပြန်လည်ကြည်လင်လာတာကို ခံစားရမှာပါ။



လွယ်ကူတဲ့ နည်းလမ်းလေး ဖြစ်လို့ သင့်အတွက် သင့်တော်တဲ့ အိမ်တွင်းဆေးကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်နော်..။

Written by Kham


မှတ်ချက်များ