ဆယ္ေက်ာ္သက္အရြယ္က လိင္ပိုင္းဆိုင္ရာေစာ္ကားခံခဲ့ရေျကာင္းေျပာျပလာတဲ့ ေနျခည္ဦး


Zawgyiျဖင့္ဖတ္ရန္
မိန္းကေလး ပရိသတ္မ်ားရဲ႕ အခ်စ္ေတာ္၊တစ္ေယာက္ျဖစ္သလို Beauty By Naychi ရဲ႕ ပဲ့ကိုင္ရွင္တစ္ဦးျဖစ္သလို သ႐ုပ္ေဆာင္တေယာက္လည္း ျဖစ္လာတဲ့ ေနျခည္ဦးကေတာ့ သူ ဆယ္ေက်ာ္သက္အ႐ြယ္တုန္းက လိင္ပိုင္းဆိုင္ရာ အေစာ္ကားခံခဲ့ရတာနဲ့ ပတ္သက္ျပီး ေျပာျပလာခဲ့တာျဖစ္ပါတယ္။
“ေနျခည္ ပြင့္ပြင့္လင္းလင္းေျပာရရင္ ေနျခည္ ၁၂ ႏွစ္၊ ၁၃ ႏွစ္အ႐ြယ္က Sexual Harassment လုပ္ခံခဲ့ရဖူးပါတယ္။ ၾသကၤန္မွာေပါ့။ ေနျခည္တို႔က ငယ္ငယ္က စစ္တပ္ဆိုေတာ့ တိုက္တန္းလ်ားေတြမွာ ေနတာပါ။ ေနျခည္ လမ္းမထြက္ၿပီး ေရပက္တဲ့ အခ်ိန္မွာ ေနျခည့္ေနာက္ကေန ေယာက်္ားတေယာက္က ေနျခည့္တင္ပါးကို ကိုင္ပါတယ္” “စိတ္ထဲမွာ ေၾကာက္သြားတာ။ ဘယ္သူမွန္းလဲ မသိဘူး။ ေနာက္ကို လွည့္မၾကည့္ရဲဘူး။ ဘာလို႔ ဒီလူက ငါ့တင္ပါးကို ကိုင္တာလဲ စဥ္းစားေနတာေပါ့ေနာ္။ အရမ္းငယ္တဲ့အ႐ြယ္ မဟုတ္ဘူး။ အပ်ိဳေဖာ္ဝင္တဲ့ အ႐ြယ္ျဖစ္ေနၿပီ” လို႔ ေနျခည္ဦးက ေျပာပါတယ္။
အဲ့ဒီ အသက္အ႐ြယ္တုန္းက အေနွာက္အယွက္ေပးခဲ့တဲ့သူကိုလည္း ရွက္ေၾကာက္တာေၾကာင့္ မ်က္ႏွာကို မၾကည့္ခဲ့ရဘဲ မိဘေတြကိုလည္း မေျပာရဲတာေၾကာင့္ စိတ္ဒဏ္ရာ ရရွိခဲ့ရတယ္လို႔ ဆိုပါတယ္။ “အဲဒီအခ်ိန္က တကယ္ရွက္တယ္။ လွည့္လည္း မၾကည့္ရဲဘူး။ သူက ၅ မိနစ္ေလာက္ ကိုင္တဲ့အခ်ိန္မွာ ေနျခည္ မခံစားနိုင္ေတာ့ဘူး။ ေနျခည့္ အိမ္ကိုေျပးၿပီး ေနျခည္ ေတာက္ေလွ်ာက္ ငိုခဲ့ရတယ္။ မိဘကိုလည္း မေျပာခဲ့ရဘူး။ ဘယ္လိုေျပာရမွန္း မသိခဲ့ဘူး။ ေနျခည့္အေဖကို ေျပာလိုက္ရင္ သတ္မယ္၊ ျဖတ္မယ္ လုပ္မွာပဲ။
ဒါေပမဲ့ ေနျခည္ ဘယ္သူမွန္းလဲ မသိခဲ့ရဘူး။ အဲဒီ စိတ္ဒဏ္ရာက ၃၊ ၄ႏွစ္ေလာက္ထိ Carry on လုပ္လာပါတယ္”လို႔ ေနျခည္ဦးက ေျပာပါတယ္။ ေနာက္ပိုင္းမွာေတာ့ စာေတြဖတ္ခဲ့ရတဲ့အတြက္ အဆိုပါ အခ်ိန္က လူႀကီးမ်ားကို ျပန္လည္ မေျပာျပခဲ့ျခင္းဟာ သူ႕ရဲ႕လိုအပ္ခ်က္ႀကီးတခုလို ျဖစ္ေနၿပီး ေနာက္ပိုင္းမွာလည္း ေနျခည္ဦးလို ႀကဳံေတြ႕ရတဲ့ ကေလးမ်ားအတြက္ အမ်ားႀကီး ကူညီေပးခ်င္တယ္လို႔ ဆိုပါတယ္။
“၁၆ ႏွစ္၊ ၁၇ ႏွစ္ ေရာက္ေတာ့ စာေတြ ဖတ္ခဲ့ရတယ္။ ေနျခည္ ဒီလို မေျပာဘဲေနခဲ့ရတာက ေနျခည့္ လိုအပ္ခ်က္ေတြေပါ့။ ေနျခည့္ကို သင္ေပးမယ့္သူလည္း မရွိဘူး။ ကေလးေတြမွာ Body Safety ပိုင္းကို သင္ေပးဖို႔ အမ်ားႀကီး လိုအပ္ပါတယ္။ ေနျခည္ ငယ္ငယ္တုန္းက ဘယ္အစိတ္အပိုင္းကို လာကိုင္လို႔မရဘူး ဆိုတာ မသိပါဘူး။ အခုအ႐ြယ္မွာ ရင္ဘတ္ကို လာကိုင္ရင္ ပါး ျပန္ရိုက္မွာပါ”
“ဒါေပမဲ့ ကေလးေတြမွာ ဒီလိုအစိတ္အပိုင္းေတြကို လာကိုင္ရင္ ဘာျပန္လုပ္ရမွန္း မသိပါဘူး။ ကေလးတေယာက္မွာ No လို႔ ေျပာဖို႔အတြက္ ခက္ခဲပါတယ္။ သူတို႔မွာ အေတြ႕အႀကဳံေတြ ဗဟုသုတေတြ မရွိပါဘူး။ ေနျခည္ အမ်ားႀကီး လုပ္ေပးခ်င္ပါတယ္”လို႔ ေနျခည္ဦးက ေျပာျပလာခဲ့ပါတယ္…
Unicodeဖြင့်ဖတ်ရန်

ဆယ်ကျော်သက်အရွယ်က လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရကြောင်းပြောပြလာတဲ့ နေခြည်ဦး

မိန်းကလေး ပရိသတ်များရဲ့ အချစ်တော်၊တစ်ယောက်ဖြစ်သလို Beauty By Naychi ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်သလို သရုပ်ဆောင်တယောက်လည်း ဖြစ်လာတဲ့ နေခြည်ဦးကတော့ သူ ဆယ်ကျော်သက်အရွယ်တုန်းက လိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပြောပြလာခဲ့တာဖြစ်ပါတယ်။
“နေခြည် ပွင့်ပွင့်လင်းလင်းပြောရရင် နေခြည် ၁၂ နှစ်၊ ၁၃ နှစ်အရွယ်က Sexual Harassment လုပ်ခံခဲ့ရဖူးပါတယ်။ သြင်္ကန်မှာပေါ့။ နေခြည်တို့က ငယ်ငယ်က စစ်တပ်ဆိုတော့ တိုက်တန်းလျားတွေမှာ နေတာပါ။ နေခြည် လမ်းမထွက်ပြီး ရေပက်တဲ့ အချိန်မှာ နေခြည့်နောက်ကနေ ယောကျ်ားတယောက်က နေခြည့်တင်ပါးကို ကိုင်ပါတယ်” “စိတ်ထဲမှာ ကြောက်သွားတာ။ ဘယ်သူမှန်းလဲ မသိဘူး။ နောက်ကို လှည့်မကြည့်ရဲဘူး။ ဘာလို့ ဒီလူက ငါ့တင်ပါးကို ကိုင်တာလဲ စဉ်းစားနေတာပေါ့နော်။ အရမ်းငယ်တဲ့အရွယ် မဟုတ်ဘူး။ အပျိုဖော်ဝင်တဲ့ အရွယ်ဖြစ်နေပြီ” လို့ နေခြည်ဦးက ပြောပါတယ်။
အဲ့ဒီ အသက်အရွယ်တုန်းက အနှောက်အယှက်ပေးခဲ့တဲ့သူကိုလည်း ရှက်ကြောက်တာကြောင့် မျက်နှာကို မကြည့်ခဲ့ရဘဲ မိဘတွေကိုလည်း မပြောရဲတာကြောင့် စိတ်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ဆိုပါတယ်။ “အဲဒီအချိန်က တကယ်ရှက်တယ်။ လှည့်လည်း မကြည့်ရဲဘူး။ သူက ၅ မိနစ်လောက် ကိုင်တဲ့အချိန်မှာ နေခြည် မခံစားနိုင်တော့ဘူး။ နေခြည့် အိမ်ကိုပြေးပြီး နေခြည် တောက်လျှောက် ငိုခဲ့ရတယ်။ မိဘကိုလည်း မပြောခဲ့ရဘူး။ ဘယ်လိုပြောရမှန်း မသိခဲ့ဘူး။ နေခြည့်အဖေကို ပြောလိုက်ရင် သတ်မယ်၊ ဖြတ်မယ် လုပ်မှာပဲ။
ဒါပေမဲ့ နေခြည် ဘယ်သူမှန်းလဲ မသိခဲ့ရဘူး။ အဲဒီ စိတ်ဒဏ်ရာက ၃၊ ၄နှစ်လောက်ထိ Carry on လုပ်လာပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။ နောက်ပိုင်းမှာတော့ စာတွေဖတ်ခဲ့ရတဲ့အတွက် အဆိုပါ အချိန်က လူကြီးများကို ပြန်လည် မပြောပြခဲ့ခြင်းဟာ သူ့ရဲ့လိုအပ်ချက်ကြီးတခုလို ဖြစ်နေပြီး နောက်ပိုင်းမှာလည်း နေခြည်ဦးလို ကြုံတွေ့ရတဲ့ ကလေးများအတွက် အများကြီး ကူညီပေးချင်တယ်လို့ ဆိုပါတယ်။
“၁၆ နှစ်၊ ၁၇ နှစ် ရောက်တော့ စာတွေ ဖတ်ခဲ့ရတယ်။ နေခြည် ဒီလို မပြောဘဲနေခဲ့ရတာက နေခြည့် လိုအပ်ချက်တွေပေါ့။ နေခြည့်ကို သင်ပေးမယ့်သူလည်း မရှိဘူး။ ကလေးတွေမှာ Body Safety ပိုင်းကို သင်ပေးဖို့ အများကြီး လိုအပ်ပါတယ်။ နေခြည် ငယ်ငယ်တုန်းက ဘယ်အစိတ်အပိုင်းကို လာကိုင်လို့မရဘူး ဆိုတာ မသိပါဘူး။ အခုအရွယ်မှာ ရင်ဘတ်ကို လာကိုင်ရင် ပါး ပြန်ရိုက်မှာပါ”
“ဒါပေမဲ့ ကလေးတွေမှာ ဒီလိုအစိတ်အပိုင်းတွေကို လာကိုင်ရင် ဘာပြန်လုပ်ရမှန်း မသိပါဘူး။ ကလေးတယောက်မှာ No လို့ ပြောဖို့အတွက် ခက်ခဲပါတယ်။ သူတို့မှာ အတွေ့အကြုံတွေ ဗဟုသုတတွေ မရှိပါဘူး။ နေခြည် အများကြီး လုပ်ပေးချင်ပါတယ်”လို့ နေခြည်ဦးက ပြောပြလာခဲ့ပါတယ်…
Credit: Pandora ( ပဲခူးဆား)

မှတ်ချက်များ