အဖြဲ႕ဓာတ္ပုံထဲမွာ ကေလးသရဲပုံပါလာလုိ႔ ထိတ္လန္႔ေနတဲ့ မိသားစု

Zawgyiျဖင့္ဖတ္ရန္
အဂၤလန္ႏုိ္င္ငံ၊ လီဗာပူးၿမိဳ႕မွာေနထုိင္တဲ့ အသက္(၃၅)ႏွစ္အရြယ္ Emma Johnson အမည္ရ အမ်ိဳးသမီးနဲ႔ သူမရဲ႕သားသမီးေတြဟာ Light Cinema ႐ုပ္ရွင္႐ုံကို သြားေရာက္ၾကည့္႐ႈစဥ္ အမွတ္တရ ဓာတ္ပုံ႐ုိက္ကူးခဲ့ပါတယ္။ ဇာတ္ကား မျပခင္မွာ ဒီဓာတ္ပုံကို ႐ိုက္ကူးခဲ့တာပါ။
အဲဒီ႐ုပ္ရွင္႐ုံဟာ New Brighton အနီးမွာတည္ရွိၿပီး၊ Emma တုိ႔ ဓာတ္ပုံ႐ုိက္စဥ္တုန္းက ေနာက္မွာ ဘာမွမရွိ ျမင္ကြင္းက ရွင္းလင္းေနခဲ့ပါတယ္။ ဒါေပမယ့္ ဓာတ္ပုံကို ျပန္လည္စစ္ေဆးရာမွာေတာ့ ကေလးသရဲလုိ႔ ယူဆရတဲ့ နာနာဘာဝတစ္ေကာင္ကို ျမင္လုိက္ရပါတယ္။
ဓာတ္ပုံထဲမွာေတာ့ သား George (၆)ႏွစ္၊ သမီး Ava (၈)ႏွစ္နဲ႔ ၊ သမီးငယ္ေလး Harper (၇)လတုိ႔ ပါဝင္ခဲ့ပါတယ္။ ေနာက္က ခုံတန္းမွာေတာ့ ကေလးသရဲဟာ ထင္ထင္ရွားရွား ထုိင္ေနတာကို ေတြ႔ရၿပီး၊ Emma အေနနဲ႔လည္း စိတ္ထဲမွာ မရွင္းလင္းလုိ႔ လူမႈကြန္ရက္ေပၚ တင္ခဲ့ပါတယ္။
သူမရဲ႕ ပုိ႔စ္မွာ ေဝဖန္အႀကံျပဳသူေတြ မ်ားစြာ ရွိခဲ့ပါတယ္။ အမ်ားကေတာ့ ကေလးသရဲဟာ လြန္ခဲ့တဲ့အတိတ္က ေရနစ္ေသသြားတဲ့ ေကာင္မေလးျဖစ္ႏုိင္တယ္လုိ႔ မွတ္ခ်က္ေပးၾကပါတယ္။ အဆုိပါကေလးမေလးဟာ ႐ုပ္ရွင္႐ုံအနီးက ေရကန္တစ္ခုမွာ ေရနစ္ေသၿပီး၊ ႐ုပ္ရွင္႐ုံမွာ ကပ္ေနတာလုိ႔ ဆုိၾကပါတယ္။
source : thesun.co.uk
Unicodeဖြင့်ဖတ်ရန်
အဖွဲ့ဓာတ်ပုံထဲမှာ ကလေးသရဲပုံပါလာလို့ ထိတ်လန့်နေတဲ့ မိသားစု

အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့မှာနေထိုင်တဲ့ အသက်(၃၅)နှစ်အရွယ် Emma Johnson အမည်ရ အမျိုးသမီးနဲ့ သူမရဲ့သားသမီးတွေဟာ Light Cinema ရုပ်ရှင်ရုံကို သွားရောက်ကြည့်ရှုစဉ် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ဇာတ်ကား မပြခင်မှာ ဒီဓာတ်ပုံကို ရိုက်ကူးခဲ့တာပါ။
အဲဒီရုပ်ရှင်ရုံဟာ New Brighton အနီးမှာတည်ရှိပြီး၊ Emma တို့ ဓာတ်ပုံရိုက်စဉ်တုန်းက နောက်မှာ ဘာမှမရှိ မြင်ကွင်းက ရှင်းလင်းနေခဲ့ပါတယ်။ ဒါပေမယ့် ဓာတ်ပုံကို ပြန်လည်စစ်ဆေးရာမှာတော့ ကလေးသရဲလို့ ယူဆရတဲ့ နာနာဘာဝတစ်ကောင်ကို မြင်လိုက်ရပါတယ်။
ဓာတ်ပုံထဲမှာတော့ သား George (၆)နှစ်၊ သမီး Ava (၈)နှစ်နဲ့ ၊ သမီးငယ်လေး Harper (၇)လတို့ ပါဝင်ခဲ့ပါတယ်။ နောက်က ခုံတန်းမှာတော့ ကလေးသရဲဟာ ထင်ထင်ရှားရှား ထိုင်နေတာကို တွေ့ရပြီး၊ Emma အနေနဲ့လည်း စိတ်ထဲမှာ မရှင်းလင်းလို့ လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။
သူမရဲ့ ပို့စ်မှာ ဝေဖန်အကြံပြုသူတွေ များစွာ ရှိခဲ့ပါတယ်။ အများကတော့ ကလေးသရဲဟာ လွန်ခဲ့တဲ့အတိတ်က ရေနစ်သေသွားတဲ့ ကောင်မလေးဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးကြပါတယ်။ အဆိုပါကလေးမလေးဟာ ရုပ်ရှင်ရုံအနီးက ရေကန်တစ်ခုမှာ ရေနစ်သေပြီး၊ ရုပ်ရှင်ရုံမှာ ကပ်နေတာလို့ ဆိုကြပါတယ်။
Credit:လင်းသုတ (MyanmarNote)
source : thesun.co.uk

မှတ်ချက်များ