သူမအိမ္ေရွ႕မွာ ရပ္ၿပီး ေစာင့္ၾကည့္ေနတဲ့ မသကၤာစရာလူတစ္ဦးေၾကာင့္ ထိတ္လန႔္ေနရတဲ့ ပိုပို





Zawgyi ျဖင့္ဖတ္ရန္

မေလွ်ာ့တဲ့ လုံ႔လကို အရင္းျပဳၿပီး သူမရဲ႕ကိုယ္ပိုင္အစြမ္းအစနဲ႔ ႀကိဳးစားေနတဲ့ အဆိုေတာ္မေလး ပိုပိုကေတာ့ အခုဆိုရင္ ေအာင္ျမင္မႈအတိုင္းအတာတစ္ခုအထိ ရရွိေနတဲ့ အဆိုေတာ္တစ္ဦး ျဖစ္ေနပါၿပီ။ လတ္တေလာမွာေတာ့ ပိုပိုက သူမအိမ္ေရွ႕မွာ ေန႔တိုင္းလာရပ္ၿပီး ေစာင့္ၾကည့္ေနတဲ့ မသကၤာစရာလူတစ္ဦးေၾကာင့္ ထိတ္လန႔္ေနရတဲ့အေၾကာင္း လူမႈကြန္ယက္မွာ ေဝမွ်ေပးထားတာ ေတြ႕ရပါတယ္။ ဘယ္သူ႔ကိုမွ မယုံၾကည္ရတဲ့ ဒီေန႔ေခတ္ႀကီးမွာ အိမ္ေရွ႕အထိ ရဲရဲဝံ့ဝံ့ ေရာက္လာတဲ့ မသကၤာစရာလူတစ္ဦးေၾကာင့္ ပိုပိုတစ္ေယာက္ အရမ္းကို လန႔္ေနတာပါေနာ္။

ပရိသတ္ေတြအတြက္ မသကၤာစရာ လူတစ္ဦးရဲ႕ေစာင့္ၾကည့္ေႏွာင့္ယွက္ျခင္းကို ခံေနရတဲ့ အဆိုေတာ္မေလး ပိုပိုရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပိုပိုကေတာ့ “ဒီရက္ပိုင္း အလုပ္မ်ားေနရတဲ့အထဲ စိတ္အေႏွာင့္ယွက္ေတြ ေပၚေပၚလာပါတယ္ ဆံပင္ အလယ္ခြဲ အနည္းငယ္ ဝၿပီး ဆိုင္ကယ္နဲ႔ လူတစ္ေယာက္ဟာ အိမ္ေရွ႕လာလာရပ္ေနပါတယ္ အိမ္မွာ လူအမ်ားႀကီး ရွိေပမဲ့ မိန္းကေလးတစ္ေယာက္ကို လာလာရပ္ ၾကည့္ ရပ္ေစာင့္ေနတာဟာ ေၾကာက္စရာေကာင္းပါတယ္ ပထမရက္ ပို က အမႈိက္ေတြ ရွင္းၿပီး အိမ္ေရွ႕မွာ အမႈိက္ထုပ္ထဲ ထည့္ေနတာကို ႁပြတ္ႁပြတ္နဲ႔ လာေခၚေတာ့ လွည့္ၾကည့္ၿပီး ဘာကိစၥလဲေပါ့ သူက ၿပဳံးၿပဳံးႀကီးနဲ႔ ဘာမွ မေျပာေတာ့ ပရိတ္သတ္ထင္ၿပီး ဘာကိစၥလဲ ေျပာေလ လို႔ဆိုေတာ့



ဘာမွမေျပာပဲ ၿပဳံးၿပဳံးႀကီး ၾကည့္ေနေတာ့ ေၾကာက္ၿပီး အိမ္ထဲ ေျပးဝင္ခဲ့တယ္ အဲ့ဒါကို လဲ မျပန္ေသးဘူး အဲ့ေန႔က ေမာင္ေလးက ဒဂုံ အလုပ္ကိစၥနဲ႔ သြားေနၿပီး ကိုမင္းသူကလဲ နယ္ကျပန္မလာေသး ကေလးေတြ ခြင့္ယူတဲ့ရက္ ျဖစ္ေနေတာ့ ပိုေတာင္ ေၾကာက္ပီး ပုန္းေနရတယ္ ဒုတိယ ရက္ ညေနပိုင္း ပိုက ဝရံတာဘက္ထြက္ေတာ့ သူ႔ကိုျမင္သြားေတာ့ ထြက္ေျပးပုန္းေနလိုက္ရတယ္အဲ့လိုပဲ ဆိုင္ကယ္နဲ႔ အိမ္ေရွ႕ မွာ လာရပ္ျပန္ေရာ အဲ့နဲ႔ အိမ္က အကို ကိုမင္းသူကို ထြက္ၾကည့္ ခိုင္းေတာ့လဲ မျပန္ဘူး ခပ္တည္တည္နဲ႔ ဖုန္းေျပာၿပီး ရပ္ေနတာ အၾကာႀကီး




တတိယ ေန႔ ဒီမနက္ မွာ အိမ္က ကေလး မကေဈးက အျပန္ ဝတ္ရည္နဲ႔ ေတြ႕ခ်င္လို႔တဲ့ ဘယ္ကဝတ္ရည္လဲဆိုေတာ့ ပိုပို ေလတဲ့ ခ်ိန္းထားလိူ႔လားဆိုေတာ့ ဒီတိုင္းေတြ႕ခ်င္လို႔တဲ့ အဲ့နဲ႔ ကေလးမ မရွိဘူး ေျပာလိုက္တယ္တဲ့ အဲ့ဒါကို မျပန္ဘူးအဲ့နဲ႔ ရဲတိုင္မယ္ လို႔ ေျပာခိုင္းလိုက္တယ္ မလာနဲ႔ ဆိုတာကို လက္ေဆာင္ေပးခ်င္လို႔တဲ့ ကေလးမ က ဘာလက္ေဆာင္မွ မလိုခ်င္ဘူး အားေပးတာ ေက်းဇူးပဲလို႔ပဲ ေျပာလိုက္တယ္ သူ႔နာမည္နဲ႔ ဓါတ္ပုံေတြလဲ က်မတို႔မွာ ရွိပါတယ္ အဲ့ေတာ့ အကိုေရ ေနာက္တစ္ခါ မလာပါနဲ႔ အကို အားေပးခ်င္ရင္

Show ပြဲေတြမွာ လာအားေပးလို႔ရပါတယ္ က်မ အိမ္ေရွ႕မွာ လာလာရပ္ေနတာဟာ စိတ္အေႏွာက္ယွက္မ်ားစြာ ျဖစ္ေစပါတယ္ အိမ္မွာ လူေတြ လဲ အၿမဲ ဝင္ထြက္သြားလာေနေတာ့ ေဘးအိမ္ေတြ ဧည့္ သည္ေတြရဲ႕ အထင္လြဲမႉကို ခံရႏိုင္သလို ပို ေၾကာက္လဲ ေၾကာက္ပါတယ္ ရွင့္ ေနာက္တစ္ခါလာခဲ့ရင္ တရားဥပေဒ အရ အေရးယူ ေဆာင္႐ြက္ ပါမယ္လို႔ ” ဆိုၿပီး သူမမွာ အိမ္အျပင္ေတာင္ မထြက္ရဲေလာက္ေအာင္ ေၾကာက္ေနရတဲ့အေၾကာင္းနဲ႔ ေနာက္ထပ္တစ္ေခါက္ထပ္လာရင္ ဥပေဒအရ အေရးယူဖို႔ ျပင္ဆင္သြားမယ္လို႔လည္း ေျပာထားပါေသးတယ္။ပရိသတ္ေတြလည္း မယုံၾကည္ရတဲ့ ဒီေန႔ေခတ္ႀကီးမွာ လူစိမ္းေတြကို သတိႀကီးႀကီး ထားၾကဖို႔ ပိုပိုရဲ႕အျဖစ္အပ်က္ေလးကို ေျပာျပရင္း တိုက္တြန္းလိုက္ရပါတယ္ေနာ္။

share from: burmese.asia




Unicode ဖြင့်ဖတ်ရန်

သူမအိမ်ရှေ့မှာ ရပ်ပြီး စောင့်ကြည့်နေတဲ့ မသင်္ကာစရာလူတစ်ဦးကြောင့် ထိတ်လန့်နေရတဲ့ ပိုပို

မလျှော့တဲ့ လုံ့လကို အရင်းပြုပြီး သူမရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ ကြိုးစားနေတဲ့ အဆိုတော်မလေး ပိုပိုကတော့ အခုဆိုရင် အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိနေတဲ့ အဆိုတော်တစ်ဦး ဖြစ်နေပါပြီ။ လတ်တလောမှာတော့ ပိုပိုက သူမအိမ်ရှေ့မှာ နေ့တိုင်းလာရပ်ပြီး စောင့်ကြည့်နေတဲ့ မသင်္ကာစရာလူတစ်ဦးကြောင့် ထိတ်လန့်နေရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘယ်သူ့ကိုမှ မယုံကြည်ရတဲ့ ဒီနေ့ခေတ်ကြီးမှာ အိမ်ရှေ့အထိ ရဲရဲဝံ့ဝံ့ ရောက်လာတဲ့ မသင်္ကာစရာလူတစ်ဦးကြောင့် ပိုပိုတစ်ယောက် အရမ်းကို လန့်နေတာပါနော်။

ပရိသတ်တွေအတွက် မသင်္ကာစရာ လူတစ်ဦးရဲ့စောင့်ကြည့်နှောင့်ယှက်ခြင်းကို ခံနေရတဲ့ အဆိုတော်မလေး ပိုပိုရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုပိုကတော့ “ဒီရက်ပိုင်း အလုပ်များနေရတဲ့အထဲ စိတ်အနှောင့်ယှက်တွေ ပေါ်ပေါ်လာပါတယ် ဆံပင် အလယ်ခွဲ အနည်းငယ် ဝပြီး ဆိုင်ကယ်နဲ့ လူတစ်ယောက်ဟာ အိမ်ရှေ့လာလာရပ်နေပါတယ် အိမ်မှာ လူအများကြီး ရှိပေမဲ့ မိန်းကလေးတစ်ယောက်ကို လာလာရပ် ကြည့် ရပ်စောင့်နေတာဟာ ကြောက်စရာကောင်းပါတယ် ပထမရက် ပို က အမှိုက်တွေ ရှင်းပြီး အိမ်ရှေ့မှာ အမှိုက်ထုပ်ထဲ ထည့်နေတာကို ပြွတ်ပြွတ်နဲ့ လာခေါ်တော့ လှည့်ကြည့်ပြီး ဘာကိစ္စလဲပေါ့ သူက ပြုံးပြုံးကြီးနဲ့ ဘာမှ မပြောတော့ ပရိတ်သတ်ထင်ပြီး ဘာကိစ္စလဲ ပြောလေ လို့ဆိုတော့



ဘာမှမပြောပဲ ပြုံးပြုံးကြီး ကြည့်နေတော့ ကြောက်ပြီး အိမ်ထဲ ပြေးဝင်ခဲ့တယ် အဲ့ဒါကို လဲ မပြန်သေးဘူး အဲ့နေ့က မောင်လေးက ဒဂုံ အလုပ်ကိစ္စနဲ့ သွားနေပြီး ကိုမင်းသူကလဲ နယ်ကပြန်မလာသေး ကလေးတွေ ခွင့်ယူတဲ့ရက် ဖြစ်နေတော့ ပိုတောင် ကြောက်ပီး ပုန်းနေရတယ် ဒုတိယ ရက် ညနေပိုင်း ပိုက ဝရံတာဘက်ထွက်တော့ သူ့ကိုမြင်သွားတော့ ထွက်ပြေးပုန်းနေလိုက်ရတယ်အဲ့လိုပဲ ဆိုင်ကယ်နဲ့ အိမ်ရှေ့ မှာ လာရပ်ပြန်ရော အဲ့နဲ့ အိမ်က အကို ကိုမင်းသူကို ထွက်ကြည့် ခိုင်းတော့လဲ မပြန်ဘူး ခပ်တည်တည်နဲ့ ဖုန်းပြောပြီး ရပ်နေတာ အကြာကြီး



တတိယ နေ့ ဒီမနက် မှာ အိမ်က ကလေး မကဈေးက အပြန် ဝတ်ရည်နဲ့ တွေ့ချင်လို့တဲ့ ဘယ်ကဝတ်ရည်လဲဆိုတော့ ပိုပို လေတဲ့ ချိန်းထားလိူ့လားဆိုတော့ ဒီတိုင်းတွေ့ချင်လို့တဲ့ အဲ့နဲ့ ကလေးမ မရှိဘူး ပြောလိုက်တယ်တဲ့ အဲ့ဒါကို မပြန်ဘူးအဲ့နဲ့ ရဲတိုင်မယ် လို့ ပြောခိုင်းလိုက်တယ် မလာနဲ့ ဆိုတာကို လက်ဆောင်ပေးချင်လို့တဲ့ ကလေးမ က ဘာလက်ဆောင်မှ မလိုချင်ဘူး အားပေးတာ ကျေးဇူးပဲလို့ပဲ ပြောလိုက်တယ် သူ့နာမည်နဲ့ ဓါတ်ပုံတွေလဲ ကျမတို့မှာ ရှိပါတယ် အဲ့တော့ အကိုရေ နောက်တစ်ခါ မလာပါနဲ့ အကို အားပေးချင်ရင်

Show ပွဲတွေမှာ လာအားပေးလို့ရပါတယ် ကျမ အိမ်ရှေ့မှာ လာလာရပ်နေတာဟာ စိတ်အနှောက်ယှက်များစွာ ဖြစ်စေပါတယ် အိမ်မှာ လူတွေ လဲ အမြဲ ဝင်ထွက်သွားလာနေတော့ ဘေးအိမ်တွေ ဧည့် သည်တွေရဲ့ အထင်လွဲမှူကို ခံရနိုင်သလို ပို ကြောက်လဲ ကြောက်ပါတယ် ရှင့် နောက်တစ်ခါလာခဲ့ရင် တရားဥပဒေ အရ အရေးယူ ဆောင်ရွက် ပါမယ်လို့ ” ဆိုပြီး သူမမှာ အိမ်အပြင်တောင် မထွက်ရဲလောက်အောင် ကြောက်နေရတဲ့အကြောင်းနဲ့ နောက်ထပ်တစ်ခေါက်ထပ်လာရင် ဥပဒေအရ အရေးယူဖို့ ပြင်ဆင်သွားမယ်လို့လည်း ပြောထားပါသေးတယ်။ပရိသတ်တွေလည်း မယုံကြည်ရတဲ့ ဒီနေ့ခေတ်ကြီးမှာ လူစိမ်းတွေကို သတိကြီးကြီး ထားကြဖို့ ပိုပိုရဲ့အဖြစ်အပျက်လေးကို ပြောပြရင်း တိုက်တွန်းလိုက်ရပါတယ်နော်။

share from: burmese.asia

မှတ်ချက်များ