ကားေပၚမွာဖုန္းအားသြင္းျခင္းေၾကာင့္ ဘက္ထရီႏွစ္မ်ိဳးစလုံး ပ်က္ဆီးေစႏိုင္
Zawgyi ျဖင့္ဖတ္ရန္
ကားေပၚေရာက္လို႔ ဖုန္းဘက္ထရီကို ၾကည့္လိုက္ေတာ့မွ 10% ေလာက္ပဲ က်န္ေတာ့တဲ့ အျဖစ္မ်ိဳးကို ႀကဳံဖူးၾကပါသလား..?
ကားေမာင္းၿပီး ခရီးရွည္သြားရလို႔ျဖစ္ေစ၊ ကားေပၚမွာပဲ တစ္ေနကုန္ေနရတဲ့ လုပ္ငန္းေၾကာင့္ျဖစ္ေစ လက္ကိုင္ဖုန္း အားကုန္သြားတဲ့အခါ USB အားသြင္းပလပ္ခံၿပီး ေဆးလိပ္မီးညႇိတဲ့ေနရာမွာ တပ္ဆင္ကာ ဖုန္းအားသြင္းတတ္တဲ့ အေလ့အထရွိသူမ်ားအေနနဲ႔ အထူးသတိျပဳဖို႔ လိုအပ္ပါတယ္။
အခုလိုမ်ိဳးအားသြင္းတာဟာ ဖုန္းရဲ႕ဘက္ထရီကို ပ်က္ဆီးေစ႐ုံသာမက ကားရဲ႕ဘက္ထရီကိုလည္း ပ်က္ဆီးေစႏိုင္ပါတယ္။ ေစ်းႏႈန္းေရာ ေမာ္ဒယ္လ္ပါျမင့္တဲ့ ကားအမ်ိဳးအစားေတြကလြဲရင္ ကားအေတာ္မ်ားမ်ားမွာ ဖုန္းအားသြင္းဖို႔ သီးသန႔္ျပဳလုပ္ထားတဲ့ ေနရာမရွိတတ္ပါဘူး။
ဒီအခါမွာ စီးကရက္မီးညႇိဖို႔ ရည္႐ြယ္ခ်က္နဲ႔ ထည့္ေပးထားတဲ့ ေနရာကေန Adapter ခံၿပီး အားသြင္းတတ္ၾကပါတယ္။ အမွန္တစ္ကယ္ေတာ့ အဲဒီေနရာဟာ ဖုန္းအားသြင္းဖို႔ ထည့္ေပးထားတာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အားသြင္းတဲ့အခါ အိမ္က မီးပလပ္မွာ ထိုးၿပီး အားသြင္းသေလာက္ ဖုန္းမွာ အားျမန္ျမန္မဝင္တာကို ေတြ႕ရပါလိမ့္မယ္။ ဒီလိုမ်ိဳးအားသြင္းတာဟာ ကားရဲ႕ ဘက္ထရီကိုပါ ထိခိုက္ေစႏိုင္ပါတယ္။
ကားမွာတပ္ဆင္ထားတဲ့ ဘက္ထရီဟာ ကားရဲ႕မီးေတြ၊ ေလေအးေပးစက္ေတြ၊ ေရဒီယိုေတြအျပင္ အျခားသက္ဆိုင္တဲ့ လုပ္ေဆာင္ခ်က္ေတြအတြက္ လွ်ပ္စစ္စြမ္းအား ထုတ္ေပးရပါတယ္၊ ဒီအခ်ိန္မွာ ဖုန္းအားကိုသြင္းယူေနတာေၾကာင့္ ဘက္ထရီစြမ္းအား ယိုစိမ့္မႈျဖစ္ၿပီး သက္တမ္းကို တိုေစပါတယ္။ အထူးသျဖင့္ သက္တမ္းၾကာေနတဲ့ ဘက္ထရီအိုးေတြမွာ ပိုၿပီးထိခိုက္ပ်က္ဆီးမႈ ျမန္ေစပါတယ္။
အခုလိုမ်ိဳး ကားေပၚမွာ ဖုန္းအားသြင္းဖို႔ လိုအပ္တဲ့ အေျခအေနမ်ိဳးမွာဆိုရင္ အေကာင္းဆုံးက ပါဝါဘဏ္(power bank) ေကာင္းေကာင္းတစ္လုံး ေဆာင္ထားျခင္းအားျဖင့္ ဖုန္းနဲ႔ ကားတို႔ရဲ႕ ဘက္ထရီကို ထိန္းသိမ္းကာကြယ္ရာေရာက္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
Credit: popolay
Unicode ဖြင့်ဖတ်ရန်
ကားပေါ်မှာဖုန်းအားသွင်းခြင်းကြောင့် ဘက်ထရီနှစ်မျိုးစလုံး ပျက်ဆီးစေနိုင်
ကားပေါ်ရောက်လို့ ဖုန်းဘက်ထရီကို ကြည့်လိုက်တော့မှ 10% လောက်ပဲ ကျန်တော့တဲ့ အဖြစ်မျိုးကို ကြုံဖူးကြပါသလား..?
ကားမောင်းပြီး ခရီးရှည်သွားရလို့ဖြစ်စေ၊ ကားပေါ်မှာပဲ တစ်နေကုန်နေရတဲ့ လုပ်ငန်းကြောင့်ဖြစ်စေ လက်ကိုင်ဖုန်း အားကုန်သွားတဲ့အခါ USB အားသွင်းပလပ်ခံပြီး ဆေးလိပ်မီးညှိတဲ့နေရာမှာ တပ်ဆင်ကာ ဖုန်းအားသွင်းတတ်တဲ့ အလေ့အထရှိသူများအနေနဲ့ အထူးသတိပြုဖို့ လိုအပ်ပါတယ်။
အခုလိုမျိုးအားသွင်းတာဟာ ဖုန်းရဲ့ဘက်ထရီကို ပျက်ဆီးစေရုံသာမက ကားရဲ့ဘက်ထရီကိုလည်း ပျက်ဆီးစေနိုင်ပါတယ်။ ဈေးနှုန်းရော မော်ဒယ်လ်ပါမြင့်တဲ့ ကားအမျိုးအစားတွေကလွဲရင် ကားအတော်များများမှာ ဖုန်းအားသွင်းဖို့ သီးသန့်ပြုလုပ်ထားတဲ့ နေရာမရှိတတ်ပါဘူး။
ဒီအခါမှာ စီးကရက်မီးညှိဖို့ ရည်ရွယ်ချက်နဲ့ ထည့်ပေးထားတဲ့ နေရာကနေ Adapter ခံပြီး အားသွင်းတတ်ကြပါတယ်။ အမှန်တစ်ကယ်တော့ အဲဒီနေရာဟာ ဖုန်းအားသွင်းဖို့ ထည့်ပေးထားတာ မဟုတ်ပါဘူး။ ဒါကြောင့် အားသွင်းတဲ့အခါ အိမ်က မီးပလပ်မှာ ထိုးပြီး အားသွင်းသလောက် ဖုန်းမှာ အားမြန်မြန်မဝင်တာကို တွေ့ရပါလိမ့်မယ်။ ဒီလိုမျိုးအားသွင်းတာဟာ ကားရဲ့ ဘက်ထရီကိုပါ ထိခိုက်စေနိုင်ပါတယ်။
ကားမှာတပ်ဆင်ထားတဲ့ ဘက်ထရီဟာ ကားရဲ့မီးတွေ၊ လေအေးပေးစက်တွေ၊ ရေဒီယိုတွေအပြင် အခြားသက်ဆိုင်တဲ့ လုပ်ဆောင်ချက်တွေအတွက် လျှပ်စစ်စွမ်းအား ထုတ်ပေးရပါတယ်၊ ဒီအချိန်မှာ ဖုန်းအားကိုသွင်းယူနေတာကြောင့် ဘက်ထရီစွမ်းအား ယိုစိမ့်မှုဖြစ်ပြီး သက်တမ်းကို တိုစေပါတယ်။ အထူးသဖြင့် သက်တမ်းကြာနေတဲ့ ဘက်ထရီအိုးတွေမှာ ပိုပြီးထိခိုက်ပျက်ဆီးမှု မြန်စေပါတယ်။
အခုလိုမျိုး ကားပေါ်မှာ ဖုန်းအားသွင်းဖို့ လိုအပ်တဲ့ အခြေအနေမျိုးမှာဆိုရင် အကောင်းဆုံးက ပါဝါဘဏ်(power bank) ကောင်းကောင်းတစ်လုံး ဆောင်ထားခြင်းအားဖြင့် ဖုန်းနဲ့ ကားတို့ရဲ့ ဘက်ထရီကို ထိန်းသိမ်းကာကွယ်ရာရောက်ကြောင်း ဖော်ပြလိုက်ရပါတယ်။
Credit: popolay

မှတ်ချက်များ