Zawgyiျဖင့္ဖတ္ရန္
ခႏၶာကိုယ္ထက္စာရင္ ေခါင္းကပိုႀကီးေနလို႔ စိတ္ညစ္ေနၿပီလား? ဒါေပမဲ့ အခုေဖာ္ျပမယ့္အေၾကာင္းကို ဖတ္ၿပီး ရင္ေတာ့ ေခါင္းႀကီးႀကီးေလးျဖစ္ေနတာကို ဂုဏ္ယူလိုက္ပါေတာ့။
အေၾကာင္းကေတာ့ UK Biobank ဇီဝဘဏ္ ရဲ႕ သုေတသနျပဳခ်က္ေတြအရဆိုရင္ ေခါင္းႀကီးႀကီးေလးနဲ႔ ေမြးဖြားလာတဲ့ ကေလးငယ္ေတြဟာ ပုံမွန္ထက္ ပိုမို ဉာဏ္ရည္ထက္ျမတ္ၾကၿပီး ဘဝမွာ ေအာင္ျမင္ႏိုင္တဲ့အခြင့္အလမ္းပိုမ်ားတယ္လို႔ ဆိုပါတယ္။
အီဒင္ဘတ္ဂ္တကၠသိုလ္က သုေတသနအသင္းဟာ ယူေကမွာေနထိုင္သူေတြထဲက အသက္ ၃၇ ႏွစ္နဲ႔ ၇၃ ႏွစ္ၾကား လူေပါင္းတစ္သိန္းရဲ႕ အခ်က္အလက္ေတြကို ထုတ္ႏႈတ္ေလ့လာခဲ့ပါတယ္။ အဲဒီအခ်က္အလက္ေတြ ဟာ ယူေကဇီဝဘဏ္ကရရွိလာတာျဖစ္ၿပီး ၿဗိတိန္လူမ်ိဳးသန္းဝက္ေလာက္ရဲ႕ မ်ိဳး႐ိုးဗီဇ၊ ကိုယ္နဲ႔စိတ္က်န္းမာေရး တင္မက တျခားအခ်က္အလက္ေပါင္းမ်ားစြာ ပါဝင္ပါတယ္။
ဒါ့ျပင္ အဲဒီလိုသုေတသနျပဳလုပ္ရာမွာ ပါဝင္သူေတြရဲ႕ ေသြး၊ ဆီးနဲ႔ သူတို႔ရဲ႕ဘဝလမ္းေၾကာင္း ေ႐ြးခ်ယ္မႈ တင္မက အေထြေထြက်န္းမာေရးအေျခအေနေတြကိုလည္း စမ္းစစ္ေလ့လာခဲ့ပါတယ္။ တခ်ိဳ႕သူေတြကိုဆိုရင္ မွတ္ဉာဏ္၊ ပညာေရးအေျခအေနနဲ႔ တုံ႔ျပန္မႈေတြကိုပါ ထည့္သြင္းစဥ္းစားခဲ့ၾကပါတယ္။
အဲဒီလိုဘက္ေပါင္းစုံက ေလ့လာစမ္းသပ္ခ်က္ေတြအရ သိရွိခဲ့ရတာကေတာ့ စမ္းသပ္ရာမွာပါဝင္ခဲ့သူေတြထဲက ဦးေခါင္းအ႐ြယ္အစား ၃၁ ဒသမ ၇၅ စင္တီမီတာကေန ၃၅ ဒသမ ၅၆ စင္တီမီတာၾကားရွိတဲ့ သူေတြဟာ ဦးေခါင္းပိုေသးတဲ့သူေတြထက္စာရင္ ဉာဏ္ရည္ပိုမိုထက္ျမတ္ၾကတယ္လို႔ ဆိုပါတယ္။
ဦးေခါင္းအ႐ြယ္အစားဟာ ေယာက်ာ္းေလးနဲ႔ မိန္းကေလးေပၚမူတည္ၿပီးလည္း ကြဲျခားပါေသးတယ္။ ေမြးကင္းစ ကေလးတစ္ေယာက္ အတြက္ ပ်မ္းမွ်ဦးေခါင္းအ႐ြယ္အစားဟာ ေယာက်ာ္းေလးဆိုရင္ ၃၆ စင္တီမီတာျဖစ္ၿပီး မိန္းကေလးဆိုရင္ ၃၅ စင္တီမီတာ ျဖစ္တယ္လို႔ သိရပါတယ္။
by Cherry Mon
Ref; Good Times
Credit:We.Com
Unicodeဖြင့်ဖတ်ရန်
ဦးခေါင်းကြီးကြီးလေးနဲ့ မွေးလာတဲ့ ကလေးငယ်တွေဟာ ဉာဏ်ပိုကောင်းပြီး အောင်မြင်နိုင်ချေပိုများ
ခန္ဓာကိုယ်ထက်စာရင် ခေါင်းကပိုကြီးနေလို့ စိတ်ညစ်နေပြီလား? ဒါပေမဲ့ အခုဖော်ပြမယ့်အကြောင်းကို ဖတ်ပြီး ရင်တော့ ခေါင်းကြီးကြီးလေးဖြစ်နေတာကို ဂုဏ်ယူလိုက်ပါတော့။
အကြောင်းကတော့ UK Biobank ဇီဝဘဏ် ရဲ့ သုတေသနပြုချက်တွေအရဆိုရင် ခေါင်းကြီးကြီးလေးနဲ့ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ပုံမှန်ထက် ပိုမို ဉာဏ်ရည်ထက်မြတ်ကြပြီး ဘဝမှာ အောင်မြင်နိုင်တဲ့အခွင့်အလမ်းပိုများတယ်လို့ ဆိုပါတယ်။
အီဒင်ဘတ်ဂ်တက္ကသိုလ်က သုတေသနအသင်းဟာ ယူကေမှာနေထိုင်သူတွေထဲက အသက် ၃၇ နှစ်နဲ့ ၇၃ နှစ်ကြား လူပေါင်းတစ်သိန်းရဲ့ အချက်အလက်တွေကို ထုတ်နှုတ်လေ့လာခဲ့ပါတယ်။ အဲဒီအချက်အလက်တွေ ဟာ ယူကေဇီဝဘဏ်ကရရှိလာတာဖြစ်ပြီး ဗြိတိန်လူမျိုးသန်းဝက်လောက်ရဲ့ မျိုးရိုးဗီဇ၊ ကိုယ်နဲ့စိတ်ကျန်းမာရေး တင်မက တခြားအချက်အလက်ပေါင်းများစွာ ပါဝင်ပါတယ်။
ဒါ့ပြင် အဲဒီလိုသုတေသနပြုလုပ်ရာမှာ ပါဝင်သူတွေရဲ့ သွေး၊ ဆီးနဲ့ သူတို့ရဲ့ဘဝလမ်းကြောင်း ရွေးချယ်မှု တင်မက အထွေထွေကျန်းမာရေးအခြေအနေတွေကိုလည်း စမ်းစစ်လေ့လာခဲ့ပါတယ်။ တချို့သူတွေကိုဆိုရင် မှတ်ဉာဏ်၊ ပညာရေးအခြေအနေနဲ့ တုံ့ပြန်မှုတွေကိုပါ ထည့်သွင်းစဉ်းစားခဲ့ကြပါတယ်။
အဲဒီလိုဘက်ပေါင်းစုံက လေ့လာစမ်းသပ်ချက်တွေအရ သိရှိခဲ့ရတာကတော့ စမ်းသပ်ရာမှာပါဝင်ခဲ့သူတွေထဲက ဦးခေါင်းအရွယ်အစား ၃၁ ဒသမ ၇၅ စင်တီမီတာကနေ ၃၅ ဒသမ ၅၆ စင်တီမီတာကြားရှိတဲ့ သူတွေဟာ ဦးခေါင်းပိုသေးတဲ့သူတွေထက်စာရင် ဉာဏ်ရည်ပိုမိုထက်မြတ်ကြတယ်လို့ ဆိုပါတယ်။
ဦးခေါင်းအရွယ်အစားဟာ ယောကျာ်းလေးနဲ့ မိန်းကလေးပေါ်မူတည်ပြီးလည်း ကွဲခြားပါသေးတယ်။ မွေးကင်းစ ကလေးတစ်ယောက် အတွက် ပျမ်းမျှဦးခေါင်းအရွယ်အစားဟာ ယောကျာ်းလေးဆိုရင် ၃၆ စင်တီမီတာဖြစ်ပြီး မိန်းကလေးဆိုရင် ၃၅ စင်တီမီတာ ဖြစ်တယ်လို့ သိရပါတယ်။
by Cherry Mon
Ref; Good Times
Credit:We.Com

မှတ်ချက်များ