တစ္လဝင္ေငြ သိန္း ၂၅၀၀ ရေနတဲ့ ခ်ိဳင္းၾကား(ဂ်ိဳင္း)အနံ႔ သုေတသီအလုပ္




Zawgyi ျဖင့္ဖတ္ရန္

ကုမၸဏီေတြက လုပ္ခလစာေတြေပးတာ နည္းေနတဲ့ေခတ္ႀကီးထဲမွာ ပညာအရည္အခ်င္း မ်ားမ်ားစားစား မလိုပဲ တစ္လကို သိန္း ၂၅၀၀ ေလာက္ ဝင္ေငြရမယ့္အလုပ္မ်ိဳးရွိရင္ မလုပ္ခ်င္ၾကဖူးလား..?

ဒီေလာက္ေတာင္ လစာေကာင္းတယ္ဆိုမွေတာ့ လုပ္ရမယ့္အလုပ္က အဆန္းႀကီးတစ္ခုခုျဖစ္မွာ ေသခ်ာပါတယ္။

လူသုံးကုန္ပစၥည္း သုေတသနျပဳတဲ့ ကုမၸဏီတစ္ခုက လူေတြရဲ႕ ခ်ိဳင္း(ဂ်ိဳင္း)နံ႔၊ ေျခေထာက္အနံ႔ေတြကို ေန႔စဥ္တစ္စိမ့္စိမ့္ရႈရႈိက္ၿပီး ခြဲျခမ္းစိတ္ျဖာ တင္ျပေပးမယ့္ လူေတြကို လစာေကာင္းေကာင္းေပးၿပီး ခန႔္အပ္ေနပါတယ္။




လူတိုင္းလုပ္ႏိုင္ေလာက္တဲ့ အလုပ္မဟုတ္ေပမယ့္ နိစၥဓူဝ လူေတြၾကားမွာ လိုင္းကားကို တိုးေဝွ႔စီးကာ ပိုက္ဆံတစ္ျပားမွ မရပဲေတာင္ ခ်ိဳင္း(လက္ပက္)နံ႔၊ ကိုယ္နံ႔ေတြ ရႈရႈိက္ေနၾကရတာျဖစ္လို႔ ဒီလိုသာ ပိုက္ဆံေတြအခ်ီႀကီးရမယ္ဆိုရင္ စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။

အခုအခ်ိန္မွာ ဒီအလုပ္က ေတာ္ေတာ္႐ြံစရာေကာင္းၿပီး ဟာသပဲလို႔ တစ္ေယာက္ေယာက္ကေတာ့ စိတ္ထဲကေန မွတ္ခ်က္ေပးခ်င္ေပးေနပါလိမ့္မယ္။ ဒါေပမယ့္ မေလးရွားသတင္းမီဒီယာ Sin Chew Daily ရဲ႕ ေဖာ္ျပခ်က္အရ Deodorant tester တာဝန္ထမ္းေဆာင္သူေတြရဲ႕ တစ္ႏွစ္ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၂ သန္းေက်ာ္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ျမန္မာေငြနဲ႔ဆိုရင္ တစ္လမွာ ဝင္ေငြ က်ပ္သိန္း ၂၅၀၀ ေတာင္ ေက်ာ္ႏိုင္ပါတယ္။

Princeton Consumer Research ကုမၸဏီမွာ အႀကီးတန္းသုေတသနရာထူးနဲ႔ လုပ္ကိုင္ေနသူတစ္ဦးရဲ႕ အဆိုအရ သူတို႔ေတြဟာ အလွကုန္ပစၥည္းထုတ္လုပ္တဲ့ ကုမၸဏီေတြရဲ႕ကိုယ္စား စမ္းသပ္မႈေတြကို ေဆာင္႐ြက္ေနၾကတာျဖစ္ပါတယ္။ အလုပ္ရဲ႕ လိုအပ္ခ်က္အရ ဒီအလုပ္ကို လုပ္ကိုင္ၾကမယ့္သူေတြဟာ ခ်ိဳင္းၾကားနဲ႔ ေျခေထာက္​ေတြနဲ႔ ပက္သက္ၿပီး အထူးစိတ္ဝင္စားသူ ျဖစ္ရမယ္လို႔ ထင္တတ္ၾကပါတယ္။



အလုပ္လုပ္ရတဲ့ ပုံစံကေတာ့ စက္႐ုံေတြကေန အမ်ိဳးအစားမတူတဲ့ ေခြၽးနံ႔ေပ်ာက္ေဆး၊ အနံ႔ေပ်ာက္ေဆး ၁၀ မ်ိဳးေလာက္ကို Princeton Consumer Research ကုမၸဏီကို ေပးပို႔ပါတယ္။ အဲဒီေခြၽးနံ႔ေပ်ာက္ေဆးေတြကို စမ္းသပ္ခံမယ့္ လူအမ်ိဳးမ်ိဳးရဲ႕ ခ်ိဳင္းၾကား၊ ေျခေထာက္ပိုင္းေတြမွာ သုတ္လိမ္းေပးရပါတယ္။ အဲဒီေနာက္ အနံ႔သုေတသနျပဳမယ့္သူေတြက စကၠဴကန္ေတာ့ခြက္ငယ္ေလးေတြကို လူေတြရဲ႕ ခ်ိဳင္းနဲ႔ ေျခေထာက္ပိုင္းေတြမွာ ကပ္ထားၿပီး သူ႔နားေခါင္းနဲ႔ ခြက္ရဲ႕အဝကို ေတ့ကာ အားရပါးရအနံ႔ရႈရတာျဖစ္ပါတယ္။ (အမေလး စိတ္ကူးၾကည့္တာနဲ႔တင္ မူးၿပီး အန္ခ်င္လာၿပီ)



အဲဒီေနာက္မွာ အနံ႔ေတြကို သ႐ုပ္ခြဲၿပီး အမွတ္ 0 ကေန 10 ထိ သတ္မွတ္ေပးရပါတယ္။ 0 ကေတာ့ အနံ႔သိပ္မျပင္းတာကို ကိုယ္စားျပဳပါတယ္၊ 10 ကေတာ့ သိသိသာသာ အနံ႔ျပင္းတာကို ဆိုပါတယ္။ အလုပ္လုပ္ရတဲ့အေနအထားအရ ဘာမွအားသြန္ခြန္စိုက္ လုပ္ရတာမ်ိဳး မဟုတ္ေပမယ့္ လက္ေတြ႕မွာေတာ့ ဒီတာဝန္ကို ထမ္းေဆာင္ႏိုင္ဖို႔ သိပ္မလြယ္လွပါဘူး။ တစ္ကယ့္လက္ေတြ႕မွာ အေတြ႕ႀကဳံရင့္တဲ့ သုေတသနျပဳသူေတြေတာင္ အခ်ိဳ႕လူေတြရဲ႕ အနံ႔အသက္ေတြက ေအာ္ဂလီဆန္ခ်င္စရာ ေကာင္းေလာက္ေအာင္ ဆိုး႐ြားလြန္းလို႔ မၾကာခဏဆိုသလို အလုပ္ကေန အနားယူသြားၾကရတယ္လို႔ ဆိုပါတယ္။



အကယ္၍မ်ား ပိုက္ဆံရရင္ၿပီးေရာ ငါလုပ္ႏိုင္မွာပါလို႔ ထင္ေနရင္ေတာ့ ကိုယ္ေရးအခ်က္လက္ အျပည့္အစုံကို Princeton Consumer Research ရဲ႕ တရားဝင္ Website ကို ေပးပို႔ေလွ်ာက္ထားႏိုင္ပါတယ္။ ၿပီးရင္ေတာ့ သူတို႔ဘက္က ဆက္သြယ္လာမွာကို ေစာင့္ေနပါေတာ့။



credit : popolay 


Unicode ဖြင့်ဖတ်ရန်

တစ်လဝင်ငွေ သိန်း ၂၅၀၀ ရနေတဲ့ ချိုင်းကြား(ဂျိုင်း)အနံ့ သုတေသီအလုပ်


ကုမ္ပဏီတွေက လုပ်ခလစာတွေပေးတာ နည်းနေတဲ့ခေတ်ကြီးထဲမှာ ပညာအရည်အချင်း များများစားစား မလိုပဲ တစ်လကို သိန်း ၂၅၀၀ လောက် ဝင်ငွေရမယ့်အလုပ်မျိုးရှိရင် မလုပ်ချင်ကြဖူးလား..?

ဒီလောက်တောင် လစာကောင်းတယ်ဆိုမှတော့ လုပ်ရမယ့်အလုပ်က အဆန်းကြီးတစ်ခုခုဖြစ်မှာ သေချာပါတယ်။

လူသုံးကုန်ပစ္စည်း သုတေသနပြုတဲ့ ကုမ္ပဏီတစ်ခုက လူတွေရဲ့ ချိုင်း(ဂျိုင်း)နံ့၊ ခြေထောက်အနံ့တွေကို နေ့စဉ်တစ်စိမ့်စိမ့်ရှုရှိုက်ပြီး ခွဲခြမ်းစိတ်ဖြာ တင်ပြပေးမယ့် လူတွေကို လစာကောင်းကောင်းပေးပြီး ခန့်အပ်နေပါတယ်။



လူတိုင်းလုပ်နိုင်လောက်တဲ့ အလုပ်မဟုတ်ပေမယ့် နိစ္စဓူဝ လူတွေကြားမှာ လိုင်းကားကို တိုးဝှေ့စီးကာ ပိုက်ဆံတစ်ပြားမှ မရပဲတောင် ချိုင်း(လက်ပက်)နံ့၊ ကိုယ်နံ့တွေ ရှုရှိုက်နေကြရတာဖြစ်လို့ ဒီလိုသာ ပိုက်ဆံတွေအချီကြီးရမယ်ဆိုရင် စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အခုအချိန်မှာ ဒီအလုပ်က တော်တော်ရွံစရာကောင်းပြီး ဟာသပဲလို့ တစ်ယောက်ယောက်ကတော့ စိတ်ထဲကနေ မှတ်ချက်ပေးချင်ပေးနေပါလိမ့်မယ်။ ဒါပေမယ့် မလေးရှားသတင်းမီဒီယာ Sin Chew Daily ရဲ့ ဖော်ပြချက်အရ Deodorant tester တာဝန်ထမ်းဆောင်သူတွေရဲ့ တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာငွေနဲ့ဆိုရင် တစ်လမှာ ဝင်ငွေ ကျပ်သိန်း ၂၅၀၀ တောင် ကျော်နိုင်ပါတယ်။

Princeton Consumer Research ကုမ္ပဏီမှာ အကြီးတန်းသုတေသနရာထူးနဲ့ လုပ်ကိုင်နေသူတစ်ဦးရဲ့ အဆိုအရ သူတို့တွေဟာ အလှကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ကိုယ်စား စမ်းသပ်မှုတွေကို ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ အလုပ်ရဲ့ လိုအပ်ချက်အရ ဒီအလုပ်ကို လုပ်ကိုင်ကြမယ့်သူတွေဟာ ချိုင်းကြားနဲ့ ခြေထောက်တွေနဲ့ ပက်သက်ပြီး အထူးစိတ်ဝင်စားသူ ဖြစ်ရမယ်လို့ ထင်တတ်ကြပါတယ်။



အလုပ်လုပ်ရတဲ့ ပုံစံကတော့ စက်ရုံတွေကနေ အမျိုးအစားမတူတဲ့ ချွေးနံ့ပျောက်ဆေး၊ အနံ့ပျောက်ဆေး ၁၀ မျိုးလောက်ကို Princeton Consumer Research ကုမ္ပဏီကို ပေးပို့ပါတယ်။ အဲဒီချွေးနံ့ပျောက်ဆေးတွေကို စမ်းသပ်ခံမယ့် လူအမျိုးမျိုးရဲ့ ချိုင်းကြား၊ ခြေထောက်ပိုင်းတွေမှာ သုတ်လိမ်းပေးရပါတယ်။ အဲဒီနောက် အနံ့သုတေသနပြုမယ့်သူတွေက စက္ကူကန်တော့ခွက်ငယ်လေးတွေကို လူတွေရဲ့ ချိုင်းနဲ့ ခြေထောက်ပိုင်းတွေမှာ ကပ်ထားပြီး သူ့နားခေါင်းနဲ့ ခွက်ရဲ့အဝကို တေ့ကာ အားရပါးရအနံ့ရှုရတာဖြစ်ပါတယ်။ (အမလေး စိတ်ကူးကြည့်တာနဲ့တင် မူးပြီး အန်ချင်လာပြီ)



အဲဒီနောက်မှာ အနံ့တွေကို သရုပ်ခွဲပြီး အမှတ် 0 ကနေ 10 ထိ သတ်မှတ်ပေးရပါတယ်။ 0 ကတော့ အနံ့သိပ်မပြင်းတာကို ကိုယ်စားပြုပါတယ်၊ 10 ကတော့ သိသိသာသာ အနံ့ပြင်းတာကို ဆိုပါတယ်။ အလုပ်လုပ်ရတဲ့အနေအထားအရ ဘာမှအားသွန်ခွန်စိုက် လုပ်ရတာမျိုး မဟုတ်ပေမယ့် လက်တွေ့မှာတော့ ဒီတာဝန်ကို ထမ်းဆောင်နိုင်ဖို့ သိပ်မလွယ်လှပါဘူး။ တစ်ကယ့်လက်တွေ့မှာ အတွေ့ကြုံရင့်တဲ့ သုတေသနပြုသူတွေတောင် အချို့လူတွေရဲ့ အနံ့အသက်တွေက အော်ဂလီဆန်ချင်စရာ ကောင်းလောက်အောင် ဆိုးရွားလွန်းလို့ မကြာခဏဆိုသလို အလုပ်ကနေ အနားယူသွားကြရတယ်လို့ ဆိုပါတယ်။



အကယ်၍များ ပိုက်ဆံရရင်ပြီးရော ငါလုပ်နိုင်မှာပါလို့ ထင်နေရင်တော့ ကိုယ်ရေးအချက်လက် အပြည့်အစုံကို Princeton Consumer Research ရဲ့ တရားဝင် Website ကို ပေးပို့လျှောက်ထားနိုင်ပါတယ်။ ပြီးရင်တော့ သူတို့ဘက်က ဆက်သွယ်လာမှာကို စောင့်နေပါတော့။


credit : popolay 


မှတ်ချက်များ