၁ ႏွစ္သမီးေလးအား ျပန္ေပးစြဲရာမွ လူသတ္မႈျဖစ္ပြား


Zawgyiျဖင့္ဖတ္ရန္

ႏိုဝင္ဘာလ ၁၈ ရက္ေန႔က စစ္ကိုင္းတိုင္းေဒသႀကီး ဘုတလင္ၿမိဳ႕နယ္ ၿမိဳ႕ေဟာင္းကုန္းရပ္ကြက္တြင္ လူငယ္ႏွစ္ဦးက အသက္ ၁ ႏွစ္အ႐ြယ္သမီးေလးအား ျပန္ေပးစြဲရာမွ ကေလးကို သတ္ျဖတ္မႈျဖစ္ပြားခဲ့ ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဒူးယားေက်း႐ြာအုပ္စု ၿမိဳ႕ေဟာင္းကုန္းရပ္ကြက္ရွိ ေဒၚသင္းသင္းေအး ၏ ေနအိမ္တြင္ ေရလုပ္ငန္း လုပ္ကိုင္ရန္ ဘုတလင္ၿမိဳ႕မွ လာေရာက္ေနထိုင္သူ အသက္ ၂၀ ႏွင့္ ၁၆ ႏွစ္အ႐ြယ္ ေမာင္ရဲရင့္သူ ႏွင့္ ေမာင္ရဲရင့္မ်ိဳး ညီအစ္ကိုႏွစ္ဦးက အသက္ ၁ ႏွစ္ႏွင့္ ၇ လ အ႐ြယ္ သမီးေလးနဲ႔ အိမ္ေရွ႕တြင္ ကစားေနခိုက္ မိခင္ျဖစ္သူ အိပ္ေပ်ာ္သြားခဲ့သည္။

အိပ္ယာမွႏိုး၍ၾကည့္လိုက္စဥ္ မည္သူမွမရွိေတာ့ေၾကာင္း၊ အားသြင္းထားေသာ သူမ၏ ဟာေဝးအမ်ိဳးအစား လက္ကိုင္ဖုန္းပါ ေပ်ာက္ဆုံးေနေၾကာင္း သိရသည္။ ထို႔ေနာက္ လိုက္လံရွာေဖြခဲ့ရာ ကေလးငယ္နဲ႔ လူငယ္ႏွစ္ဦးအား ဘူတာသို႔လိုက္ပို႔ေပးခဲ့ရေၾကာင္း တကၠစီသမားတစ္ဦးက ေျပာျပခဲ့သျဖင့္ လိုက္လံရွာေဖြခဲ့ေသာ္လည္း မေတြ႕ခဲ့ေခ်။

ညေန ၆ နာရီအခ်ိန္ခန႔္တြင္ ေဒၚသင္းသင္းေအး ၏ ခင္ပြန္းျဖစ္သူအား အဆိုပါလူငယ္ႏွစ္ဦးက ဖုန္းဆက္ၿပီး သမီးေလးအား ေငြ ၅ သိန္းျဖင့္ လာေ႐ြးရန္ ေျပာဆိုခဲ့ၿပီး လာမေ႐ြးပါက အဆိုးမဆိုနဲ႔ဟု ၿခိမ္းေျခာက္ေျပာဆိုခဲ့ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ဝင္မ်ားက အဆိုပါလူငယ္ႏွစ္ဦးအား ထိုေန႔ည ၁၀ နာရီအခ်ိန္ခန႔္တြင္ အေဝးေပးကားဂိတ္မွာ ဖမ္းဆီးရမိခဲ့ၿပီး ကေလးမွာ ေပ်ာက္ဆုံးေနေၾကာင္း သိရသည္။ လူငယ္ႏွစ္ဦးအား စစ္ေဆးခ်က္အရ ကေလးမွာ ငိုလြန္းသျဖင့္ အစ္ကိုျဖစ္သူက ကေလး၏ ပါးစပ္နဲ႔ ႏွာေခါင္းအား ပိတ္ထားရာမွ အသံမထြက္ေတာ့သျဖင့္ ေသဆုံးသြားၿပီဟု ယူဆၿပီး ေခ်ာင္းေတာက္ေက်း႐ြာအနီး ေရး-ထားဝယ္ မီးရထားလမ္း အေနာက္ဘက္ကရွိ ေရေျမာင္းအတြင္း ပစ္ခ်ခဲ့ေၾကာင္း ထြက္ဆိုခဲ့သည္။

ကေလး၏ အေလာင္းအား ျပန္လည္ ရွာေဖြဆယ္ယူခဲ့ၿပီး လူငယ္ႏွစ္ဦးအား ဥပေဒအရ ဆက္လက္အေရးယူေဆာင္႐ြက္လွ်က္ရွိေၾကာင္း Win Naing Thet ေဖ့စ္ဘြခ္အေကာင့္မွ သိရွိရသည္။

Credit:popolay

Unicodeဖြင့်ဖတ်ရန်

၁ နှစ်သမီးလေးအား ပြန်ပေးစွဲရာမှ လူသတ်မှုဖြစ်ပွား

နိုဝင်ဘာလ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် မြို့ဟောင်းကုန်းရပ်ကွက်တွင် လူငယ်နှစ်ဦးက အသက် ၁ နှစ်အရွယ်သမီးလေးအား ပြန်ပေးစွဲရာမှ ကလေးကို သတ်ဖြတ်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒူးယားကျေးရွာအုပ်စု မြို့ဟောင်းကုန်းရပ်ကွက်ရှိ ဒေါ်သင်းသင်းအေး ၏ နေအိမ်တွင် ရေလုပ်ငန်း လုပ်ကိုင်ရန် ဘုတလင်မြို့မှ လာရောက်နေထိုင်သူ အသက် ၂၀ နှင့် ၁၆ နှစ်အရွယ် မောင်ရဲရင့်သူ နှင့် မောင်ရဲရင့်မျိုး ညီအစ်ကိုနှစ်ဦးက အသက် ၁ နှစ်နှင့် ၇ လ အရွယ် သမီးလေးနဲ့ အိမ်ရှေ့တွင် ကစားနေခိုက် မိခင်ဖြစ်သူ အိပ်ပျော်သွားခဲ့သည်။

အိပ်ယာမှနိုး၍ကြည့်လိုက်စဉ် မည်သူမှမရှိတော့ကြောင်း၊ အားသွင်းထားသော သူမ၏ ဟာဝေးအမျိုးအစား လက်ကိုင်ဖုန်းပါ ပျောက်ဆုံးနေကြောင်း သိရသည်။ ထို့နောက် လိုက်လံရှာဖွေခဲ့ရာ ကလေးငယ်နဲ့ လူငယ်နှစ်ဦးအား ဘူတာသို့လိုက်ပို့ပေးခဲ့ရကြောင်း တက္ကစီသမားတစ်ဦးက ပြောပြခဲ့သဖြင့် လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ချေ။

ညနေ ၆ နာရီအချိန်ခန့်တွင် ဒေါ်သင်းသင်းအေး ၏ ခင်ပွန်းဖြစ်သူအား အဆိုပါလူငယ်နှစ်ဦးက ဖုန်းဆက်ပြီး သမီးလေးအား ငွေ ၅ သိန်းဖြင့် လာရွေးရန် ပြောဆိုခဲ့ပြီး လာမရွေးပါက အဆိုးမဆိုနဲ့ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များက အဆိုပါလူငယ်နှစ်ဦးအား ထိုနေ့ည ၁၀ နာရီအချိန်ခန့်တွင် အဝေးပေးကားဂိတ်မှာ ဖမ်းဆီးရမိခဲ့ပြီး ကလေးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။ လူငယ်နှစ်ဦးအား စစ်ဆေးချက်အရ ကလေးမှာ ငိုလွန်းသဖြင့် အစ်ကိုဖြစ်သူက ကလေး၏ ပါးစပ်နဲ့ နှာခေါင်းအား ပိတ်ထားရာမှ အသံမထွက်တော့သဖြင့် သေဆုံးသွားပြီဟု ယူဆပြီး ချောင်းတောက်ကျေးရွာအနီး ရေး-ထားဝယ် မီးရထားလမ်း အနောက်ဘက်ကရှိ ရေမြောင်းအတွင်း ပစ်ချခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ကလေး၏ အလောင်းအား ပြန်လည် ရှာဖွေဆယ်ယူခဲ့ပြီး လူငယ်နှစ်ဦးအား ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း Win Naing Thet ဖေ့စ်ဘွခ်အကောင့်မှ သိရှိရသည်။

Credit:popolay

မှတ်ချက်များ