ႏွစ္အၾကာႀကီး တြဲခဲ့ၿပီးမွ ျပတ္ရတဲ့အေၾကာင္း ေျပာျပလာတဲ့ G Fatt
Zawgyi ျဖင့္ဖတ္ရန္
G Fattကေတာ့ အႏုပညာေလာကမွာ ပရိသတ္အခ်စ္ကို သိမ္းပိုက္ထားႏိုင္တဲ့ အႏုပညာရွင္ေတြထဲကတစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။သူရဲ႕ သီခ်င္းေတြက လူငယ္ေတြရဲ႕ ပါးစပ္ဖ်ားမွာ ေနရာအျပည့္ယူႏိုင္တဲ့ အဆိုေတာ္တစ္ေယာက္ပါ။
သီခ်င္းေတြကို ခံစားခ်က္အျပည့္နဲ႔ ေရးသားတတ္တဲ့ သူတစ္ေယာက္ျဖစ္ၿပီးေတာ့ ကိုယ္ပိုင္သံစဥ္ေတြကိုပဲ ပရိသတ္ေရွ႕ခ်ျပႏိုင္ေအာင္ႀကိဳးစားေနသူတစ္ေယာက္လို႔ ဆိုလည္း မမွားပါဘူး။
ကိုယ္ပိုင္သီခ်င္းေအးေအးေလးေတြနဲ႔ဖမ္းစားထားႏိုင္သူတစ္ေယာက္ပါ။ေယာက်ာ္းေလးပရိသတ္အျပင္ မိန္းကေလးပရိသတ္မ်ားစြာကိုလည္းပိုင္ဆိုင္ထားတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ခ်စ္တဲ့ပရိသတ္ေတြကေတာ့ G Fattရဲ႕သီခ်င္းအသစ္ေတြ အႏုပညာလႈပ္ရွားမႈေတြအျပင္ အခ်စ္ေရးအေျခအေနကိုလည္းစိတ္ဝင္စားၾကတာျဖစ္ပါတယ္။
မၾကာေသးမီက Show ပြဲတစ္ခုမွာ သူ႔ရဲ႕ ပရိသတ္ေတြက ေမးတဲ့ ေမးခြန္းတစ္ခုကို အက်ိဳးအေၾကာင္းျပၿပီး ဥပမာဥပေမယ်ေတြနဲ႔ေျဖဆိုသြားတာကလည္း ေတာ္ေတာ္ေလးကိုစိတ္ဝင္စားဖြယ္ေကာင္းၿပီး ေလးစားဖြယ္အျပည့္ပါ။
G Fatt က Show ပြဲတစ္ခုမွာ သူ႔ရဲ႕ ပရိသတ္ေတြကို အခ်ိန္ေတြအၾကာႀကီးတြဲၿပီးမွျပတ္သြားတဲ့အေၾကာင္းေမးခြန္းနဲ႔ပတ္သက္ၿပီး ဥပမာျပေျဖဆိုခဲ့တာကေတာ့ ဒီလိုပါ။ G Fatt က “ပင္လယ္ကမ္းစပ္တစ္ခုမွာ မိန္းကေလးတစ္ေယာက္လဲက်ေသဆုံးေနတယ္။ ပထမတစ္ေယာက္က သူ႔ရဲ႕အက်ႌကိုခြၽတ္ၿပီး မိန္းကေလးရဲ႕ ေအာက္ပိုင္းကိုဖုံးေပးခဲ့တယ္။
နာရီဝက္ေလာက္ၾကာေတာ့ကမ္းစပ္မွာေလတိုက္ဘာတိုက္နဲ႔ အဲဒီအက်ႌက လြင့္သြားတယ္။ ေနာက္တစ္ေယာက္ထပ္ေရာက္လာတယ္။ အျမင္မေတာ္ဘူးျဖစ္ေနတဲ့အခါက်ေတာ့ ေအာက္ပိုင္းေရာအေပၚပိုင္းကိုပါ ေသေသခ်ာခ်ာဖုံးေပးခဲ့တယ္။ ေနာက္နာရီဝက္ေလာက္ေနေတာ့ အေပၚပိုင္းေရာေအာက္ပိုင္းေရာ နဂိုအတိုင္းျပန္ျဖစ္သြားတယ္။ ေနာက္ဆုံးတစ္ေယာက္ထပ္ေရာက္လာတယ္။
ေအာက္ပိုင္းေရာအေပၚပိုင္းေရာဖုံးေပးၿပီး ဒီေလာက္ဆိုအဆင္မေျပေလာက္ေသးဘူးဆိုၿပီး အဲဒီနားမွာတင္ က်င္းတူးတယ္၊ျမႇဳပ္တယ္၊ေသေသခ်ာခ်ာသၿဂိဳလ္ေပးခဲ့တယ္။ ေနာက္ဘဝတစ္ခုမွာ ေကာင္ေလးတစ္ေယာက္က အသည္းကြဲလို႔ငိုေနတယ္။ ခုနစ္ႏွစ္ေလာက္ႀကိဳက္ခဲ့တာတဲ့။ခုနစ္ႏွစ္ဆယ္ႏွစ္ထားပါေတာ့..ဆယ့္ငါးႏွစ္ အၾကာႀကီးႀကိဳက္ခဲ့တာ၊
အခုကြဲသြားၿပီးေတာ့ သူ ဆယ့္ငါးႏွစ္ေလာက္ႀကိဳက္ခဲ့တဲ့ ေကာင္မေလးက အျခားတစ္ေယာက္နဲ႔ ယူသြားလို႔တဲ့။ သူလည္းအမွားမလုပ္ခဲ့ဘူး အရမ္းခ်စ္ခဲ့တာ ဆယ့္ငါးႏွစ္အႏွစ္ႏွစ္ဆယ္ခ်စ္ခဲ့တာ။အျခားတစ္ေယာက္နဲ႔ယူာသြားတယ္။ၾကားရတဲ့လူက အဲဒီမွာ အဲဒီလူက ေကာင္ေလးရဲ႕ အိမ္ထဲကိုဝင္ၿပီးေျပာတယ္။
ခုနက အဲဒီအရင္ဘဝကို ျပန္ျပတယ္။ ေကာင္မေလးက ေသေနတယ္။ လူသုံးေယာက္ျဖတ္တယ္၊ေနာက္ဆုံးတစ္ေယာက္က ေျမျမႇဳပ္သြားတယ္။
အဲဒီမွာသူ႔ကိုေျပာတယ္။ မင္းဟာ ဒုတိယတစ္ေယာက္ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ ဒါမွမဟုတ္မင္းဟာ ပထမတစ္ေယာက္ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။လူေတြဟာ ေနာက္ဆုံးမွာတတိယတစ္ေယာက္နဲ႔ပဲဆုံလိမ့္မယ္။
ဘယ္ေလာက္ပဲခ်စ္ခဲ့ပါတယ္ ဘယ္ေလာက္ပဲငဲ့ညႇာဘယ္ေလာက္ပဲခ်စ္တယ္ေျပာေျပာ အေပၚပိုင္းအထိေသခ်ာဖုံးေပးခဲ့တဲ့ေကာင္က ေရွ႕မွာေစာင့္ေနရင္မင္းသူ႔ကံကိုမတြန္းလွန္ႏိုင္ဘူး၊ မင္းဘယ္ေလာက္ပဲအေပၚပိုင္းေရာေအာက္ပိုင္းေရာဖုံးခဲ့တယ္ေျပာေျပာ ေျမျမႇဳပ္ခဲ့တဲ့ေကာင္သာေရွ႕မွာေစာင့္ေနမယ္ဆိုရင္သူ႔ကံကိုဘယ္လိုမွမတြန္းလွန္ႏိုင္ဘူး။
မင္းဟာမင္းဘယ္ေလာက္ခ်စ္တယ္ေျပာေျပာ သူ႔ဇာတာကအဲဒီမွာပဲဆုံးလိမ့္မယ္တဲ့။ဘယ္သူ႔ကို ေျမျမႇဳပ္တဲ့အထိလုပ္ခဲ့လဲ ကြၽန္ေတာ္ကိုယ္တိုင္မသိတဲ့အတြက္ ခုနက ေမးခြန္း ကြၽန္ေတာ္တကယ္မေျဖႏိုင္ပါဘူးခင္ဗ်ာ”လို႔ေျပာသြားခဲ့တာပါ။
G Fatt ေျပာျပသြားတဲ့ပုံျပင္ေလးဟာ ပရိသတ္ေတြကိုကံတရားနဲ႔ပတ္သက္ၿပီးနားလည္ေစခဲ့သလို ေတြးစရာေတြလည္းအမ်ားႀကီးေပးသြားခဲ့ပါတယ္။ ပရိသတ္ႀကီးေရာ ဒီပုံျပင္ေလးနားေထာင္ၿပီး ကိုယ္က ဘယ္သူ႔ကိုေျမျမႇဳပ္တဲ့အထိလုပ္ေပးခဲ့တယ္ထင္လဲ။ ကိုယ့္ရဲ႕တတိယတစ္ေယာက္ကိုေရာ ရွာေဖြေတြ႕ရွိၾကၿပီလား။ေျပာခဲ့ၾကပါဦး။
share from: burmese.asia
Unicode ဖြင့်ဖတ်ရန်
နှစ်အကြာကြီး တွဲခဲ့ပြီးမှ ပြတ်ရတဲ့အကြောင်း ပြောပြလာတဲ့ G Fatt
G Fattကတော့ အနုပညာလောကမှာ ပရိသတ်အချစ်ကို သိမ်းပိုက်ထားနိုင်တဲ့ အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။သူရဲ့ သီချင်းတွေက လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ နေရာအပြည့်ယူနိုင်တဲ့ အဆိုတော်တစ်ယောက်ပါ။
သီချင်းတွေကို ခံစားချက်အပြည့်နဲ့ ရေးသားတတ်တဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ ကိုယ်ပိုင်သံစဉ်တွေကိုပဲ ပရိသတ်ရှေ့ချပြနိုင်အောင်ကြိုးစားနေသူတစ်ယောက်လို့ ဆိုလည်း မမှားပါဘူး။
ကိုယ်ပိုင်သီချင်းအေးအေးလေးတွေနဲ့ဖမ်းစားထားနိုင်သူတစ်ယောက်ပါ။ယောကျာ်းလေးပရိသတ်အပြင် မိန်းကလေးပရိသတ်များစွာကိုလည်းပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ချစ်တဲ့ပရိသတ်တွေကတော့ G Fattရဲ့သီချင်းအသစ်တွေ အနုပညာလှုပ်ရှားမှုတွေအပြင် အချစ်ရေးအခြေအနေကိုလည်းစိတ်ဝင်စားကြတာဖြစ်ပါတယ်။
မကြာသေးမီက Show ပွဲတစ်ခုမှာ သူ့ရဲ့ ပရိသတ်တွေက မေးတဲ့ မေးခွန်းတစ်ခုကို အကျိုးအကြောင်းပြပြီး ဥပမာဥပမေယျတွေနဲ့ဖြေဆိုသွားတာကလည်း တော်တော်လေးကိုစိတ်ဝင်စားဖွယ်ကောင်းပြီး လေးစားဖွယ်အပြည့်ပါ။
G Fatt က Show ပွဲတစ်ခုမှာ သူ့ရဲ့ ပရိသတ်တွေကို အချိန်တွေအကြာကြီးတွဲပြီးမှပြတ်သွားတဲ့အကြောင်းမေးခွန်းနဲ့ပတ်သက်ပြီး ဥပမာပြဖြေဆိုခဲ့တာကတော့ ဒီလိုပါ။ G Fatt က “ပင်လယ်ကမ်းစပ်တစ်ခုမှာ မိန်းကလေးတစ်ယောက်လဲကျသေဆုံးနေတယ်။ ပထမတစ်ယောက်က သူ့ရဲ့အင်္ကျီကိုချွတ်ပြီး မိန်းကလေးရဲ့ အောက်ပိုင်းကိုဖုံးပေးခဲ့တယ်။
နာရီဝက်လောက်ကြာတော့ကမ်းစပ်မှာလေတိုက်ဘာတိုက်နဲ့ အဲဒီအင်္ကျီက လွင့်သွားတယ်။ နောက်တစ်ယောက်ထပ်ရောက်လာတယ်။ အမြင်မတော်ဘူးဖြစ်နေတဲ့အခါကျတော့ အောက်ပိုင်းရောအပေါ်ပိုင်းကိုပါ သေသေချာချာဖုံးပေးခဲ့တယ်။ နောက်နာရီဝက်လောက်နေတော့ အပေါ်ပိုင်းရောအောက်ပိုင်းရော နဂိုအတိုင်းပြန်ဖြစ်သွားတယ်။ နောက်ဆုံးတစ်ယောက်ထပ်ရောက်လာတယ်။
အောက်ပိုင်းရောအပေါ်ပိုင်းရောဖုံးပေးပြီး ဒီလောက်ဆိုအဆင်မပြေလောက်သေးဘူးဆိုပြီး အဲဒီနားမှာတင် ကျင်းတူးတယ်၊မြှုပ်တယ်၊သေသေချာချာသဂြိုလ်ပေးခဲ့တယ်။ နောက်ဘဝတစ်ခုမှာ ကောင်လေးတစ်ယောက်က အသည်းကွဲလို့ငိုနေတယ်။ ခုနစ်နှစ်လောက်ကြိုက်ခဲ့တာတဲ့။ခုနစ်နှစ်ဆယ်နှစ်ထားပါတော့..ဆယ့်ငါးနှစ် အကြာကြီးကြိုက်ခဲ့တာ၊
အခုကွဲသွားပြီးတော့ သူ ဆယ့်ငါးနှစ်လောက်ကြိုက်ခဲ့တဲ့ ကောင်မလေးက အခြားတစ်ယောက်နဲ့ ယူသွားလို့တဲ့။ သူလည်းအမှားမလုပ်ခဲ့ဘူး အရမ်းချစ်ခဲ့တာ ဆယ့်ငါးနှစ်အနှစ်နှစ်ဆယ်ချစ်ခဲ့တာ။အခြားတစ်ယောက်နဲ့ယူာသွားတယ်။ကြားရတဲ့လူက အဲဒီမှာ အဲဒီလူက ကောင်လေးရဲ့ အိမ်ထဲကိုဝင်ပြီးပြောတယ်။
ခုနက အဲဒီအရင်ဘဝကို ပြန်ပြတယ်။ ကောင်မလေးက သေနေတယ်။ လူသုံးယောက်ဖြတ်တယ်၊နောက်ဆုံးတစ်ယောက်က မြေမြှုပ်သွားတယ်။
အဲဒီမှာသူ့ကိုပြောတယ်။ မင်းဟာ ဒုတိယတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါမှမဟုတ်မင်းဟာ ပထမတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်တယ်။လူတွေဟာ နောက်ဆုံးမှာတတိယတစ်ယောက်နဲ့ပဲဆုံလိမ့်မယ်။
ဘယ်လောက်ပဲချစ်ခဲ့ပါတယ် ဘယ်လောက်ပဲငဲ့ညှာဘယ်လောက်ပဲချစ်တယ်ပြောပြော အပေါ်ပိုင်းအထိသေချာဖုံးပေးခဲ့တဲ့ကောင်က ရှေ့မှာစောင့်နေရင်မင်းသူ့ကံကိုမတွန်းလှန်နိုင်ဘူး၊ မင်းဘယ်လောက်ပဲအပေါ်ပိုင်းရောအောက်ပိုင်းရောဖုံးခဲ့တယ်ပြောပြော မြေမြှုပ်ခဲ့တဲ့ကောင်သာရှေ့မှာစောင့်နေမယ်ဆိုရင်သူ့ကံကိုဘယ်လိုမှမတွန်းလှန်နိုင်ဘူး။
မင်းဟာမင်းဘယ်လောက်ချစ်တယ်ပြောပြော သူ့ဇာတာကအဲဒီမှာပဲဆုံးလိမ့်မယ်တဲ့။ဘယ်သူ့ကို မြေမြှုပ်တဲ့အထိလုပ်ခဲ့လဲ ကျွန်တော်ကိုယ်တိုင်မသိတဲ့အတွက် ခုနက မေးခွန်း ကျွန်တော်တကယ်မဖြေနိုင်ပါဘူးခင်ဗျာ”လို့ပြောသွားခဲ့တာပါ။
G Fatt ပြောပြသွားတဲ့ပုံပြင်လေးဟာ ပရိသတ်တွေကိုကံတရားနဲ့ပတ်သက်ပြီးနားလည်စေခဲ့သလို တွေးစရာတွေလည်းအများကြီးပေးသွားခဲ့ပါတယ်။ ပရိသတ်ကြီးရော ဒီပုံပြင်လေးနားထောင်ပြီး ကိုယ်က ဘယ်သူ့ကိုမြေမြှုပ်တဲ့အထိလုပ်ပေးခဲ့တယ်ထင်လဲ။ ကိုယ့်ရဲ့တတိယတစ်ယောက်ကိုရော ရှာဖွေတွေ့ရှိကြပြီလား။ပြောခဲ့ကြပါဦး။
share from: burmese.asia


မှတ်ချက်များ