“ျမန္မာလူမ်ဳိးေတြ စားေနၾကရတဲ့ ေနာက္ထပ္ အဆိပ္တမ်ဳိး”





Zawgyiျဖင့္ဖတ္ရန္

ျမန္မာလူမ်ဳိးေတြ ေန႔စဥ္စားေနရတဲ့ ဓာတုေဆးဝါး၊ ဆုိးေဆးေတြ၊ အစားအစာအတုေတြနဲ႔ ေဖာ္မလင္ေတြသာမက ေနာက္ထပ္ အဆိပ္တမ်ဳိး ေပၚလာျပန္ပါၿပီ။ ဒီအဆိပ္ဟာ ေရွ႕က ပစၥည္းေတြလုိပဲ ကင္ဆာေတြကုိ ျဖစ္ေစပါတယ္။ လူတုိင္းက ဒီပစၥည္းကုိ ေမ့ေနၾကပါတယ္။ ဒါေပမယ့္ အဲဒီပစၥည္းဟာလည္း ေၾကာက္ဖုိ႔ တကယ္ေကာငး္ပါတယ္။ ဘာပစၥည္းလဲဆုိတာ ေအာက္မွာ ေဖာ္ျပထားပါတယ္-



ျမန္မာျပည္သားအားလံုးအတြက္ ေစတနာန႔ဲ အမုန္းခံၿပီး ေျပာျပပါရေစ…..သတင္းစာသည္ စားစရာေအာက္ခံစကၠဴလံုး၀မဟုတ္ပါ စားစရာခံသည့္စကၠဴသီးသန္႔ရွိပါတယ္ သတင္းစာကိုရိုက္ေသာ မွင္ ကာဗြန္ဓာတ္မ်ားစားမိျခင္းသည္ အဆိပ္ကို စားမိသည္ႏွင့္တူပါ၏။

မုန္႔ေရာင္းသူမ်ားအေနျဖင့္ ေစတနာေလးပိုထည့္တာ စားသုံးသူမ်ား၏ က်န္းမာေရးကို အေလးထားသင့္ပါသည္ စားစရာခံသည့္ စကၠဴေလး၀ယ္၍ ထည့္ေရာင္းၾကပါ ျမန္မာႏိုင္ငံေနရာ ေတာ္ေတာ္ မ်ားမ်ား ေတြ႕ရမွာပါ။ သတင္းစာန႔ဲမုန္႔ေအာက္ခံ လုပ္ၾကတာ တခ်ိဳ႕ကိတ္မုန္႔တိုက္ေတြလည္း သုံးတာေတြ႕ရပါတယ္ ကိုယ့္ကိုကိုယ္ခ်စ္လၽွင္ မ၀ယ္စားပါႏွင့္ ငွက္ေပ်ာရြက္ သို႔ သီးသန္႔စကၠဴျဖင့္ ခံေရာင္းမွသာ ၀ယ္စားပါ။



ျမန္မာတႏိုင္ငံပဲ ရွိပါလိမ့္မယ္ ထင္ပါတယ္ ဒီလိုသတင္းစာႀကီးန႔ဲ မုန္႔ထည့္ထားတာ တခ်ိဳ႕ဆီေၾကာ္မုန္႔ေတြမွာဆို သတင္းစာက ကပ္ပါလာတ့ဲ စာလံုးမွင္အရိပ္ေတြေတာင္ ရွိပါတယ္ အလြယ္မႀကိဳက္ၾကပါန႔ဲ ျပဳျပင္ၾကပါ က်န္းမာေရး အသိအဆင့္အတန္းျမင့္ေသာ ႏိုင္ငံျဖစ္ၾကပါေစဟု….. စိတ္သန္လ်က္…ျပင္ရန္မလြယ္ႏိုင္ဟုသိပါေသာ္လည္း ၁ေယာက္၁ေလမ်ား သိသြားရင္ ေက်နပ္ပါၿပီ။

Unicode ဖြင့်ဖတ်ရန်



မြန်မာလူမျိုးတွေ နေ့စဉ်စားနေရတဲ့ ဓာတုဆေးဝါး၊ ဆိုးဆေးတွေ၊ အစားအစာအတုတွေနဲ့ ဖော်မလင်တွေသာမက နောက်ထပ် အဆိပ်တမျိုး ပေါ်လာပြန်ပါပြီ။ ဒီအဆိပ်ဟာ ရှေ့က ပစ္စည်းတွေလိုပဲ ကင်ဆာတွေကို ဖြစ်စေပါတယ်။ လူတိုင်းက ဒီပစ္စည်းကို မေ့နေကြပါတယ်။ ဒါပေမယ့် အဲဒီပစ္စည်းဟာလည်း ကြောက်ဖို့ တကယ်ကောင်းပါတယ်။ ဘာပစ္စည်းလဲဆိုတာ အောက်မှာ ဖော်ပြထားပါတယ်-



မြန်မာပြည်သားအားလုံးအတွက် စေတနာနဲ့ အမုန်းခံပြီး ပြောပြပါရစေ…..သတင်းစာသည် စားစရာအောက်ခံစက္ကူလုံးဝမဟုတ်ပါ စားစရာခံသည့်စက္ကူသီးသန့်ရှိပါတယ် သတင်းစာကိုရိုက်သော မှင် ကာဗွန်ဓာတ်များစားမိခြင်းသည် အဆိပ်ကို စားမိသည်နှင့်တူပါ၏။

မုန့်ရောင်းသူများအနေဖြင့် စေတနာလေးပိုထည့်တာ စားသုံးသူများ၏ ကျန်းမာရေးကို အလေးထားသင့်ပါသည် စားစရာခံသည့် စက္ကူလေးဝယ်၍ ထည့်ရောင်းကြပါ မြန်မာနိုင်ငံနေရာ တော်တော် များများ တွေ့ရမှာပါ။ သတင်းစာနဲ့မုန့်အောက်ခံ လုပ်ကြတာ တချို့ကိတ်မုန့်တိုက်တွေလည်း သုံးတာတွေ့ရပါတယ် ကိုယ့်ကိုကိုယ်ချစ်လျှင် မဝယ်စားပါနှင့် ငှက်ပျောရွက် သို့ သီးသန့်စက္ကူဖြင့် ခံရောင်းမှသာ ဝယ်စားပါ။



မြန်မာတနိုင်ငံပဲ ရှိပါလိမ့်မယ် ထင်ပါတယ် ဒီလိုသတင်းစာကြီးနဲ့ မုန့်ထည့်ထားတာ တချို့ဆီကြော်မုန့်တွေမှာဆို သတင်းစာက ကပ်ပါလာတဲ့ စာလုံးမှင်အရိပ်တွေတောင် ရှိပါတယ် အလွယ်မကြိုက်ကြပါနဲ့ ပြုပြင်ကြပါ ကျန်းမာရေး အသိအဆင့်အတန်းမြင့်သော နိုင်ငံဖြစ်ကြပါစေဟု….. စိတ်သန်လျက်…ပြင်ရန်မလွယ်နိုင်ဟုသိပါသော်လည်း ၁ယောက်၁လေများ သိသွားရင် ကျေနပ်ပါပြီ။


Credit:  စိန္ထြန္းဦး


မှတ်ချက်များ