အမ်ိဳးသားစာၾကည့္တိုက္ (ရန္ကုန္)ကို ႏိုင္ငံေတာ္သမၼတလာေရာက္ၾကည့္ရႈ
Zawgyi ျဖင့္ဖတ္ရန္
အမ်ိဳးသားစာၾကည့္တိုက္ (ရန္ကုန္) ကို ႏိုဝင္ဘာလ ၂၇ ရက္မနက္က ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ လာေရာက္ၾကည့္ရႈခဲ့ပါတယ္။အမ်ိဳးသားစာၾကည့္တိုက္ (ရန္ကုန္) ကိုေတာ့ အမွတ္ (၆၀၄၊၆၀၈) ကုန္သည္လမ္း၊ ပန္းဘဲတန္းၿမိဳ႕နယ္မွာ ေျပာင္းေ႐ႊ႕ဖြင့္လွစ္ထားပါတယ္။
ႏိုင္ငံတကာအလယ္မွာ ဝင့္ႂကြားစြာနဲ႔ ရပ္တည္ႏိုင္မယ့္ အဆင့္မီစာၾကည့္တိုက္ႀကီး ျဖစ္ေပၚလာဖို႔အတြက္ ရည္႐ြယ္ၿပီး အေဆာက္အအုံျပင္ဆင္မႈအပိုင္းကိုေတာ့ ၂၀၁၇ ခုႏွစ္ကတည္းက လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။
၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အကုန္မွာ အမ်ိဳးသားစာၾကည့္တိုက္ (ရန္ကုန္) ကို အမ်ားျပည္သူေတြလာေရာက္ႏိုင္ဖို႔ စတင္ ဖြင့္လွစ္သြားမွာျဖစ္ပါတယ္။
Credit:DVB
Unicode ဖြင့်ဖတ်ရန်
အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ကို နိုင်ငံတော်သမ္မတလာရောက်ကြည့်ရှု
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို နိုဝင်ဘာလ ၂၇ ရက်မနက်က နိုင်ငံတော်သမ္မတဦးဝင်းမြင့် လာရောက်ကြည့်ရှုခဲ့ပါတယ်။အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကိုတော့ အမှတ် (၆၀၄၊၆၀၈) ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်မှာ ပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်။
နိုင်ငံတကာအလယ်မှာ ဝင့်ကြွားစွာနဲ့ ရပ်တည်နိုင်မယ့် အဆင့်မီစာကြည့်တိုက်ကြီး ဖြစ်ပေါ်လာဖို့အတွက် ရည်ရွယ်ပြီး အဆောက်အအုံပြင်ဆင်မှုအပိုင်းကိုတော့ ၂၀၁၇ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အကုန်မှာ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို အများပြည်သူတွေလာရောက်နိုင်ဖို့ စတင် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
Credit:DVB


မှတ်ချက်များ