ကြမ္းစားတတ္သူမ်ား ေက်ာက္ကပ္ေဆးခ်င္ရင္



Zawgyiျဖင့္ဖတ္ရန္

ကြမ္းယာစားသူေရာ ကြမ္းဟာမစားသူေတြအတြက္ပါ ရည္႐ြယ္ၿပီး ဒီေဆးနည္းေလး ျပန္လည္မွ်ေဝပါရေစ။ ကိုယ္ေတြ႕ေပ်ာက္ကင္းသူရဲ႕ ေျပာျပခ်က္အရ ေဆးနည္းကေကာင္းတယ္။ ေဆးအေနနဲ႔က လြယ္ကူတယ္။

စစ္ကိုင္းၿမိဳ႕ ႐ြာေထာင္မီးရထားရပ္ကြက္က ကိုစိုးပိုင္ဆံသ ဆိုရင္ မသိသူ နည္းပါးပါမယ္။ သူကိုယ္တိုင္ကလည္း ဗမာေဆးကို တစိုက္မတ္မတ္ ေဖာ္စပ္ေနသူတစ္ဦးပါ။ ေဆးဝါးကုသတာ ဝါသနာထုံသူမို႔ ေက်ာက္ကပ္ေက်ာက္တည္သူ ကိုေက်ာ္သူရဲ႕ကိုယ္ေတြ႕ ေက်ာက္ကပ္ေက်ာက္တည္ျခင္းမွ ခံစားခံရတဲ့ဒုကၡကေန သက္သာခဲ့တဲ့ေဆးနည္းေလး လာေရာက္မွ်ေဝေပးခဲ့ပါတယ္။

ခံတက္ေခါက္ႏွင့္ ဗမာသံပုရာသီးအစစ္ ကို အရည္ညႇစ္ၿပီး စတီးဇြန္း တစ္ဇြန္းစာေသြးေသာက္ပါ။ ဆီးကေန ေက်ာက္ ေႂကြက်လာတာ ၃ လုံးခန္ ရေၾကာင္း အႀကီးဆုံးေက်ာက္ကို ေဆးနည္းေျပာရေအာင္ သိမ္းဆည္းထားတာျဖစ္ေၾကာင္း ရွင္းျပခဲ့တယ္။ ခံတက္ပင္ ဖတ္လွ်င္ ဂဒတ္ပင္ဟုအသံထြက္ပါတယ္။ ခံတက္ခ်ဥ္ တို႔စရာအျဖစ္ လူသိမ်ားပါတယ္။ အပင္မွာ အပင္ႀကီးမ်ိဳးႏြယ္ျဖစ္၍ အ႐ြက္မွာ ရာဘာ႐ြက္ႏွင့္ အေတာ္တူပါတယ္။

တပုံစံထဲပါ။ အပင္ေအာက္ေျခမွာ ပင္ပြားမ်ား ေပါက္ေနတတ္ပါတယ္။ အျမစ္ကို တူးယူ၍ စိုက္လွ်င္ အပင္ရွင္ပါတယ္။ ရန္ကုန္တိုင္းႏွင့္ ဧရာဝတီတိုင္းမွာ ေပါမ်ားစြာ ေပါက္ေရာက္ပါတယ္။ ခံတက္ေခါက္လို႔ ေရးထားတာက ခံတက္အပင္၏ အေခါက္ကို ဆိုလိုပါတယ္။ ေဆအၫြန္းမွာ ခံတက္ေခါက္ကို အၾကမ္းပန္ကန္တဝက္ခန္႔ ရေအာင္ေသြး၍ သံပုရာသီးတစ္လုံး ညႇစ္ထည့္၍ ေသာက္ပါ။

ေရာဂါအႏုအရင့္ကို ၾကည့္၍ ခ်ိန္ေသာက္ပါ။ ပိုေသာက္၍လည္း အႏၲရာယ္မရွိပါ။ ကိုယ္ခႏၶာေဖာေရာင္ျခင္းကိုလည္း ေသြးေသာက္ျခင္း ေသြးလိမ္းျခင္းတို႔ျဖင့္ သက္သာေပ်ာက္ကင္းႏိုင္ပါတယ္။ ခံတက္ပင္ကို ၿခံဝင္းအတြင္းစိုက္ပ်ိဳးျခင္းျဖင့္ အတိတ္နမိတ္အရ စီးပြားတတ္ေစပါတယ္ရွင္။ လူသားေတြအားလုံး ေရာဂါဘယ ကင္းေဝးေစဖို႔ ေဆးနည္းေကာင္းေလး မွ်ေဝေပးလိုက္တာပါ။


Unicode ဖြင့်ဖတ်ရန်


ကွမ်းယာစားသူရော ကွမ်းဟာမစားသူတွေအတွက်ပါ ရည်ရွယ်ပြီး ဒီဆေးနည်းလေး ပြန်လည်မျှဝေပါရစေ။ ကိုယ်တွေ့ပျောက်ကင်းသူရဲ့ ပြောပြချက်အရ ဆေးနည်းကကောင်းတယ်။ ဆေးအနေနဲ့က လွယ်ကူတယ်။

စစ်ကိုင်းမြို့ ရွာထောင်မီးရထားရပ်ကွက်က ကိုစိုးပိုင်ဆံသ ဆိုရင် မသိသူ နည်းပါးပါမယ်။ သူကိုယ်တိုင်ကလည်း ဗမာဆေးကို တစိုက်မတ်မတ် ဖော်စပ်နေသူတစ်ဦးပါ။ ဆေးဝါးကုသတာ ဝါသနာထုံသူမို့ ကျောက်ကပ်ကျောက်တည်သူ ကိုကျော်သူရဲ့ကိုယ်တွေ့ ကျောက်ကပ်ကျောက်တည်ခြင်းမှ ခံစားခံရတဲ့ဒုက္ခကနေ သက်သာခဲ့တဲ့ဆေးနည်းလေး လာရောက်မျှဝေပေးခဲ့ပါတယ်။

ခံတက်ခေါက်နှင့် ဗမာသံပုရာသီးအစစ် ကို အရည်ညှစ်ပြီး စတီးဇွန်း တစ်ဇွန်းစာသွေးသောက်ပါ။ ဆီးကနေ ကျောက် ကြွေကျလာတာ ၃ လုံးခန် ရကြောင်း အကြီးဆုံးကျောက်ကို ဆေးနည်းပြောရအောင် သိမ်းဆည်းထားတာဖြစ်ကြောင်း ရှင်းပြခဲ့တယ်။ ခံတက်ပင် ဖတ်လျှင် ဂဒတ်ပင်ဟုအသံထွက်ပါတယ်။ ခံတက်ချဉ် တို့စရာအဖြစ် လူသိများပါတယ်။ အပင်မှာ အပင်ကြီးမျိုးနွယ်ဖြစ်၍ အရွက်မှာ ရာဘာရွက်နှင့် အတော်တူပါတယ်။

တပုံစံထဲပါ။ အပင်အောက်ခြေမှာ ပင်ပွားများ ပေါက်နေတတ်ပါတယ်။ အမြစ်ကို တူးယူ၍ စိုက်လျှင် အပင်ရှင်ပါတယ်။ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှာ ပေါများစွာ ပေါက်ရောက်ပါတယ်။ ခံတက်ခေါက်လို့ ရေးထားတာက ခံတက်အပင်၏ အခေါက်ကို ဆိုလိုပါတယ်။ ဆေအညွန်းမှာ ခံတက်ခေါက်ကို အကြမ်းပန်ကန်တဝက်ခန့် ရအောင်သွေး၍ သံပုရာသီးတစ်လုံး ညှစ်ထည့်၍ သောက်ပါ။

ရောဂါအနုအရင့်ကို ကြည့်၍ ချိန်သောက်ပါ။ ပိုသောက်၍လည်း အန္တရာယ်မရှိပါ။ ကိုယ်ခန္ဓာဖောရောင်ခြင်းကိုလည်း သွေးသောက်ခြင်း သွေးလိမ်းခြင်းတို့ဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။ ခံတက်ပင်ကို ခြံဝင်းအတွင်းစိုက်ပျိုးခြင်းဖြင့် အတိတ်နမိတ်အရ စီးပွားတတ်စေပါတယ်ရှင်။ လူသားတွေအားလုံး ရောဂါဘယ ကင်းဝေးစေဖို့ ဆေးနည်းကောင်းလေး မျှဝေပေးလိုက်တာပါ။






မှတ်ချက်များ