Zawgyiျဖင့္ဖတ္ရန္
မၾကာေသးခင္က သ႐ုပ္ေဆာင္မိုးေအာင္ရင္ဟာ သူ႔ရဲ႕ ခ်စ္သူေကာင္မေလးနဲ႔ လမ္းခြဲျပတ္စဲေၾကာင္းကို ေၾကညာခဲ့ တာကို ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါ။အခုလို လမ္းခြဲရတဲ့ အေၾကာင္းအရင္းကလည္း ေကာင္မေလးဟာ မူးယစ္ေဆးဝါးျပန္လည္သုံးစြဲေနတာေၾကာင့္ျဖစ္တယ္လို႔လည္း သိရွိရပါတယ္။မိုးေအာင္ရင္ကိုယ္တိုင္ကလည္း မူးယစ္ေဆးဝါးသုံးစြဲခဲ့မိတာေၾကာင့္ လြန္ခဲ့တဲ့ (၃)ႏွစ္တာကာလတစ္ခုလုံးကို ေပးဆပ္ခဲ့ရၿပီး လက္ရွိအခ်ိန္မွာ အေကာင္းဆုံးျပန္လည္ႀကိဳးစားကာ လိမ္လိမ္မာမာနဲ႔ ေနထိုင္ေနတာကိုလည္း ပရိသတ္ေတြ ေတြ႕ျမင္ေနရမွာပါ။
အခုလို မူးယစ္ေဆးဝါးသုံးစြဲေနတာေၾကာင့္ လမ္းခြဲလိုက္တယ္လို႔ ေၾကညာလိုက္တဲ့ အေပၚမွာ တခ်ိဳ႕ေသာပရိသတ္ေတြကေတာ့ မိန္းကေလးဘက္ကို ထိခိုက္နစ္နာတယ္လို႔ ေဝဖန္အျပစ္တင္ေျပာဆိုေနၾကတဲ့ အေပၚကိုလည္း “အခုလိုေျပာရတာကလည္း အေဖကလည္း ကြၽန္ေတာ္ကိုေျပာေစခ်င္တယ္။ တိုက္တြန္းတယ္။ေနာက္တစ္ခုက ပရိသတ္ေတြ အေစာႀကီးကတည္းက စိတ္ပူခဲ့ရတဲ့ အရာတစ္ခုကို ကြၽန္ေတာ္တို႔မွာ ဒါႀကီးကို ထပ္ၿပီး ႀကဳံလာရတဲ့ အခါက်ေတာ့ စိတ္မေကာင္းျခင္းမ်ားစြာနဲ႔ ကြၽန္ေတာ္ကလည္း ေျပာျပခဲ့ရတာပါ။တစ္ဖက္လူကို နစ္နာေစခ်င္လို႔ အရွက္ကြဲေစခ်င္လို႔ ေျပာတာလည္း မဟုတ္ပါဘူးလို႔”မိုးေအာင္ရင္က ေျပာထားပါေသးတယ္။
မိုးေအာင္ရင္ရဲ႕ ဖခင္ျဖစ္သူ ဦးေအာင္ရင္ကလည္း “တျခားမိဘဆိုရင္ေတာ့ ေဒါသအေလွ်ာက္ ဒီေလာက္ေတာင္ေျပာဆိုၿပီးတားထားတဲ့ၾကားထဲက ဒီေလာက္ေတာင္ျဖစ္လွတာ ငါ့သားေတာ့ အထိခိုက္မခံဘူး။အဲ့ဒီေကာင္မေလးကိုေတာ့ ရဲလက္အပ္လိုက္မလား။ ဘယ္လိုလုပ္မလဲ။လုပ္မယ္ဆိုရင္ေတာင္ လုပ္ႏိုင္တဲ့ အေနအထားေတြရွိပါတယ္။ဦးကေတာ့ သားသမီးခ်င္း ကိုယ္ခ်င္းစာတဲ့အေနနဲ႔ ဦးတို႔လည္း မလုပ္ပါဘူး။အခုလိုေျပာရတာကလည္း ေျပာသင့္တယ္ထင္လို႔ တစ္ခါတည္းေျပာခိုင္းလိုက္တာ စိတ္ထဲမွာရွိတာကို ေျဗာင္ပဲေျပာခ်င္တယ္”လို႔ ဆိုလာတာပဲျဖစ္ပါတယ္။
Unicode ဖြင့်ဖတ်ရန်
မကြာသေးခင်က သရုပ်ဆောင်မိုးအောင်ရင်ဟာ သူ့ရဲ့ ချစ်သူကောင်မလေးနဲ့ လမ်းခွဲပြတ်စဲကြောင်းကို ကြေညာခဲ့ တာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။အခုလို လမ်းခွဲရတဲ့ အကြောင်းအရင်းကလည်း ကောင်မလေးဟာ မူးယစ်ဆေးဝါးပြန်လည်သုံးစွဲနေတာကြောင့်ဖြစ်တယ်လို့လည်း သိရှိရပါတယ်။မိုးအောင်ရင်ကိုယ်တိုင်ကလည်း မူးယစ်ဆေးဝါးသုံးစွဲခဲ့မိတာကြောင့် လွန်ခဲ့တဲ့ (၃)နှစ်တာကာလတစ်ခုလုံးကို ပေးဆပ်ခဲ့ရပြီး လက်ရှိအချိန်မှာ အကောင်းဆုံးပြန်လည်ကြိုးစားကာ လိမ်လိမ်မာမာနဲ့ နေထိုင်နေတာကိုလည်း ပရိသတ်တွေ တွေ့မြင်နေရမှာပါ။
အခုလို မူးယစ်ဆေးဝါးသုံးစွဲနေတာကြောင့် လမ်းခွဲလိုက်တယ်လို့ ကြေညာလိုက်တဲ့ အပေါ်မှာ တချို့သောပရိသတ်တွေကတော့ မိန်းကလေးဘက်ကို ထိခိုက်နစ်နာတယ်လို့ ဝေဖန်အပြစ်တင်ပြောဆိုနေကြတဲ့ အပေါ်ကိုလည်း “အခုလိုပြောရတာကလည်း အဖေကလည်း ကျွန်တော်ကိုပြောစေချင်တယ်။ တိုက်တွန်းတယ်။နောက်တစ်ခုက ပရိသတ်တွေ အစောကြီးကတည်းက စိတ်ပူခဲ့ရတဲ့ အရာတစ်ခုကို ကျွန်တော်တို့မှာ ဒါကြီးကို ထပ်ပြီး ကြုံလာရတဲ့ အခါကျတော့ စိတ်မကောင်းခြင်းများစွာနဲ့ ကျွန်တော်ကလည်း ပြောပြခဲ့ရတာပါ။တစ်ဖက်လူကို နစ်နာစေချင်လို့ အရှက်ကွဲစေချင်လို့ ပြောတာလည်း မဟုတ်ပါဘူးလို့”မိုးအောင်ရင်က ပြောထားပါသေးတယ်။
မိုးအောင်ရင်ရဲ့ ဖခင်ဖြစ်သူ ဦးအောင်ရင်ကလည်း “တခြားမိဘဆိုရင်တော့ ဒေါသအလျှောက် ဒီလောက်တောင်ပြောဆိုပြီးတားထားတဲ့ကြားထဲက ဒီလောက်တောင်ဖြစ်လှတာ ငါ့သားတော့ အထိခိုက်မခံဘူး။အဲ့ဒီကောင်မလေးကိုတော့ ရဲလက်အပ်လိုက်မလား။ ဘယ်လိုလုပ်မလဲ။လုပ်မယ်ဆိုရင်တောင် လုပ်နိုင်တဲ့ အနေအထားတွေရှိပါတယ်။ဦးကတော့ သားသမီးချင်း ကိုယ်ချင်းစာတဲ့အနေနဲ့ ဦးတို့လည်း မလုပ်ပါဘူး။အခုလိုပြောရတာကလည်း ပြောသင့်တယ်ထင်လို့ တစ်ခါတည်းပြောခိုင်းလိုက်တာ စိတ်ထဲမှာရှိတာကို ဗြောင်ပဲပြောချင်တယ်”လို့ ဆိုလာတာပဲဖြစ်ပါတယ်။
Credit: Cele Gabar


မှတ်ချက်များ