တစ္ေယာက္နဲ႕တစ္ေယာက္ ေတာ္ေတာ္နဲ႕မက ြဲနုိင္တဲ႔စံုတ ြဲမ်ိဳးဆိုတာ…
Zawgyiျဖင့္ဖတ္ရန္
တစ္ကယ္ခ်စ္ျကျပီးရင္နဲ႕တစ္မ်ွတစ္ေယာက္ေပၚတစ္ေယာက္နားလည္ခံစားေပးတတ္ျကတဲ႔ အတြဲဆို တာဒီလိုေလးပါ…
(၁) တစ္ေယာက္ကို တစ္ေယာက္အျပင္းထန္ေျပာင္းလဲဖို႕မျကိုးစားျကဘူး
တစ္ေယာက္ကိုတစ္ေယာက္အျပင္းအထန္ေျပာင္းလဲဖို႕မျကိုးစားျကဘူးတကယ္ခ်စ္ျကတဲ႔သူေတြဟာ တစ္ေယာက္ကိုတစ္ေယာက္ အတင္းအျကပ္ပံုစံသြင္း ေျပာင္းယူျခင္းမ်ိဳးမရွိတတ္ျကပါဘူး။ အတၱစိတ္နည္းပါးတဲ႔ခ်စ္ျခင္းတရားေျကာင္႔ တစ္ေယာက္ကိုတစ္ေယာက္ခ်စ္လို႔ေျပာင္းလဲသြားတာမ်ိဳးပဲရွိတတ္ျကပါတယ္။
(၂) တူတူရွိေနခ်ိန္မွာ တစ္ေယာက္ေပၚတစ္ေယာက္စိတ္၀င္စားေနတယ္
တူတူရွိေနခ်ိန္မွာတစ္ေယာက္ကိုတစ္ေယာက္စိတ္၀င္စားတယ္နွစ္ေယာက္သားအတူဆံုခ်ိန္မွာ တစ္ေယာက္အတြက္ တစ္ေယာက္က Importantပါပဲ။ တစ္ျခားအရာေတြကို စိတ္၀င္စားျခင္းသိပ္မရွိေတာ႔ပဲ ကိုယ္႔ခ်စ္သူတစ္ေယာက္ကိုသာ မ်က္လံုးထဲျမင္တတ္ျကတဲ႔သေဘာပါ။
(၃) အနာဂတ္ရည္မွန္းခ်က္မွာတစ္ေယာက္ကို တစ္ေယာက္ထည္႔သ ြင္းစဥ္းစားထားတယ္
အနာဂတ္ရည္မွန္းခ်က္တိုင္းမွာ တစ္ေယာက္နဲ႕တစ္ေယာက္ထည္႔သြင္းထားတယ္တစ္ေယာက္ရဲ႕အနာဂတ္ တစ္ေယာက္ရဲ႕ဘ၀ေရွ႕ေရးမွာ တစ္ေယာက္ပါေနျပီဆိုရင္ေတာ႔ ေသခ်ာပါတယ္ သူ႕အတြက္သင္ဟာ မရွိမျဖစ္ပါပဲ။
(၄) ဘ၀ရဲ႕ဦးစားေပး ေရြးခ်ယ္မႈ ေတ ြကတူညီေနတတ္ျကတယ္
ဘ၀ရဲ႕ဦးစားေပးေရြးခ်ယ္ခ်က္ေတြက တူညီတတ္ျကတယ္လက္တြဲဖို႕ကံပါလာတဲ႔လူနွစ္ေယာက္ရဲ႕ဦးတည္ခ်က္ ဦးစားေပးမႈ ဘ၀မွာ အေရးပါမႈေတြဟာ တူညီတတ္ျကပါတယ္။ ဥပမာ တစ္ေယာက္အတြက္ ဘ၀မွာ အေရးပါဆံုးအရာက ေမတၱာတရားဆို ေနာက္တစ္ေယာက္ရဲ႕အယူအဆကလည္းထိုနည္းလည္းေကာင္းျဖစ္ေနတတ္တာမ်ိဳးပါ။
(၅) တစ္ေယာက္ခံစားခ်က္ကို တစ္ေယာက္ ေျပာျပ မ ေနရင္ေတာင္သိတယ္
တစ္ေယာက္ခံစားခ်က္ကို တစ္ေယာက္ေျပာျပမေနရင္ေတာင္သိတယ္တစ္ေယာက္ရဲ႕ခံစားေနရတဲ႔ခံစားခ်က္ေတြကို ပါးစပ္နဲ႕ေတာင္ထုတ္ေျပာစရာမလုိပဲ တစ္ခ်ိဳ႕ခံစားခ်က္ေတြက မ်က္လံုးျကည္႔တာနဲ႕ေတာင္သိေစနိုင္တယ္။
(၆) ရူးတူးတူးေပါေျကာင္ေျကာင္လုိ႕ထင္ရတဲ႔အလုပ္ေတ ြကိုတူတူလုပ္ခဲ႔ဖူးတယ္
ရူးတူးတူး ေပါေျကာင္ေျကာင္လို႕ထင္ရတဲ႔အလုပ္ေတြကိုတူတူလုပ္ခဲ႔ဖူးတယ္သိပ္ကိုခ်စ္မြသြားျကတဲ႔အတြဲေတြဟာ တစ္ေယာက္နဲ႕တစ္ေယာက္အနားမွာရွိေနရင္ကိုေပ်ာ္ေနတတ္ျကတာပါ။ ဒါေျကာင္႔ လည္းစိတ္လြတ္ကိုယ္လြတ္စိတ္တူကိုယ္တူ ရူးခဲ႔့ျကတဲ႔အခ်ိန္ေတြ အမွတ္တရအခ်ိန္ေတြသူတို႕မွာ အမ်ားျကီးပါ။
(၇) ဘ၀ ေနထုိင္မႈပံုစံ ေတြက တစ္ေယာက္နဲ႕တစ္ေယာက္ အခ်က္မ်ားမ်ားတူေနျကတယ္
ေတာ္ေတာ္မ်ားမ်ား ကိုတူညီတဲ႔ဘ၀ေနထုိင္မႈပံုစံေတြရွိတတ္ျကတယ္တစ္ေယာက္နဲ႕တစ္ေယာက္ထူးထူးျခားျခားျကီးကြဲျပားျခားနားေနတာမ်ိဳးမရွိပဲ ျကိုက္နွစ္သက္တဲ႔ေနထုိင္မႈပံုစံေတြက တူေနတတ္တာမ်ိဳးပါ။
Credit:Trend Myanmar
Unicodeဖြင့်ဖတ်ရန်
တစ်ယောက်နဲ့တစ်ယောက် တော်တော်နဲ့မက ွဲနိုင်တဲ့စုံတ ွဲမျိုးဆိုတာ…
တစ်ကယ်ချစ်ကြပြီးရင်နဲ့တစ်မျှတစ်ယောက်ပေါ်တစ်ယောက်နားလည်ခံစားပေးတတ်ကြတဲ့ အတွဲဆို တာဒီလိုလေးပါ…
(၁) တစ်ယောက်ကို တစ်ယောက်အပြင်းထန်ပြောင်းလဲဖို့မကြိုးစားကြဘူး
တစ်ယောက်ကိုတစ်ယောက်အပြင်းအထန်ပြောင်းလဲဖို့မကြိုးစားကြဘူးတကယ်ချစ်ကြတဲ့သူတွေဟာ တစ်ယောက်ကိုတစ်ယောက် အတင်းအကြပ်ပုံစံသွင်း ပြောင်းယူခြင်းမျိုးမရှိတတ်ကြပါဘူး။ အတ္တစိတ်နည်းပါးတဲ့ချစ်ခြင်းတရားကြောင့် တစ်ယောက်ကိုတစ်ယောက်ချစ်လို့ပြောင်းလဲသွားတာမျိုးပဲရှိတတ်ကြပါတယ်။
(၂) တူတူရှိနေချိန်မှာ တစ်ယောက်ပေါ်တစ်ယောက်စိတ်ဝင်စားနေတယ်
တူတူရှိနေချိန်မှာတစ်ယောက်ကိုတစ်ယောက်စိတ်ဝင်စားတယ်နှစ်ယောက်သားအတူဆုံချိန်မှာ တစ်ယောက်အတွက် တစ်ယောက်က Importantပါပဲ။ တစ်ခြားအရာတွေကို စိတ်ဝင်စားခြင်းသိပ်မရှိတော့ပဲ ကိုယ့်ချစ်သူတစ်ယောက်ကိုသာ မျက်လုံးထဲမြင်တတ်ကြတဲ့သဘောပါ။
(၃) အနာဂတ်ရည်မှန်းချက်မှာတစ်ယောက်ကို တစ်ယောက်ထည့်သ ွင်းစဉ်းစားထားတယ်
အနာဂတ်ရည်မှန်းချက်တိုင်းမှာ တစ်ယောက်နဲ့တစ်ယောက်ထည့်သွင်းထားတယ်တစ်ယောက်ရဲ့အနာဂတ် တစ်ယောက်ရဲ့ဘဝရှေ့ရေးမှာ တစ်ယောက်ပါနေပြီဆိုရင်တော့ သေချာပါတယ် သူ့အတွက်သင်ဟာ မရှိမဖြစ်ပါပဲ။
(၄) ဘဝရဲ့ဦးစားပေး ရွေးချယ်မှု တေ ွကတူညီနေတတ်ကြတယ်
ဘဝရဲ့ဦးစားပေးရွေးချယ်ချက်တွေက တူညီတတ်ကြတယ်လက်တွဲဖို့ကံပါလာတဲ့လူနှစ်ယောက်ရဲ့ဦးတည်ချက် ဦးစားပေးမှု ဘဝမှာ အရေးပါမှုတွေဟာ တူညီတတ်ကြပါတယ်။ ဥပမာ တစ်ယောက်အတွက် ဘဝမှာ အရေးပါဆုံးအရာက မေတ္တာတရားဆို နောက်တစ်ယောက်ရဲ့အယူအဆကလည်းထိုနည်းလည်းကောင်းဖြစ်နေတတ်တာမျိုးပါ။
(၅) တစ်ယောက်ခံစားချက်ကို တစ်ယောက် ပြောပြ မ နေရင်တောင်သိတယ်
တစ်ယောက်ခံစားချက်ကို တစ်ယောက်ပြောပြမနေရင်တောင်သိတယ်တစ်ယောက်ရဲ့ခံစားနေရတဲ့ခံစားချက်တွေကို ပါးစပ်နဲ့တောင်ထုတ်ပြောစရာမလိုပဲ တစ်ချို့ခံစားချက်တွေက မျက်လုံးကြည့်တာနဲ့တောင်သိစေနိုင်တယ်။
(၆) ရူးတူးတူးပေါကြောင်ကြောင်လို့ထင်ရတဲ့အလုပ်တေ ွကိုတူတူလုပ်ခဲ့ဖူးတယ်
ရူးတူးတူး ပေါကြောင်ကြောင်လို့ထင်ရတဲ့အလုပ်တွေကိုတူတူလုပ်ခဲ့ဖူးတယ်သိပ်ကိုချစ်မွသွားကြတဲ့အတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက်အနားမှာရှိနေရင်ကိုပျော်နေတတ်ကြတာပါ။ ဒါကြောင့် လည်းစိတ်လွတ်ကိုယ်လွတ်စိတ်တူကိုယ်တူ ရူးခဲ့ကြတဲ့အချိန်တွေ အမှတ်တရအချိန်တွေသူတို့မှာ အများကြီးပါ။
(၇) ဘ၀ နေထိုင်မှုပုံစံ တွေက တစ်ယောက်နဲ့တစ်ယောက် အချက်များများတူနေကြတယ်
တော်တော်များများ ကိုတူညီတဲ့ဘဝနေထိုင်မှုပုံစံတွေရှိတတ်ကြတယ်တစ်ယောက်နဲ့တစ်ယောက်ထူးထူးခြားခြားကြီးကွဲပြားခြားနားနေတာမျိုးမရှိပဲ ကြိုက်နှစ်သက်တဲ့နေထိုင်မှုပုံစံတွေက တူနေတတ်တာမျိုးပါ။
Credit:Trend Myanmar


မှတ်ချက်များ