Zawgyiျဖင့္ဖတ္ရန္
ႏိုင္ငံတကာရဲ႕ လက္ေ႐ြးစင္အသင္းေတြရဲ႕ အဆင့္သတ္မွတ္ေဖာ္ျပခ်က္ကို ဖီဖာေဘာလုံးအဖြဲ႕ခ်ဳပ္ကေနၿပီးေတာ့ လစဥ္တိုးတက္မႈေတြကို သတ္မွတ္ထုတ္ျပန္ေပးလွ်က္ရွိရာမွာ ယခင္လကေတာ့ အေျပာင္းအလဲ မရွိခဲ့တဲ့ ျမန္မာလက္ေ႐ြးစဥ္အသင္းကေတာ့ အဆင့္ ၁၃၆ ကိုျမင့္တက္ခဲ့ၿပီးေတာ့ အဆင့္ ၁၁ ဆင့္ ျမင့္တက္လာတာကိုေတြ႕ရွိရပါတယ္။ ဖီဖာရဲ႕ ထုတ္ျပန္ခ်က္အရ အဆင့္ ၁-၅ အထိ ႏိုင္ငံေတြျဖစ္တဲ့ ဘယ္လ္ဂ်ီယံ- ျပင္သစ္- ဘရာဇီး- အဂၤလန္ နဲ႔ ဥ႐ုေဂြးအသင္းေတြကေတာ့ ေျပာင္းလဲမႈ မရွိပါဘူး။
ဖီဖာကမာၻ႔ဖလား ၂၀၂၀ ေျခစစ္ပြဲစဥ္ေတြမွာေတာ့ ျမန္မာအသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ တာဂ်စ္ကစၥတန္ကို ၄ ဂိုး ၃ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီးေတာ့ မြန္ဂိုးလီးယားအသင္းကိုေတာ့ ၁ ဂိုး ၀ နဲ႔ ႏွစ္ပြဲဆက္တိုက္အႏိုင္ရရွိခဲ့တာေၾကာင့္လည္း ယခုလိုအဆင့္ ၁၁ ဆင့္ တိုးတက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ၿပီးေတာ့ “ျမန္မာအသင္းဟာ ေျခစစ္ပြဲမွာ ေပါက္ကြဲထက္လာတဲ့ အာရွတစ္ခြင္မွာ စိတ္ဝင္စားမႈျဖစ္ေစခဲ့တယ္” လို႔လည္း ဖီဖာက ထုတ္ျပန္ခ်ီးက်ဴးထားတာကိုေတြ႕ရွိရပါတယ္။အခုလို အဆင့္ ၁၁ ဆင့္ ခုန္တက္သြားတာဟာ ျမန္မာတစ္သင္းတည္းရွိၿပီးေတာ့ကူဝိတ္ကေတာ့ အဆင့္ ၉ ဆင့္အထိ တက္ေရာက္ႏိုင္ခဲ့တယ္လို႔ ထုတ္ျပန္ေျပာဆိုထားပါတယ္။
ဗီယက္နမ္အသင္းကေတာ့ အာဆီယံေဒသမွာ ဦးေဆာင္ေနၿပီးေတာ့ ထိုင္း ၊ ဖိလစ္ပိုင္ ၊တို႔ရဲ႕ ေနာက္မွာေတာ့ ျမန္မာ ရပ္တည္လာခဲ့ပါၿပီေနာ္။ အခုလို အဆင့္ ၁၁ ဆင့္ တက္ေအာင္ ႀကိဳးစားၾကတဲ့ ျမန္မာလက္ေ႐ြးစင္ကစားသမားမ်ားနဲ႔ ေထာက္ပံ့ေပးၾကတဲ့သူေတြ အာလုံးကို ေက်းဇူးတင္မိပါတယ္ေနာ္။
Unicode ဖြင့်ဖတ်ရန်

နိုင်ငံတကာရဲ့ လက်ရွေးစင်အသင်းတွေရဲ့ အဆင့်သတ်မှတ်ဖော်ပြချက်ကို ဖီဖာဘောလုံးအဖွဲ့ချုပ်ကနေပြီးတော့ လစဉ်တိုးတက်မှုတွေကို သတ်မှတ်ထုတ်ပြန်ပေးလျှက်ရှိရာမှာ ယခင်လကတော့ အပြောင်းအလဲ မရှိခဲ့တဲ့ မြန်မာလက်ရွေးစဉ်အသင်းကတော့ အဆင့် ၁၃၆ ကိုမြင့်တက်ခဲ့ပြီးတော့ အဆင့် ၁၁ ဆင့် မြင့်တက်လာတာကိုတွေ့ရှိရပါတယ်။ ဖီဖာရဲ့ ထုတ်ပြန်ချက်အရ အဆင့် ၁-၅ အထိ နိုင်ငံတွေဖြစ်တဲ့ ဘယ်လ်ဂျီယံ- ပြင်သစ်- ဘရာဇီး- အင်္ဂလန် နဲ့ ဥရုဂွေးအသင်းတွေကတော့ ပြောင်းလဲမှု မရှိပါဘူး။
ဖီဖာကမ္ဘာ့ဖလား ၂၀၂၀ ခြေစစ်ပွဲစဉ်တွေမှာတော့ မြန်မာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ တာဂျစ်ကစ္စတန်ကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးတော့ မွန်ဂိုးလီးယားအသင်းကိုတော့ ၁ ဂိုး ၀ နဲ့ နှစ်ပွဲဆက်တိုက်အနိုင်ရရှိခဲ့တာကြောင့်လည်း ယခုလိုအဆင့် ၁၁ ဆင့် တိုးတက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးတော့ “မြန်မာအသင်းဟာ ခြေစစ်ပွဲမှာ ပေါက်ကွဲထက်လာတဲ့ အာရှတစ်ခွင်မှာ စိတ်ဝင်စားမှုဖြစ်စေခဲ့တယ်” လို့လည်း ဖီဖာက ထုတ်ပြန်ချီးကျူးထားတာကိုတွေ့ရှိရပါတယ်။အခုလို အဆင့် ၁၁ ဆင့် ခုန်တက်သွားတာဟာ မြန်မာတစ်သင်းတည်းရှိပြီးတော့ကူဝိတ်ကတော့ အဆင့် ၉ ဆင့်အထိ တက်ရောက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဗီယက်နမ်အသင်းကတော့ အာဆီယံဒေသမှာ ဦးဆောင်နေပြီးတော့ ထိုင်း ၊ ဖိလစ်ပိုင် ၊တို့ရဲ့ နောက်မှာတော့ မြန်မာ ရပ်တည်လာခဲ့ပါပြီနော်။ အခုလို အဆင့် ၁၁ ဆင့် တက်အောင် ကြိုးစားကြတဲ့ မြန်မာလက်ရွေးစင်ကစားသမားများနဲ့ ထောက်ပံ့ပေးကြတဲ့သူတွေ အာလုံးကို ကျေးဇူးတင်မိပါတယ်နော်။
Credit: Shwe Yaung Lan

မှတ်ချက်များ