မီးေလာင္အိမ္ရဲ႕ မွန္ျပတင္းမွာ ထင္က်န္ရစ္ခဲ့တဲ့ ေျခာက္ျခားဖြယ္ရာ လက္ဝါးအရာေလး
Zawgyiျဖင့္ဖတ္ရန္
ကိုလံဘီယာႏုိင္ငံက လူေနအိမ္တစ္ခုမွာ ဆုိးရြားတဲ့ မီးေလာင္မႈျဖစ္ပြားခဲ့ရာ၊ ေနအိမ္ထဲမွာ ညီအစ္မႏွစ္ေယာက္စလုံး ပိတ္မိခဲ့ၿပီး အရွင္လတ္လတ္ မီးေလာင္ခံခဲ့ရပါတယ္။ မီးေလာင္ခံရတဲ့ ကေလးေတြကေတာ့ Kilery Ibarra Salazar (၄)ႏွစ္နဲ႔ Antonela Sanchez (၉)ႏွစ္တုိ႔ ျဖစ္ပါတယ္။ သူတုိ႔ဖခင္က မွန္တံခါးေတြ အတင္း႐ုိက္ခြဲၿပီး ကယ္ဆယ္ဖုိ႔ ႀကိဳးစားခဲ့ပါေသးတယ္။
သိရသေလာက္ကေတာ့ သူတုိ႔ႏွစ္ေယာက္ရဲ႕ အိပ္ခန္းထဲကေန မီးစတင္ေလာင္ကၽြမ္းခဲ့တာပါ။ ပန္ကာအပူလြန္ကဲၿပီး မီးေလာင္ခဲ့တာလုိ႔ သိရပါတယ္။ မီးေလာင္ကၽြမ္းခ်ိန္မွာ ညီအစ္မႏွစ္ေယာက္စလုံး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနၾကပါတယ္။ မီးေလာင္ရာကို မီးသတ္သမားေတြ တတ္ႏုိင္သမွ် အျမန္ဆုံးေရာက္လာၿပီး မီးၿငႇိမ္းသတ္ခဲ့ၾကပါတယ္။
အခင္းျဖစ္ပြားခဲ့ရာေနရာကေတာ့ ကုိလံဘီယာေျမာက္ပုိင္း Barranquilla ၿမိဳ႕ေတာ္၊ Atlantico မွာတည္ရွိတဲ့ ရပ္ကြက္တစ္ခုမွာ ျဖစ္ပြားခဲ့တာပါ။ ကေလးေတြရဲ႕ဖခင္ Jose Antonio Sanchez Naranjo ဟာ သမီးႏွစ္ေယာက္စလုံးကို တတ္ႏုိင္သေလာက္ ကယ္ဆယ္ဖုိ႔ ႀကိဳးစားခဲ့ရွာပါတယ္။
အခင္းျဖစ္ေနရာမွာ ေျခာက္ျခားစရာ ဒါမွမဟုတ္ သနားက႐ုဏာသက္ဖြယ္ရာ အမွတ္အသားေလးကလည္း လူမႈကြန္ရက္မွာ နာမည္ႀကီးခဲ့ပါတယ္။ အဲဒါကေတာ့ မီးေလာင္ေနတဲ့အခန္းရဲ႕ မွန္ျပတင္းမွာ ကေလးမေလးရဲ႕လက္ဝါးရာေလး ထင္က်န္ေနခဲ့တာပါ။ အႀကီးမျဖစ္တဲ့ Antonela ရဲဲ႕ လက္ဝါးရာ ျဖစ္ဖုိ႔ရွိပါတယ္။ ဒီအေျခအေနကုိ ၾကည့္ျခင္းအားျဖင့္ သူတုိ႔တစ္ေတြ ဘယ္ေလာက္ ဆုိးရြားတဲ့အျဖစ္အပ်က္ကုိ ရင္ဆုိင္ခဲ့ရတာလဲဆုိတာ ေတြးၾကည့္လုိ႔ရပါတယ္။
အသက္(၃၀)အရြယ္ ဖခင္ျဖစ္သူ Jose ကိုယ္တုိင္လည္း မီးေလာင္ဒဏ္ရာ (၄၀)အထိ ရရွိခဲ့ၿပီး၊ ဇနီးျဖစ္သူ Julieth Salazar Reales (၃၂)ႏွစ္လည္း မီးေလာင္ဒဏ္ရာမရခဲ့ေပမယ့္ မီးခုိးမႊန္တဲ့ေဝဒနာေၾကာင့္ San Ignacio အထူးကုေဆးခန္းကို အျမန္ပုိ႔ခဲ့ရပါတယ္။ တစ္လအရြယ္သာရွိေသးတဲ့ သားေလးကိုေတာ့ မိခင္က တစ္ပါတည္း ကယ္ဆယ္ႏုိင္ခဲ့ပါတယ္။
အဲဒီကေလးေလးကလည္း မီးေလာင္ဒဏ္ရာ အနည္းငယ္နဲ႔၊ မီးခုိးမႊန္တဲ့ ျပႆနာေတြရင္ဆုိင္ခဲ့ရလုိ႔ မိခင္နဲ႔အတူ ေဆး႐ုံမွာပါ။ ကံမေကာင္းလြန္းစြာပဲ သမီးေလးႏွစ္ေယာက္ကေတာ့ ေသဆုံးသြားခဲ့ရပါတယ္။ ကေလးေတြရဲ႕အေလာင္းဟာ မီးေလာင္ခံရမႈေၾကာင့္ အေတာ္ေလးကို ဆုိးဆုိးရြားရြား ပ်က္စီးခဲ့ၿပီး၊ ဘယ္သူရယ္လုိ႔ အတည္ျပဳႏုိင္ဖုိ႔ေတာင္ ခက္ခဲတယ္လုိ႔ သိရပါတယ္။ ေဆြမ်ိဴးသားခ်င္းေတြကလည္း ဒီအျဖစ္ဆုိးေၾကာင့္ အေတာ္ေလး စိတ္မေကာင္းျဖစ္ေနၾကပါတယ္။
လင္းသူရိန္
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
မီးလောင်အိမ်ရဲ့ မှန်ပြတင်းမှာ ထင်ကျန်ရစ်ခဲ့တဲ့ ခြောက်ခြားဖွယ်ရာ လက်ဝါးအရာလေး
ကိုလံဘီယာနိုင်ငံက လူနေအိမ်တစ်ခုမှာ ဆိုးရွားတဲ့ မီးလောင်မှုဖြစ်ပွားခဲ့ရာ၊ နေအိမ်ထဲမှာ ညီအစ်မနှစ်ယောက်စလုံး ပိတ်မိခဲ့ပြီး အရှင်လတ်လတ် မီးလောင်ခံခဲ့ရပါတယ်။ မီးလောင်ခံရတဲ့ ကလေးတွေကတော့ Kilery Ibarra Salazar (၄)နှစ်နဲ့ Antonela Sanchez (၉)နှစ်တို့ ဖြစ်ပါတယ်။ သူတို့ဖခင်က မှန်တံခါးတွေ အတင်းရိုက်ခွဲပြီး ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
သိရသလောက်ကတော့ သူတို့နှစ်ယောက်ရဲ့ အိပ်ခန်းထဲကနေ မီးစတင်လောင်ကျွမ်းခဲ့တာပါ။ ပန်ကာအပူလွန်ကဲပြီး မီးလောင်ခဲ့တာလို့ သိရပါတယ်။ မီးလောင်ကျွမ်းချိန်မှာ ညီအစ်မနှစ်ယောက်စလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြပါတယ်။ မီးလောင်ရာကို မီးသတ်သမားတွေ တတ်နိုင်သမျှ အမြန်ဆုံးရောက်လာပြီး မီးငြှိမ်းသတ်ခဲ့ကြပါတယ်။
အခင်းဖြစ်ပွားခဲ့ရာနေရာကတော့ ကိုလံဘီယာမြောက်ပိုင်း Barranquilla မြို့တော်၊ Atlantico မှာတည်ရှိတဲ့ ရပ်ကွက်တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ ကလေးတွေရဲ့ဖခင် Jose Antonio Sanchez Naranjo ဟာ သမီးနှစ်ယောက်စလုံးကို တတ်နိုင်သလောက် ကယ်ဆယ်ဖို့ ကြိုးစားခဲ့ရှာပါတယ်။
အခင်းဖြစ်နေရာမှာ ခြောက်ခြားစရာ ဒါမှမဟုတ် သနားကရုဏာသက်ဖွယ်ရာ အမှတ်အသားလေးကလည်း လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့ပါတယ်။ အဲဒါကတော့ မီးလောင်နေတဲ့အခန်းရဲ့ မှန်ပြတင်းမှာ ကလေးမလေးရဲ့လက်ဝါးရာလေး ထင်ကျန်နေခဲ့တာပါ။ အကြီးမဖြစ်တဲ့ Antonela ရဲ့ လက်ဝါးရာ ဖြစ်ဖို့ရှိပါတယ်။ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် သူတို့တစ်တွေ ဘယ်လောက် ဆိုးရွားတဲ့အဖြစ်အပျက်ကို ရင်ဆိုင်ခဲ့ရတာလဲဆိုတာ တွေးကြည့်လို့ရပါတယ်။
အသက်(၃၀)အရွယ် ဖခင်ဖြစ်သူ Jose ကိုယ်တိုင်လည်း မီးလောင်ဒဏ်ရာ (၄၀)အထိ ရရှိခဲ့ပြီး၊ ဇနီးဖြစ်သူ Julieth Salazar Reales (၃၂)နှစ်လည်း မီးလောင်ဒဏ်ရာမရခဲ့ပေမယ့် မီးခိုးမွှန်တဲ့ဝေဒနာကြောင့် San Ignacio အထူးကုဆေးခန်းကို အမြန်ပို့ခဲ့ရပါတယ်။ တစ်လအရွယ်သာရှိသေးတဲ့ သားလေးကိုတော့ မိခင်က တစ်ပါတည်း ကယ်ဆယ်နိုင်ခဲ့ပါတယ်။
အဲဒီကလေးလေးကလည်း မီးလောင်ဒဏ်ရာ အနည်းငယ်နဲ့၊ မီးခိုးမွှန်တဲ့ ပြဿနာတွေရင်ဆိုင်ခဲ့ရလို့ မိခင်နဲ့အတူ ဆေးရုံမှာပါ။ ကံမကောင်းလွန်းစွာပဲ သမီးလေးနှစ်ယောက်ကတော့ သေဆုံးသွားခဲ့ရပါတယ်။ ကလေးတွေရဲ့အလောင်းဟာ မီးလောင်ခံရမှုကြောင့် အတော်လေးကို ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး၊ ဘယ်သူရယ်လို့ အတည်ပြုနိုင်ဖို့တောင် ခက်ခဲတယ်လို့ သိရပါတယ်။ ဆွေမျိူးသားချင်းတွေကလည်း ဒီအဖြစ်ဆိုးကြောင့် အတော်လေး စိတ်မကောင်းဖြစ်နေကြပါတယ်။
လင်းသူရိန်
Credit:Shwemom


မှတ်ချက်များ