သမီးျဖစ္သူရဲ႕ခ်စ္သူကုိ စႏုိက္ေၾကာ္လုိိက္တဲ့ ေဂးဘီလ်ံနာဖခင္


Zawgyiျဖင့္ဖတ္ရန္

ျဗိတိန္ရဲ႕ပထမဆံုးေဂးဖခင္စံုတြဲကေတာ့ သူတို႔ရဲ႕(၃၂)ႏွစ္ၾကာ relationshipတစ္ခု အခ်စ္သစ္ေၾကာင့္ အဆံုးသတ္သြားခဲ့ပါျပီ။ ေဂးဖခင္ထဲက တစ္ေယာက္က သမီးျဖစ္သူရဲ႕ခ်စ္သူနဲ႔ ခ်စ္ၾကိဳက္သြားရာကေန လမ္းခြဲဖို႔ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

အသက္(၅၀)အရြယ္ ဘီလ်ံနာသူေဌး Barrie Drewitt-Barlowဟာ အသက္(၅၅)နွစ္အရြယ္ ဘီလ်ံနာTonyနဲ႔ ကြာရွင္းဖို႔ ျပင္ဆင္ေနပါတယ္။

ဒါေပမယ့္လို႔ Barrie က လက္ရွိမွာ Tonyရယ္ သူတို႔ႏွစ္ဦးေမြးထားတဲ့ ကေလးငါးေယာက္ရယ္အျပင္ အသက္ (၂၅)ႏွစ္အရြယ္ ခ်စ္သူသစ္Scott Hutchisonကို ပါအိမ္ေပၚေခၚျပီး အတူေနထုိင္ေနပါတယ္။

သူ႔ကိုသူ နွစ္ဖက္ခၽြန္ပါလို႔ ပြင့္ပြင့္လင္းလင္းထုတ္ေျပာထားတ့ဲ Scott က Drewitt-Barlowရဲ႕ အသက္(၁၉)ႏွစ္အရြယ္သမီး Saffronနဲ႔အရင္ကခ်စ္သူေတြပါ။  ဒါေပမယ့္ Saffronနဲ႔ Scott က သူတို႔ ဆက္ဆံေရးဟာ အရင္ကတည္းက လိင္ပိုင္းဆိုင္ရာ ကိစၥမပါ၀င္ခဲ့ဘူးလို႔ဆိုပါတယ္။ ဒီလိုေတြ မျဖစ္ခင္ လြန္ခဲ့တ့ဲ(၂)ႏွစ္က Saffronနဲ႔Scottတို႔ွဟာ အငွားကိုယ္၀န္နဲ႔အမႊာကေလးယူဖိ႔ုစီစဥ္ခဲ့ၾကပါေသးတယ္။ Scottက Barrieရဲ႕ အတြင္းေရးမွဴးဆိုေတ့ာသမီးျဖစ္သူထက္ပိုျပီး အေနနီးစပ္သြားခဲ့တယ္ထင္ပါရဲ႕။

ဒါေပမယ့္လို႔ စႏိုက္ေက်ာ္ရေကာင္းလားဆိုျပီးမိသားစုအခ်င္းခ်င္း ရန္ျဖစ္တာမ်ိဳးေတြမရွိၾကပါဘူး။ Saffronေရာ Drewitt-Barlowရဲ႕လက္ရွိခင္ပြန္း Tonyကပါ သူတို႔ႏွစ္ေယာက္ ခ်စ္ၾကိဳက္ျပီး ေပ်ာ္ေပ်ာ္ရႊင္ရြင္နဲ႔ေတြ႔ေနရတာကို ၀မ္းသာေၾကာင္းေျပာခဲ့ၾကပါတယ္။

က်န္တဲ့ကေလးေတြကေတာ့ Tonyကို ‘Dad’၊ Drewitt-BarlowကိုDaddyလို႔ေခၚျပီး ၊ အခုအသစ္တိုးလာတဲ့အေဖသစ္ Scottကို stepdadလို႔ ေခၚေနၾကပါျပီ။ ကေလးေတြကလည္း အားလံုးေအးေအးေဆးေဆးနဲ႔ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပါပဲ။

Drewitt-Barlowနဲ႔ ခင္ပြန္းျဖစ္သူ Tonyတို႔ဟာ (၁၉၉၉)ခုႏွစ္မွာ  Saffron နဲ႔ Aspen အမႊာေမာင္ႏွမကို အငွားကို္ယ္၀န္ေဆာင္နဲ႔ေမြးျပီး ျဗိတိန္ရဲ႕ပထမဆံုးေဂးဖခင္ေတြျဖစ္လာခဲ့ၾကတာပါ။

အဲ့ဒီေနာက္မွာ အငွားကိုယ္၀န္ေရာ၊ ဖန္ျပြန္သေႏၶသားေရာသံုးျပီး ကေလးငါးေယာက္အထိယူခဲ့ၾကတာျဖစ္ပါတယ္။

အခုလို ကေလးေတြကို တရား၀င္ေမြးႏိုင္တဲ့အခြင့္အေရးရဖို႔ တရားရင္ဆိုင္မႈေတြနဲ႔ တုိက္ခိုက္လာခဲ့ရတာျဖစ္ျပီး၊ ေနာက္ဆံုးမွာ တရားရံုးရဲ႕ခြင့္ျပဳခ်က္နဲ႔ ပထမဆံုးေဂးဖခင္စံုတြဲျဖစ္လာခဲ့ပါတယ္။ (၂၀၀၆)ခုႏွစ္မွာ မိတ္ေဆြေတြဖိတ္ၾကားကာ လက္ထပ္ခဲ့ၾကျပီး၊(၂၀၁၄)မွာမွ ျဗိတိန္ရဲ႕တရားဥပေဒအရ တရား၀င္လင္မယားျဖစ္ခဲ့ၾကပါတယ္။

Tonyက (၂၀၀၆)ခုႏွစ္မွာ ကင္ဆာေရာဂါခံစားခဲ့ဲရျပီး၊ ကုသမႈမ်ိဳးစံုလုပ္ေပမယ့္ လြန္ခဲ့တဲ့သံုးႏွစ္ေက်ာ္ေလာက္အထိ လံုးလံုးလ်ားလ်ားေကာင္းလာတာမ်ိဳးမရွိေသးပါဘူး။

Tonyဟာ စိတ္သေဘာထားေကာင္းသူတစ္ေယာက္ျဖစ္ျပီး Drewitt-Barlowက Scottနဲ႔ခ်စ္ၾကိဳက္သြားတဲ့အေပၚ သေဘာတူလက္ခံေပးခဲ့သလို၊သမီးျဖစ္သူကိုလည္း ၾကား၀င္ျပီး နားခ်ေျပာျပေပးခဲ့တာျဖစ္ပါတယ္။ Scottကလည္း Drewitt-Barlow ရဲ႕ (၇)ႏွစ္ၾကာ အတြင္းေရးမွဴးလုပ္ေပးခဲ့သူျဖစ္တာေၾကာင့္ ၊ Drewitt-Barlowအတြက္ အားကိုးရသူတစ္ေယာက္ျဖစ္တယ္လို႔ဆိုပါတယ္။

အခုလိုသူတုိ႔ မိသားစုအိမ္တြင္းေရးအေၾကာင္းေတြနဲ႔ပတ္သက္ျပီး ေ၀ဖန္ေျပာဆိုမႈေတြရွိေပမယ့္၊ သူတို႔အေနနဲ႔ဂရုမစိုက္ေၾကာင္းနဲ႔ သူတို႔မိသားစုအားလံုး တစ္ဦးနဲ႔တစ္ဦးနားလည္ျပီး အဆင္ေျပေျပရွိေနေၾကာင္း Drewitt-Barlowကေျပာျပခဲ့ပါတယ္။

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

သမီးဖြစ်သူရဲ့ချစ်သူကို စနိုက်ကြော်လိုက်တဲ့ ဂေးဘီလျံနာဖခင်

ဗြိတိန်ရဲ့ပထမဆုံးဂေးဖခင်စုံတွဲကတော့ သူတို့ရဲ့(၃၂)နှစ်ကြာ relationshipတစ်ခု အချစ်သစ်ကြောင့် အဆုံးသတ်သွားခဲ့ပါပြီ။ ဂေးဖခင်ထဲက တစ်ယောက်က သမီးဖြစ်သူရဲ့ချစ်သူနဲ့ ချစ်ကြိုက်သွားရာကနေ လမ်းခွဲဖို့ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

အသက်(၅၀)အရွယ် ဘီလျံနာသူဌေး Barrie Drewitt-Barlowဟာ အသက်(၅၅)နှစ်အရွယ် ဘီလျံနာTonyနဲ့ ကွာရှင်းဖို့ ပြင်ဆင်နေပါတယ်။

ဒါပေမယ့်လို့ Barrie က လက်ရှိမှာ Tonyရယ် သူတို့နှစ်ဦးမွေးထားတဲ့ ကလေးငါးယောက်ရယ်အပြင် အသက် (၂၅)နှစ်အရွယ် ချစ်သူသစ်Scott Hutchisonကို ပါအိမ်ပေါ်ခေါ်ပြီး အတူနေထိုင်နေပါတယ်။

သူ့ကိုသူ နှစ်ဖက်ချွန်ပါလို့ ပွင့်ပွင့်လင်းလင်းထုတ်ပြောထားတဲ့ Scott က Drewitt-Barlowရဲ့ အသက်(၁၉)နှစ်အရွယ်သမီး Saffronနဲ့အရင်ကချစ်သူတွေပါ။  ဒါပေမယ့် Saffronနဲ့ Scott က သူတို့ ဆက်ဆံရေးဟာ အရင်ကတည်းက လိင်ပိုင်းဆိုင်ရာ ကိစ္စမပါဝင်ခဲ့ဘူးလို့ဆိုပါတယ်။ ဒီလိုတွေ မဖြစ်ခင် လွန်ခဲ့တဲ့(၂)နှစ်က Saffronနဲ့Scottတို့ှဟာ အငှားကိုယ်ဝန်နဲ့အမွှာကလေးယူဖိ့ုစီစဉ်ခဲ့ကြပါသေးတယ်။ Scottက Barrieရဲ့ အတွင်းရေးမှူးဆိုတေ့ာသမီးဖြစ်သူထက်ပိုပြီး အနေနီးစပ်သွားခဲ့တယ်ထင်ပါရဲ့။

ဒါပေမယ့်လို့ စနိုက်ကျော်ရကောင်းလားဆိုပြီးမိသားစုအချင်းချင်း ရန်ဖြစ်တာမျိုးတွေမရှိကြပါဘူး။ Saffronရော Drewitt-Barlowရဲ့လက်ရှိခင်ပွန်း Tonyကပါ သူတို့နှစ်ယောက် ချစ်ကြိုက်ပြီး ပျော်ပျော်ရွှင်ရွင်နဲ့တွေ့နေရတာကို ဝမ်းသာကြောင်းပြောခဲ့ကြပါတယ်။

ကျန်တဲ့ကလေးတွေကတော့ Tonyကို ‘Dad’၊ Drewitt-BarlowကိုDaddyလို့ခေါ်ပြီး ၊ အခုအသစ်တိုးလာတဲ့အဖေသစ် Scottကို stepdadလို့ ခေါ်နေကြပါပြီ။ ကလေးတွေကလည်း အားလုံးအေးအေးဆေးဆေးနဲ့ပျော်ပျော်ရွှင်ရွှင်ပါပဲ။

Drewitt-Barlowနဲ့ ခင်ပွန်းဖြစ်သူ Tonyတို့ဟာ (၁၉၉၉)ခုနှစ်မှာ  Saffron နဲ့ Aspen အမွှာမောင်နှမကို အငှားကိုယ်ဝန်ဆောင်နဲ့မွေးပြီး ဗြိတိန်ရဲ့ပထမဆုံးဂေးဖခင်တွေဖြစ်လာခဲ့ကြတာပါ။

အဲ့ဒီနောက်မှာ အငှားကိုယ်ဝန်ရော၊ ဖန်ပြွန်သန္ဓေသားရောသုံးပြီး ကလေးငါးယောက်အထိယူခဲ့ကြတာဖြစ်ပါတယ်။

အခုလို ကလေးတွေကို တရားဝင်မွေးနိုင်တဲ့အခွင့်အရေးရဖို့ တရားရင်ဆိုင်မှုတွေနဲ့ တိုက်ခိုက်လာခဲ့ရတာဖြစ်ပြီး၊ နောက်ဆုံးမှာ တရားရုံးရဲ့ခွင့်ပြုချက်နဲ့ ပထမဆုံးဂေးဖခင်စုံတွဲဖြစ်လာခဲ့ပါတယ်။ (၂၀၀၆)ခုနှစ်မှာ မိတ်ဆွေတွေဖိတ်ကြားကာ လက်ထပ်ခဲ့ကြပြီး၊(၂၀၁၄)မှာမှ ဗြိတိန်ရဲ့တရားဥပဒေအရ တရားဝင်လင်မယားဖြစ်ခဲ့ကြပါတယ်။

Tonyက (၂၀၀၆)ခုနှစ်မှာ ကင်ဆာရောဂါခံစားခဲ့ဲရပြီး၊ ကုသမှုမျိုးစုံလုပ်ပေမယ့် လွန်ခဲ့တဲ့သုံးနှစ်ကျော်လောက်အထိ လုံးလုံးလျားလျားကောင်းလာတာမျိုးမရှိသေးပါဘူး။

Tonyဟာ စိတ်သဘောထားကောင်းသူတစ်ယောက်ဖြစ်ပြီး Drewitt-Barlowက Scottနဲ့ချစ်ကြိုက်သွားတဲ့အပေါ် သဘောတူလက်ခံပေးခဲ့သလို၊သမီးဖြစ်သူကိုလည်း ကြားဝင်ပြီး နားချပြောပြပေးခဲ့တာဖြစ်ပါတယ်။ Scottကလည်း Drewitt-Barlow ရဲ့ (၇)နှစ်ကြာ အတွင်းရေးမှူးလုပ်ပေးခဲ့သူဖြစ်တာကြောင့် ၊ Drewitt-Barlowအတွက် အားကိုးရသူတစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။

အခုလိုသူတို့ မိသားစုအိမ်တွင်းရေးအကြောင်းတွေနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေရှိပေမယ့်၊ သူတို့အနေနဲ့ဂရုမစိုက်ကြောင်းနဲ့ သူတို့မိသားစုအားလုံး တစ်ဦးနဲ့တစ်ဦးနားလည်ပြီး အဆင်ပြေပြေရှိနေကြောင်း Drewitt-Barlowကပြောပြခဲ့ပါတယ်။

Credit:Shwemom

မှတ်ချက်များ