Tiktok မွာ အရမ္းေပၚျပဴလာျဖစ္ေနတဲ့ စကၤာပူက ၾကက္ဆီထမင္းသည္ေလး
Zawgyiျဖင့္ဖတ္ရန္
အခုေဖာ္ျပေပးမွာကေတာ့ စကၤာပူႏိုင္ငံက အသက္ (၂၈) ႏွစ္အရြယ္ ၾကက္ဆီထမင္းသည္ေလး ဆိုကီ၀ူအေၾကာင္းပဲ ျဖစ္ပါတယ္။ ဆိုကီ၀ူဟာ ကတံုေစ်း၀ယ္စင္တာရဲ႕ေျမေအာက္ထပ္ စားေသာက္ခန္းေတြထဲက ၾကက္ဆီထမင္းေရာင္းသူတစ္ဦး ျဖစ္ပါတယ္။ သူဟာ ဆိုင္မွာ ေစ်းေရာင္းေနတုန္း အားေနတဲ့အခ်ိန္မွာ Tiktok ေဆာ့ၿပီး ကရာကေန သူ႔ရဲ႕ ေျပျပစ္တဲ့ရုပ္ရည္နဲ႔ ၾကြက္သားဆို္င္ေတြေၾကာင့္ အြန္လိုင္းမွာ အလ်င္အျမန္ေက်ာ္ၾကားလာတာပဲ ျဖစ္ပါတယ္။
ဆိုကီ၀ုူရဲ႕ ဗီဒီယိုေတြကေတာ့ ယခုႏွစ္ အေစာပိုင္းေတြကစလို႔ Tiktok မွာ ေပါက္လာခဲ့တာပါ။ အထူးသျဖင့္ ေအာက္မွာေဖာ္ျပထားတဲ့ ေနာက္ခံေတးသီခ်င္း Señorita နဲ႔ ဆိုကီ၀ူက ေအပရြန္၀တ္ကာ သူ႔ဆိုင္ေရွ႕မွာ ကေနတဲ့ ဗီဒီယိုဟာ အြန္လိုင္းေပၚမွာ အရမ္းေပါက္ခဲ့ပါတယ္။
Chinese Evening Daily နဲ႔ အင္တာဗ်ဴးအရေတာ့ သူဟာ အလုပ္မွာ တစ္ခါတစ္ေလ ပ်င္းတဲ့အတြက္ သူလည္း စိတ္အပန္းေျပ၊ ဆိုင္ကုိလည္း လူသိေစလိုတဲ့ ရည္ရြယ္ခ်က္နဲ႔ Tiktok ေဆာ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။ “ဘယ္သူမွ မလုပ္ဖူးတဲ့ဟာကို ကြ်န္ေတာ့္အေနနဲ႔ ပထမဆံုးလုပ္ရတာ ေက်နပ္ပါတယ္။ အြန္လိုင္းေပၚမွာ ကြ်န္ေတာ့္ကို လူသိသြားတဲ့အခါက်ေတာ့ ဆိုင္ေရာင္းအားက ငါးရာခိုင္ႏႈန္းေလာက္ တက္လာတယ္….” လို႔လည္း ဆိုကီ၀ူက ဆိုပါတယ္။
ၾကက္ဆီထမင္းဆိုင္ရွင္ေလးဟာ ဆိုင္ေရာင္းအားတက္ေအာင္ စြမ္းေဆာင္ႏိုင္ရံုတင္မကပဲ ခုဆိုရင္ေတာ့ သူ႔အင္စတာဂရမ္ေပၚမွာ follower (၁) ေသာင္းေက်ာ္ေတာင္ ရွိေနပါၿပီ။ မိဘလက္ငုတ္လက္ရင္းျဖစ္တဲ့ ၾကက္ဆီထမင္းဆိုင္မွာ အလုပ္လုပ္ေနရေပမယ့္လည္း ဆိုကီ၀ူဟာ ငယ္ငယ္ကတည္းက တီဗီအစီအစဥ္ေတြနဲ႔ သရုပ္ေဆာင္လုပ္ရတာကို ႏွစ္သက္တဲ့အျပင္ ဟာသလုပ္ရတာကိုလည္း ႏွစ္ၿခိဳက္ပါတယ္။
ဆိုကီ၀ူဟာ မိဘေတြ အႏွစ္(၃၀) ေက်ာ္ၾကာ ေစ်းေရာင္းလာတဲ့ ၾကက္ဆီထမင္းဆိုင္ကို ကိုယ္တိုင္ဦးစီးလုပ္ကိုင္ေနသူျဖစ္ပါတယ္။ ဆိုကီ၀ူရဲ႕ မိဘႏွစ္ပါးစလံုးက အသက္(၆၀) အရြယ္ေတြ ျဖစ္ေနတဲ့အတြက္ ဆိုင္မွာ တစ္ေနကုန္ထိုင္ၿပီး ၾကက္ဆီထမင္းေရာင္းဖို႔ဟာ အဆင္မေျပေတာ့ပါဘူး။ ႏွစ္ရွည္လမ်ား ၾကက္ဆီထမင္းေရာင္းလာခဲ့တဲ့ ဆိုင္ကိုလည္း သံေယာဇဥ္ရွိတဲ့အတြက္ ဆိုကီ၀ူဟာ ဆိုင္အတြက္ သူကိုယ္တိုင္ပဲ အလုပ္လုပ္ ပိုက္ဆံရွာေနတာ ျဖစ္ေၾကာင္းလည္း သိရပါတယ္။
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
Tiktok မှာ အရမ်းပေါ်ပြူလာဖြစ်နေတဲ့ စင်္ကာပူက ကြက်ဆီထမင်းသည်လေး
အခုဖော်ပြပေးမှာကတော့ စင်္ကာပူနိုင်ငံက အသက် (၂၈) နှစ်အရွယ် ကြက်ဆီထမင်းသည်လေး ဆိုကီဝူအကြောင်းပဲ ဖြစ်ပါတယ်။ ဆိုကီဝူဟာ ကတုံဈေးဝယ်စင်တာရဲ့မြေအောက်ထပ် စားသောက်ခန်းတွေထဲက ကြက်ဆီထမင်းရောင်းသူတစ်ဦး ဖြစ်ပါတယ်။ သူဟာ ဆိုင်မှာ ဈေးရောင်းနေတုန်း အားနေတဲ့အချိန်မှာ Tiktok ဆော့ပြီး ကရာကနေ သူ့ရဲ့ ပြေပြစ်တဲ့ရုပ်ရည်နဲ့ ကြွက်သားဆိုင်တွေကြောင့် အွန်လိုင်းမှာ အလျင်အမြန်ကျော်ကြားလာတာပဲ ဖြစ်ပါတယ်။
ဆိုကီဝုူရဲ့ ဗီဒီယိုတွေကတော့ ယခုနှစ် အစောပိုင်းတွေကစလို့ Tiktok မှာ ပေါက်လာခဲ့တာပါ။ အထူးသဖြင့် အောက်မှာဖော်ပြထားတဲ့ နောက်ခံတေးသီချင်း Señorita နဲ့ ဆိုကီဝူက အေပရွန်ဝတ်ကာ သူ့ဆိုင်ရှေ့မှာ ကနေတဲ့ ဗီဒီယိုဟာ အွန်လိုင်းပေါ်မှာ အရမ်းပေါက်ခဲ့ပါတယ်။
Chinese Evening Daily နဲ့ အင်တာဗျူးအရတော့ သူဟာ အလုပ်မှာ တစ်ခါတစ်လေ ပျင်းတဲ့အတွက် သူလည်း စိတ်အပန်းပြေ၊ ဆိုင်ကိုလည်း လူသိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ Tiktok ဆော့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ဘယ်သူမှ မလုပ်ဖူးတဲ့ဟာကို ကျွန်တော့်အနေနဲ့ ပထမဆုံးလုပ်ရတာ ကျေနပ်ပါတယ်။ အွန်လိုင်းပေါ်မှာ ကျွန်တော့်ကို လူသိသွားတဲ့အခါကျတော့ ဆိုင်ရောင်းအားက ငါးရာခိုင်နှုန်းလောက် တက်လာတယ်….” လို့လည်း ဆိုကီဝူက ဆိုပါတယ်။
ကြက်ဆီထမင်းဆိုင်ရှင်လေးဟာ ဆိုင်ရောင်းအားတက်အောင် စွမ်းဆောင်နိုင်ရုံတင်မကပဲ ခုဆိုရင်တော့ သူ့အင်စတာဂရမ်ပေါ်မှာ follower (၁) သောင်းကျော်တောင် ရှိနေပါပြီ။ မိဘလက်ငုတ်လက်ရင်းဖြစ်တဲ့ ကြက်ဆီထမင်းဆိုင်မှာ အလုပ်လုပ်နေရပေမယ့်လည်း ဆိုကီဝူဟာ ငယ်ငယ်ကတည်းက တီဗီအစီအစဉ်တွေနဲ့ သရုပ်ဆောင်လုပ်ရတာကို နှစ်သက်တဲ့အပြင် ဟာသလုပ်ရတာကိုလည်း နှစ်ခြိုက်ပါတယ်။
ဆိုကီဝူဟာ မိဘတွေ အနှစ်(၃၀) ကျော်ကြာ ဈေးရောင်းလာတဲ့ ကြက်ဆီထမင်းဆိုင်ကို ကိုယ်တိုင်ဦးစီးလုပ်ကိုင်နေသူဖြစ်ပါတယ်။ ဆိုကီဝူရဲ့ မိဘနှစ်ပါးစလုံးက အသက်(၆၀) အရွယ်တွေ ဖြစ်နေတဲ့အတွက် ဆိုင်မှာ တစ်နေကုန်ထိုင်ပြီး ကြက်ဆီထမင်းရောင်းဖို့ဟာ အဆင်မပြေတော့ပါဘူး။ နှစ်ရှည်လများ ကြက်ဆီထမင်းရောင်းလာခဲ့တဲ့ ဆိုင်ကိုလည်း သံယောဇဉ်ရှိတဲ့အတွက် ဆိုကီဝူဟာ ဆိုင်အတွက် သူကိုယ်တိုင်ပဲ အလုပ်လုပ် ပိုက်ဆံရှာနေတာ ဖြစ်ကြောင်းလည်း သိရပါတယ်။
Credit:Shwemom

မှတ်ချက်များ