အြန္လိုင္းေရွာ့ပင္းကို စြဲလန္းျခင္းဟာ စိတ္ေရာဂါတစ္ခုျဖစ္ေၾကာင္း ေလ့လာေတြ႔ရွိ


Zawgyiျဖင့္ဖတ္ရန္


ဂ်ာမနီႏိုင္ငံရွိ Hannover ေဆးပညာေက်ာင္းက စိတ္ေရာဂါပညာရွင္တစ္ဦးျဖစ္တဲ့ ေဒါက္တာ Müller ကအြန္လိုင္းေရွာ့ပင္း စြဲလမ္းမႈေတြနဲ႔ပတ္သတ္ျပီး ေျပာၾကားခဲ့ျပီးတဲ့ေနာက္ သူမနဲ႔အတူသူမရဲ႕ လုပ္ေဖာ္ကိုင္ဖက္ ေတြက ဒီကိစၥနဲ႔ပတ္သက္ျပီး ေလ့လာမႈတစ္ခုကိုလုပ္ခဲ့ပါတယ္။အြန္လိုင္းေရွာ့ပင္းစြဲလမ္းမႈျဖစ္ေနတဲ့ လူနာ(၁၂၂)ေယာက္ ကလည္း ဒီေရာဂါနဲ႔ပတ္သက္ျပီး အကူအညီ ေတာင္းခံခဲ့ၾကပါတယ္။

သုေတသနျပဳလုပ္ေနစဥ္အတြင္း သိပၸံပညာရွင္ေတြက ဒီစြဲလမ္းမႈေရာဂါျဖစ္ပြားသူ ေတာ္ေတာ္မ်ားမ်ားကိုေတြ႔ရွိခဲ့ ပါတယ္။

ဒီလိုေစ်း၀ယ္တဲ့စြဲလမ္းမႈဟာ အိမ္အေရာက္ပစၥည္းပို႔ေဆာင္မႈေတြ၊ အြန္လိုင္းစတိုးေတြေၾကာင့္ ပိုမိုမ်ားျပားလာတာ ေၾကာင့္ အခုလိုျဖစ္တာလို႔ သုေတသီေတြက သတ္မွတ္ၾကပါတယ္။ ဘာလို႔ဆို အင္တာနက္ဟာ အျမဲတမ္းရရွိေနတဲ့အတြက္ အခ်ိန္မေရြး အိမ္အျပင္ထြက္စရာမလိုပဲ အြန္လိုင္းကေန ေစ်း၀ယ္ႏိုင္တာေၾကာင့္ပဲ ျဖစ္ပါတယ္။

အြန္လိုင္းစတိုးေတြဟာ လြယ္လြယ္နဲ႔လူၾကိဳက္မ်ားတဲ့ပစၥည္းေတြကိုေရာင္းခ်တဲ့အတြက္ လူစိတ္၀င္စားမႈပိုမ်ားပါတယ္။

ဒီလိုအြန္လိုင္းေရွာ့ပင္းမွာေစ်း၀ယ္သူ BSD(Buying-shopping disorder) ေရာဂါသည္ေတာ္ေတာ္မ်ားမ်ားဟာ လူငယ္ေတြျဖစ္ျပီး ဂ်ာမနီႏိုင္ငံရဲ႕(၅)ရာခိုင္ႏႈန္းလာက္ေသာသူေတြဟာ အြန္လိုင္းကေနေစ်း၀ယ္သူေတြျဖစ္ပါတယ္။

BSD ေရာဂါဟာ ဆယ္စုႏွစ္တစ္ခုၾကာသတ္မွတ္ခံရေပမယ့္လည္း သီးသန္႔ေရာဂါဆိုျပီးေတာ့လည္း သတ္မွတ္ထားျခင္း မရွိပါဘူး။ စြဲလမ္းမႈကို ထိန္းခ်ဳပ္လို႔မရႏိုင္တဲ့ေရာဂါလို႔လည္း သတ္မွတ္ၾကပါတယ္။ ဒါဟာ ဆိုး၀ါးတဲ့စိတ္ပိုင္းဆိုင္ရာ အေျခအေနျဖစ္တယ္လို႔လည္း ေဒါက္တာ Müller နဲ႔ သူမရဲ႕အဖြဲ႔က သတ္မွတ္ခဲ့ေၾကာင္း DailyMail သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

BSD ေရာဂါဟာ အြန္လိုင္းကေန ပစၥည္းေတြကို အလြန္အက်ဴး၀ယ္ယူဖို႔ စြဲလန္းတာျဖစ္တဲ့အျပင္ ပိုက္ဆံျဖဳန္းတီးလိုက္ ရတဲ့အတြက္ ေက်နပ္သလို ရွိသြားတဲ့ေရာဂါတစ္မ်ိဳးလည္း ျဖစ္ပါတယ္။

အဓိကကေတာ့ ကိုယ့္ကိုကိုယ္ထိန္းခ်ဳပ္ႏိုင္တဲ့ စြမ္းရည္ပ်က္ျပားျပီး စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ ျဖစ္လာတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ေပါင္းသင္းဆက္ဆံေရး ခက္ခဲမႈေတြ ျဖစ္လာမယ့္အျပင္ အေၾကြးေတြ တင္လာမယ္၊ စိတ္႐ႈတ္ေထြးမႈေတြျဖစ္လာမွာ အေသအခ်ာပါပဲ …..

Thae Su

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

အွန်လိုင်းရှော့ပင်းကို စွဲလန်းခြင်းဟာ စိတ်ရောဂါတစ်ခုဖြစ်ကြောင်း လေ့လာတွေ့ရှိ

ဂျာမနီနိုင်ငံရှိ Hannover ဆေးပညာကျောင်းက စိတ်ရောဂါပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ Müller ကအွန်လိုင်းရှော့ပင်း စွဲလမ်းမှုတွေနဲ့ပတ်သတ်ပြီး ပြောကြားခဲ့ပြီးတဲ့နောက် သူမနဲ့အတူသူမရဲ့ လုပ်ဖော်ကိုင်ဖက် တွေက ဒီကိစ္စနဲ့ပတ်သက်ပြီး လေ့လာမှုတစ်ခုကိုလုပ်ခဲ့ပါတယ်။အွန်လိုင်းရှော့ပင်းစွဲလမ်းမှုဖြစ်နေတဲ့ လူနာ(၁၂၂)ယောက် ကလည်း ဒီရောဂါနဲ့ပတ်သက်ပြီး အကူအညီ တောင်းခံခဲ့ကြပါတယ်။

သုတေသနပြုလုပ်နေစဉ်အတွင်း သိပ္ပံပညာရှင်တွေက ဒီစွဲလမ်းမှုရောဂါဖြစ်ပွားသူ တော်တော်များများကိုတွေ့ရှိခဲ့ ပါတယ်။

ဒီလိုဈေးဝယ်တဲ့စွဲလမ်းမှုဟာ အိမ်အရောက်ပစ္စည်းပို့ဆောင်မှုတွေ၊ အွန်လိုင်းစတိုးတွေကြောင့် ပိုမိုများပြားလာတာ ကြောင့် အခုလိုဖြစ်တာလို့ သုတေသီတွေက သတ်မှတ်ကြပါတယ်။ ဘာလို့ဆို အင်တာနက်ဟာ အမြဲတမ်းရရှိနေတဲ့အတွက် အချိန်မရွေး အိမ်အပြင်ထွက်စရာမလိုပဲ အွန်လိုင်းကနေ ဈေးဝယ်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

အွန်လိုင်းစတိုးတွေဟာ လွယ်လွယ်နဲ့လူကြိုက်များတဲ့ပစ္စည်းတွေကိုရောင်းချတဲ့အတွက် လူစိတ်ဝင်စားမှုပိုများပါတယ်။

ဒီလိုအွန်လိုင်းရှော့ပင်းမှာဈေးဝယ်သူ BSD(Buying-shopping disorder) ရောဂါသည်တော်တော်များများဟာ လူငယ်တွေဖြစ်ပြီး ဂျာမနီနိုင်ငံရဲ့(၅)ရာခိုင်နှုန်းလာက်သောသူတွေဟာ အွန်လိုင်းကနေဈေးဝယ်သူတွေဖြစ်ပါတယ်။

BSD ရောဂါဟာ ဆယ်စုနှစ်တစ်ခုကြာသတ်မှတ်ခံရပေမယ့်လည်း သီးသန့်ရောဂါဆိုပြီးတော့လည်း သတ်မှတ်ထားခြင်း မရှိပါဘူး။ စွဲလမ်းမှုကို ထိန်းချုပ်လို့မရနိုင်တဲ့ရောဂါလို့လည်း သတ်မှတ်ကြပါတယ်။ ဒါဟာ ဆိုးဝါးတဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေဖြစ်တယ်လို့လည်း ဒေါက်တာ Müller နဲ့ သူမရဲ့အဖွဲ့က သတ်မှတ်ခဲ့ကြောင်း DailyMail သတင်းစာက ဖော်ပြခဲ့ပါတယ်။

BSD ရောဂါဟာ အွန်လိုင်းကနေ ပစ္စည်းတွေကို အလွန်အကျူးဝယ်ယူဖို့ စွဲလန်းတာဖြစ်တဲ့အပြင် ပိုက်ဆံဖြုန်းတီးလိုက် ရတဲ့အတွက် ကျေနပ်သလို ရှိသွားတဲ့ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။

အဓိကကတော့ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ပျက်ပြားပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါင်းသင်းဆက်ဆံရေး ခက်ခဲမှုတွေ ဖြစ်လာမယ့်အပြင် အကြွေးတွေ တင်လာမယ်၊ စိတ်ရှုတ်ထွေးမှုတွေဖြစ်လာမှာ အသေအချာပါပဲ …..

Thae Su

Credit:Shwemom

မှတ်ချက်များ