ဝက္ၿခံေပါက္ခ်ိန္ေရွာင္သင့္တာေတြ





Zawgyi ျဖင့္ဖတ္ရန္

ဝက္ၿခံေပါက္ရတဲ့အေၾကာင္းရင္းေတြအမ်ားႀကီးရွိပါတယ္။ တခါတေလ ေပါက္ရတဲ့ဝက္ၿခံက စိတ္အေႏွာက္အယွက္သိပ္မျဖစ္ရေပမယ့္ တစ္လုံးၿပီးတစ္လုံးေပါက္လာၿပီဆိုရင္ စိတ္အေတာ္ရႈတ္ရပါတယ္။

“တားမရ ဆီးမရ” ဇြတ္သမားထဲမွာ ကိုကို ဝက္ၿခံကထိပ္ဆုံးက ေနရာယူထားပါတယ္။
ဝက္ၿခံေပါက္တဲ့အခါ ေနာက္အလုံးေတြထပ္မေပါက္ရေလေအာင္ ” မလုပ္သင့္”ဆိုတာေလးေတြသိထားမယ္ဆိုရင္ ဝက္ၿခံ မဟားတရားထြက္ျခင္းကတားဆီးေပးမွာပါ။

မိတ္ကပ္ထူထူလိမ္းတာကိုေရွာင္ပါ။

ဝက္ၿခံေပါက္ေနခ်ိန္မွာျဖစ္ႏိုင္ရင္ မိတ္ကပ္မလိမ္းေစခ်င္ပါဘူး။ လိမ္းမယ္ဆိုလည္း ခပ္ပါးပါးနဲ႔ ေနကာ SPF ပါတာေလးေ႐ြးလိမ္းသင့္ပါတယ္။ ထူထဲတဲ့မိတ္ကပ္ေတြေၾကာင့္ ေခြၽးေပါက္ အဆီေပါက္ပိတ္ၿပီးေတာ့လည္း ဝက္ၿခံေတြ ပိုထြက္ႏိုင္တယ္ဆိုတာ မေမ့ပါနဲ႔ေနာ္။

ေခါင္းအုန္းစြပ္ မၾကာခဏ မလဲျခင္း။

တစ္ညလုံး ပါးနဲ႔ ကပ္ၿပီးအိပ္မယ့္ ေခါင္းအုံးစြပ္ ညစ္ပတ္ေနမယ္ဆိုရင္လည္း ဝက္ၿခံေပါက္မွာေသခ်ာပါတယ္။ ျဖစ္ႏိုင္ရင္ ေခါင္းအုံးစြပ္ကို တစ္ရက္ျခားတစ္ခါေလာက္လဲေပးသင့္ပါတယ္။

အခ်ိဳမ်ားေသာအစားအစာစားျခင္း

အခ်ိဳက ေယာင္ယမ္းမႈကိုအားေပးပါတယ္။ ဒါ့အျပင္ ဝက္ၿခံထြက္ေစတာနဲ႔လည္း တိုက္႐ိုက္ပတ္သက္ေနပါတယ္။ ဝက္ၿခံေပါက္ေနခ်ိန္မွာ ခ်ိဳလြန္းတဲ့အစားအစာေတြေလွ်ာ့စားဖို႔လိုပါတယ္ေနာ္။

မ်က္ႏွာမၾကာခဏသစ္ျခင္း



ဝက္ၿခံေပါက္ေနခ်ိန္မွာ သန႔္ရွင္းဖို႔တာမွန္ေပမယ့္ ေပ်ာက္ခ်င္ေဇာနဲ႔ တစ္ေန႔ ၄၊၅ႀကိမ္သစ္မယ္ဆိုရင္ေတာ့ အေပၚယံအသားအေရေျခာက္ေသြ႕ၿပီး အေရျပားေအာက္က အဆီပိုထြက္ေစပါတယ္။ တစ္ေန႔ ႏွစ္ႀကိမ္ေလာက္သစ္မယ္ဆိုရင္ အေနေတာ္ပါပဲ။

အဆီစုတ္ေသာ ပစၥည္းမ်ားသုံးလြန္းျခင္း

အဆီထြက္တာမ်ားလို႔ဝက္ၿခံေပါက္တာမွန္ေပမယ့္ အဆီစုတ္စကၠဴ အၿမဲသုံးတာ၊ အဆီထိနိးခ်ဳပ္တဲ့ Oil Control ပစၥည္းေတြခ်ည္း သုံးတာကလည္း ဝက္ၿခံကိုပိုဆိုးေစပါတယ္။ အသားအေရဟာ အနည္းငယ္ အဆီဓာတ္ရွိမွ အဆင္ေျပတာပါ။

ဆဲလ္ေသဖယ္ရွားမႈ Scrub လုပ္လြန္းျခင္း



ဆဲလ္ေသ ဖယ္ရွားမႈဟာ အေရျပားအေပၚလႊာက ပိတ္ေနတဲ့ ဂ်ီးေတြခြၽတ္ေပးလို႔ ေခြၽးေပါက္ဖြင့္ေပးတာမွန္ေပမယ့္ Scrub လုပ္ၿပီးခ်ိန္မွာ အေရျပားဟာ ပိုၿပီး ထိခိုက္လြယ္တတ္ပါတယ္။
ဝက္ၿခံေရာင္ရမ္းျခင္းကိုေတာင္ပိုဆိုးေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဝက္ၿခံမ်ားေနခ်ိန္မွာေတာ့ Scrub မလုပ္သင့္ပါဘူးေနာ္။ဒီပိုစ့္ေလးကို ေဒါက္တာဇီဝကမွာ ကူးယူေဖာ္ျပျခင္း ျဖစ္ပါတယ္

မယ္တင္(ေဆး ၁)

Unicode ဖြင့်ဖတ်ရန်

ဝက်ခြံပေါက်ချိန်ရှောင်သင့်တာတွေ




ဝက်ခြံပေါက်ရတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ တခါတလေ ပေါက်ရတဲ့ဝက်ခြံက စိတ်အနှောက်အယှက်သိပ်မဖြစ်ရပေမယ့် တစ်လုံးပြီးတစ်လုံးပေါက်လာပြီဆိုရင် စိတ်အတော်ရှုတ်ရပါတယ်။

“တားမရ ဆီးမရ” ဇွတ်သမားထဲမှာ ကိုကို ဝက်ခြံကထိပ်ဆုံးက နေရာယူထားပါတယ်။
ဝက်ခြံပေါက်တဲ့အခါ နောက်အလုံးတွေထပ်မပေါက်ရလေအောင် ” မလုပ်သင့်”ဆိုတာလေးတွေသိထားမယ်ဆိုရင် ဝက်ခြံ မဟားတရားထွက်ခြင်းကတားဆီးပေးမှာပါ။

မိတ်ကပ်ထူထူလိမ်းတာကိုရှောင်ပါ။

ဝက်ခြံပေါက်နေချိန်မှာဖြစ်နိုင်ရင် မိတ်ကပ်မလိမ်းစေချင်ပါဘူး။ လိမ်းမယ်ဆိုလည်း ခပ်ပါးပါးနဲ့ နေကာ SPF ပါတာလေးရွေးလိမ်းသင့်ပါတယ်။ ထူထဲတဲ့မိတ်ကပ်တွေကြောင့် ချွေးပေါက် အဆီပေါက်ပိတ်ပြီးတော့လည်း ဝက်ခြံတွေ ပိုထွက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့နော်။

ခေါင်းအုန်းစွပ် မကြာခဏ မလဲခြင်း။

တစ်ညလုံး ပါးနဲ့ ကပ်ပြီးအိပ်မယ့် ခေါင်းအုံးစွပ် ညစ်ပတ်နေမယ်ဆိုရင်လည်း ဝက်ခြံပေါက်မှာသေချာပါတယ်။ ဖြစ်နိုင်ရင် ခေါင်းအုံးစွပ်ကို တစ်ရက်ခြားတစ်ခါလောက်လဲပေးသင့်ပါတယ်။

အချိုများသောအစားအစာစားခြင်း

အချိုက ယောင်ယမ်းမှုကိုအားပေးပါတယ်။ ဒါ့အပြင် ဝက်ခြံထွက်စေတာနဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ်။ ဝက်ခြံပေါက်နေချိန်မှာ ချိုလွန်းတဲ့အစားအစာတွေလျှော့စားဖို့လိုပါတယ်နော်။

မျက်နှာမကြာခဏသစ်ခြင်း



ဝက်ခြံပေါက်နေချိန်မှာ သန့်ရှင်းဖို့တာမှန်ပေမယ့် ပျောက်ချင်ဇောနဲ့ တစ်နေ့ ၄၊၅ကြိမ်သစ်မယ်ဆိုရင်တော့ အပေါ်ယံအသားအရေခြောက်သွေ့ပြီး အရေပြားအောက်က အဆီပိုထွက်စေပါတယ်။ တစ်နေ့ နှစ်ကြိမ်လောက်သစ်မယ်ဆိုရင် အနေတော်ပါပဲ။

အဆီစုတ်သော ပစ္စည်းများသုံးလွန်းခြင်း

အဆီထွက်တာများလို့ဝက်ခြံပေါက်တာမှန်ပေမယ့် အဆီစုတ်စက္ကူ အမြဲသုံးတာ၊ အဆီထိနိးချုပ်တဲ့ Oil Control ပစ္စည်းတွေချည်း သုံးတာကလည်း ဝက်ခြံကိုပိုဆိုးစေပါတယ်။ အသားအရေဟာ အနည်းငယ် အဆီဓာတ်ရှိမှ အဆင်ပြေတာပါ။

ဆဲလ်သေဖယ်ရှားမှု Scrub လုပ်လွန်းခြင်း



ဆဲလ်သေ ဖယ်ရှားမှုဟာ အရေပြားအပေါ်လွှာက ပိတ်နေတဲ့ ဂျီးတွေချွတ်ပေးလို့ ချွေးပေါက်ဖွင့်ပေးတာမှန်ပေမယ့် Scrub လုပ်ပြီးချိန်မှာ အရေပြားဟာ ပိုပြီး ထိခိုက်လွယ်တတ်ပါတယ်။
ဝက်ခြံရောင်ရမ်းခြင်းကိုတောင်ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံများနေချိန်မှာတော့ Scrub မလုပ်သင့်ပါဘူးနော်။ဒီပိုစ့်လေးကို ဒေါက်တာဇီဝကမှာ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်

မယ်တင်(ဆေး ၁)

မှတ်ချက်များ