သိန္း ၂၀ ကို လက္ဖက္ရည္တစ္ခြက္နဲ႔ လဲလိုက္သူ
Zawgyiျဖင့္ဖတ္ရန္
ယေန႔ေခတ္ဟာ ရိုးသားမွုေတြ ရွားပါးၿပီး အက်င့္စာရိတၱေတြ ပ်က္ယြင္းလာၾကသူေတြ. မ်ားလာပါတယ္ ရိုးသားမွုကို ထမင္းထုတ္ ထမ္းရွာရင္ေတာင္ ထမင္းထုတ္သာ သိုးသြားတယ္ ရွာမေတြ႕ေလာက္ဘူးလို့ေတာင္ ဆိုရမွာပါ
ဒီလိုေခတ္ႀကီးထဲမွာမွ ရွားရွားပါးပါး အက်င့္စာရိတၱေကာင္းၿပီး ရိုးသားလြန္းလို့ ဝိုင္းဝန္းခ်ီးက်ဴးေနၾကတဲ့ အစ္ကိုႀကီးတစ္ေယာက္အေၾကာင္းကေတာ့ လူမွုကြန္ရက္စာမ်က္ႏွာမွာ ျပန႔္ႏွံ့ေနတာပဲ ျဖစ္ပါတယ္။
ဒီအေၾကာင္းေလးကို ကိုထက္ဆိုသူက သူကိုယ္တိုင္ၾကဳံခဲ့ရတဲ့ အျဖစ္အပ်က္ေလးကို ေျပာျပထားတာပဲ ျဖစ္ပါတယ္
ျဖစ္ပုံက သူဟာ ေရႊျပည္သာဘက္သြားရင္း မဂၤလာဒုံေဈးမွာ ဒုတ္ထိုးဝင္စားတယ္လို့ ဆိုပါတယ္ စားေသာက္ေငြရွင္းၿပီးေတာ့ သူလည္း ျပန္ထြက္လာခဲ့ပါတယ္။ အဲဒီမွာ ပဲ သူ႔ေရႊဘူးက်က်န္ခဲ့တာ သူမသိလိုက္ပါဘူးေနာက္ ၅ မိနစ္ေလာက္ေနမွ သတိရၿပီး ကမန္းကတန္း ဒုတ္ထိုးဆိုင္ဘက္ျပန္သြားၿပီး ေရႊဘူးေလးေတြ႕မိလား အထဲမွာပါတဲ့ လက္စြပ္ ဆြဲႀကိဳးနဲ႔ တန္ဖိုးေတြကို အတိအက်ေလးေျပာၿပီး ေမးခဲ့ပါတယ္
အဲဒီမွာ အံ့ၾသစရာက ဒုတ္ထိုးသည္အစ္ကိုႀကီးဟာ သူ႔ကို ေရႊဘူးျပန္လည္အပ္ႏွံေပးခဲ့တာပါ။မက်န္ခဲ့ဘူးမေတြ႕မိဘူးဆိုၿပီး လိမ္ညာရင္လည္း ကိုထက္ဟာ ဘာမွတတ္နိုင္မွာမဟုတ္ေပမဲ့ ခုလိုရိုးရိုးသားသားျပန္ေပးတာေၾကာင့္ေက်းဇူးေတြတင္ၿပီး ပါသမၽွေငြနဲ႔ ကန္ေတာ့ပါတယ္
ဒါေပမဲ့ ဒုတ္ထိုးသည္အစ္ကိုႀကီးက မယူပါဘူးလက္ဖက္ရည္တစ္ခြက္သာ ဆိုင္ကိုလိုက္ၿပီး ေသာက္ခဲ့ပါတယ္ လက္ဖက္ရည္ဆိုင္မွာ ကိုထက္က ေက်းဇူးထပ္ဆပ္ေပမဲ့ လုံးဝလက္မခံပါဘူး…ဒုတ္ထိုးသည္အစ္ကိုႀကီးက ကိုထက္ကို “ငါ့ညီ အစ္ကိုတို့က မရွိလို့ လမ္းေဘးမွာ ေဈးေရာင္းစားတာ ဘယ္သူ႔ပစၥည္းမွ အလကားမယူပါဘူး”လို့ သာ ေျပာခဲ့ပါတယ္။
ဒီအျဖစ္အပ်က္ေလးက ဆင္းရဲလို့ ေဈးေရာင္းစားေနရေပမဲ့ သူမ်ားပစၥည္းအလကားမလိုခ်င္တဲ့ ရိုးသားတဲ့ စိတ္ဓာတ္ေလးကို မီးေမာင္းထိုးျပသြားတာပါပဲ
ပရိသတ္ႀကီးတို့လည္း အဲဒီလိုရိုးသားတဲ့ ဒုတ္ထိုးသည္အစ္ကိုႀကီးရဲ့ ဆိုင္ဘက္ကို တခါတေခါက္ေလာက္ေရာက္ခဲ့ရင္ ဝင္ေရာက္အားေပးလိုက္ၾကပါအုံးေနာမဂၤလာဒုံေဈးမွာ ရွိပါတယ္။
Source : ကိုထက္
Credit:my crush
Unicodeဖြင့်ဖတ်ရန်
သိန်း ၂၀ ကို လက်ဖက်ရည်တစ်ခွက်နဲ့ လဲလိုက်သူ
ယနေ့ခေတ်ဟာ ရိုးသားမှုတွေ ရှားပါးပြီး အကျင့်စာရိတ္တတွေ ပျက်ယွင်းလာကြသူတွေ. များလာပါတယ် ရိုးသားမှုကို ထမင်းထုတ် ထမ်းရှာရင်တောင် ထမင်းထုတ်သာ သိုးသွားတယ် ရှာမတွေ့လောက်ဘူးလို့တောင် ဆိုရမှာပါ
ဒီလိုခေတ်ကြီးထဲမှာမှ ရှားရှားပါးပါး အကျင့်စာရိတ္တကောင်းပြီး ရိုးသားလွန်းလို့ ဝိုင်းဝန်းချီးကျူးနေကြတဲ့ အစ်ကိုကြီးတစ်ယောက်အကြောင်းကတော့ လူမှုကွန်ရက်စာမျက်နှာမှာ ပြန့်နှံ့နေတာပဲ ဖြစ်ပါတယ်။
ဒီအကြောင်းလေးကို ကိုထက်ဆိုသူက သူကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို ပြောပြထားတာပဲ ဖြစ်ပါတယ်
ဖြစ်ပုံက သူဟာ ရွှေပြည်သာဘက်သွားရင်း မင်္ဂလာဒုံဈေးမှာ ဒုတ်ထိုးဝင်စားတယ်လို့ ဆိုပါတယ် စားသောက်ငွေရှင်းပြီးတော့ သူလည်း ပြန်ထွက်လာခဲ့ပါတယ်။ အဲဒီမှာ ပဲ သူ့ရွှေဘူးကျကျန်ခဲ့တာ သူမသိလိုက်ပါဘူးနောက် ၅ မိနစ်လောက်နေမှ သတိရပြီး ကမန်းကတန်း ဒုတ်ထိုးဆိုင်ဘက်ပြန်သွားပြီး ရွှေဘူးလေးတွေ့မိလား အထဲမှာပါတဲ့ လက်စွပ် ဆွဲကြိုးနဲ့ တန်ဖိုးတွေကို အတိအကျလေးပြောပြီး မေးခဲ့ပါတယ်
အဲဒီမှာ အံ့သြစရာက ဒုတ်ထိုးသည်အစ်ကိုကြီးဟာ သူ့ကို ရွှေဘူးပြန်လည်အပ်နှံပေးခဲ့တာပါ။မကျန်ခဲ့ဘူးမတွေ့မိဘူးဆိုပြီး လိမ်ညာရင်လည်း ကိုထက်ဟာ ဘာမှတတ်နိုင်မှာမဟုတ်ပေမဲ့ ခုလိုရိုးရိုးသားသားပြန်ပေးတာကြောင့်ကျေးဇူးတွေတင်ပြီး ပါသမျှငွေနဲ့ ကန်တော့ပါတယ်
ဒါပေမဲ့ ဒုတ်ထိုးသည်အစ်ကိုကြီးက မယူပါဘူးလက်ဖက်ရည်တစ်ခွက်သာ ဆိုင်ကိုလိုက်ပြီး သောက်ခဲ့ပါတယ် လက်ဖက်ရည်ဆိုင်မှာ ကိုထက်က ကျေးဇူးထပ်ဆပ်ပေမဲ့ လုံးဝလက်မခံပါဘူး…ဒုတ်ထိုးသည်အစ်ကိုကြီးက ကိုထက်ကို “ငါ့ညီ အစ်ကိုတို့က မရှိလို့ လမ်းဘေးမှာ ဈေးရောင်းစားတာ ဘယ်သူ့ပစ္စည်းမှ အလကားမယူပါဘူး”လို့ သာ ပြောခဲ့ပါတယ်။
ဒီအဖြစ်အပျက်လေးက ဆင်းရဲလို့ ဈေးရောင်းစားနေရပေမဲ့ သူများပစ္စည်းအလကားမလိုချင်တဲ့ ရိုးသားတဲ့ စိတ်ဓာတ်လေးကို မီးမောင်းထိုးပြသွားတာပါပဲ
ပရိသတ်ကြီးတို့လည်း အဲဒီလိုရိုးသားတဲ့ ဒုတ်ထိုးသည်အစ်ကိုကြီးရဲ့ ဆိုင်ဘက်ကို တခါတခေါက်လောက်ရောက်ခဲ့ရင် ဝင်ရောက်အားပေးလိုက်ကြပါအုံးနောမင်္ဂလာဒုံဈေးမှာ ရှိပါတယ်။
Source : ကိုထက်
Credit:my crush



မှတ်ချက်များ