ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစမယ့္ ဂ်ပန္လူမ်ိဳးတို႔ရဲ႕ ရိုးရွင္းတဲ့အသက္ရွဴနည္း
Zawgyiျဖင့္ဖတ္ရန္
တကယ္လို႔ စာဖတ္သူဟာ ညဘက္ေတြမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္မေပ်ာ္ဘူးဆိုရင္ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးကို စမ္းသံုးၾကည့္ႏိုင္ပါတယ္။ ဒီနည္းကိုေတာ့ လအသက္ရွဴျခင္းလုိ႔ ေခၚပါတယ္။ လအသက္ရွဴျခင္းနည္းဟာ စိတ္ကိုတည္ၾကည္ေစတဲ့အျပင္ စိတ္စိုးရိမ္ပူပန္မႈေတြကို တိုက္ဖ်က္ေပးတဲ့နည္းလည္း ျဖစ္ပါတယ္။ လအသက္ရွဴျခင္းနည္း အသံုးျပဳပံုကိုေတာ့ ladbible ကေနတဆင့္ ေဖာ္ျပေပးလိုက္ပါတယ္။
နည္းလမ္းေလးက ရိုးရွင္းပါတယ္။ စာဖတ္သူရဲ႕ ညာဘက္ႏွာေခါင္းေပါက္ကို လက္ညိႈးနဲ႔ပိတ္ၿပီး ဘယ္ဘက္ႏွာေခါင္းေပါက္တစ္ခုတည္းကေန အာရံုစူးစိုက္ကာ အသက္ရွဴတာ ျဖစ္ပါတယ္။ ေလ့လာသူေတြကေတာ့ ဒီနည္းဟာ နာ့ဗ္ေၾကာစနစ္ကို တည္ၿငိမ္ေစတယ္လို႔ ဆိုပါတယ္။
ေယာဂက်င့္သူေတြထဲမွာေတာ့ ဒီနည္းဟာ ေပၚျပဴလာျဖစ္တဲ့ နည္းလမ္းေလးလည္း ျဖစ္ပါတယ္။ လူေနမႈဘ၀အေရးနဲ႔ ပတ္သက္တဲ့ ဂုရု ဆာရာဟာေဗးကေတာင္ ဒီ လအသက္ရွဴနည္းကို သူေရးသားထားတဲ့ Kaizen: The Japanese Method of Transoforming Habit, One Small Step at a Time မွာ ေဖာ္ျပထားပါေသးတယ္။
စာအုပ္ထဲမွာေတာ့ သူမက သူမရဲ႕ အိပ္မေပ်ာ္တဲ့ေ၀ဒနာကို အခုလို ရိုးရွင္းတဲ့နည္းလမ္းနဲ႔ အႏိုင္ယူခဲ့ေၾကာင္း ရွင္းျပခဲ့ပါတယ္။ “…တစ္ခါတစ္ေလ ကြ်န္မ မနက္(၃) နာရီေလာက္ၾကီး ႏိုးတယ္။ ႏိုးတဲ့အခ်ိန္မွာလည္း အေတြးေတြက ကစဥ္႔ကလ်ားနဲ႔ ျပန္အိပ္လို႔ မရေတာ့ဘူး။ ဒီလိုအခ်ိန္ေတြမွာဆိုရင္ ကြ်န္မက ဒီအသက္ရွဴနည္းကို သံုးပါတယ္။ သက္ေတာင့္သက္သာရွိတဲ့ ေနရာတစ္ေနရာမွာ သြားလွဲတယ္။ ၿပီးရင္ လက္ေခ်ာင္းနဲ႔ ညာဘက္ႏွာေခါင္းေပါက္ကို ပိတ္လိုက္တယ္၊ ၿပီးေတာ့ မိနစ္အနည္းငယ္ေလာက္ ဘယ္ဘက္ႏွာေခါင္းေပါက္ကေနပဲ အသက္ရွဴတယ္….”
ဒီနည္းအျပင္ ေနာက္ထပ္ နည္းတစ္နည္းလည္း ရွိပါေသးတယ္။ အဲ့ဒါကေတာ့ ႏွာေခါင္းေပါက္ ႏွစ္ေပါက္ရွိတဲ့အနက္ တစ္ေပါက္ခ်င္းစီကို မိနစ္အနည္းငယ္ၾကာပိတ္ၿပီး ေနာက္ႏွာေခါင္းတစ္ေပါက္နဲ႔ အသက္ျပင္းျပင္း ရွဴရိႈက္တာ ျဖစ္ပါတယ္။ ဂုရုဆာရာဟာေဗးကေတာ့ အခုလို ႏွာေခါင္းေပါက္ေတြကို အဖြင့္အပိတ္လုပ္ၿပီး အသက္ရွဴတဲ့နည္းဟာ စိတ္ဖိစီးမႈေတြ၊ စိုးရိမ္ပူပန္စိတ္ေတြကို ေမာင္းထုတ္ေပးတာေၾကာင့္ အိပ္မေပ်ာ္ဘူးဆိုတဲ့လူတိုင္း စမ္းသံုးၾကည့္ၾကဖို႔ နည္းလမ္းေပးထားတာပဲ ျဖစ္ပါတယ္။
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် ဂျပန်လူမျိုးတို့ရဲ့ ရိုးရှင်းတဲ့အသက်ရှူနည်း
တကယ်လို့ စာဖတ်သူဟာ ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ဘူးဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းလေးကို စမ်းသုံးကြည့်နိုင်ပါတယ်။ ဒီနည်းကိုတော့ လအသက်ရှူခြင်းလို့ ခေါ်ပါတယ်။ လအသက်ရှူခြင်းနည်းဟာ စိတ်ကိုတည်ကြည်စေတဲ့အပြင် စိတ်စိုးရိမ်ပူပန်မှုတွေကို တိုက်ဖျက်ပေးတဲ့နည်းလည်း ဖြစ်ပါတယ်။ လအသက်ရှူခြင်းနည်း အသုံးပြုပုံကိုတော့ ladbible ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။
နည်းလမ်းလေးက ရိုးရှင်းပါတယ်။ စာဖတ်သူရဲ့ ညာဘက်နှာခေါင်းပေါက်ကို လက်ညှိုးနဲ့ပိတ်ပြီး ဘယ်ဘက်နှာခေါင်းပေါက်တစ်ခုတည်းကနေ အာရုံစူးစိုက်ကာ အသက်ရှူတာ ဖြစ်ပါတယ်။ လေ့လာသူတွေကတော့ ဒီနည်းဟာ နာ့ဗ်ကြောစနစ်ကို တည်ငြိမ်စေတယ်လို့ ဆိုပါတယ်။
ယောဂကျင့်သူတွေထဲမှာတော့ ဒီနည်းဟာ ပေါ်ပြူလာဖြစ်တဲ့ နည်းလမ်းလေးလည်း ဖြစ်ပါတယ်။ လူနေမှုဘဝအရေးနဲ့ ပတ်သက်တဲ့ ဂုရု ဆာရာဟာဗေးကတောင် ဒီ လအသက်ရှူနည်းကို သူရေးသားထားတဲ့ Kaizen: The Japanese Method of Transoforming Habit, One Small Step at a Time မှာ ဖော်ပြထားပါသေးတယ်။
စာအုပ်ထဲမှာတော့ သူမက သူမရဲ့ အိပ်မပျော်တဲ့ဝေဒနာကို အခုလို ရိုးရှင်းတဲ့နည်းလမ်းနဲ့ အနိုင်ယူခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။ “…တစ်ခါတစ်လေ ကျွန်မ မနက်(၃) နာရီလောက်ကြီး နိုးတယ်။ နိုးတဲ့အချိန်မှာလည်း အတွေးတွေက ကစဉ့်ကလျားနဲ့ ပြန်အိပ်လို့ မရတော့ဘူး။ ဒီလိုအချိန်တွေမှာဆိုရင် ကျွန်မက ဒီအသက်ရှူနည်းကို သုံးပါတယ်။ သက်တောင့်သက်သာရှိတဲ့ နေရာတစ်နေရာမှာ သွားလှဲတယ်။ ပြီးရင် လက်ချောင်းနဲ့ ညာဘက်နှာခေါင်းပေါက်ကို ပိတ်လိုက်တယ်၊ ပြီးတော့ မိနစ်အနည်းငယ်လောက် ဘယ်ဘက်နှာခေါင်းပေါက်ကနေပဲ အသက်ရှူတယ်….”
ဒီနည်းအပြင် နောက်ထပ် နည်းတစ်နည်းလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ နှာခေါင်းပေါက် နှစ်ပေါက်ရှိတဲ့အနက် တစ်ပေါက်ချင်းစီကို မိနစ်အနည်းငယ်ကြာပိတ်ပြီး နောက်နှာခေါင်းတစ်ပေါက်နဲ့ အသက်ပြင်းပြင်း ရှူရှိုက်တာ ဖြစ်ပါတယ်။ ဂုရုဆာရာဟာဗေးကတော့ အခုလို နှာခေါင်းပေါက်တွေကို အဖွင့်အပိတ်လုပ်ပြီး အသက်ရှူတဲ့နည်းဟာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်စိတ်တွေကို မောင်းထုတ်ပေးတာကြောင့် အိပ်မပျော်ဘူးဆိုတဲ့လူတိုင်း စမ်းသုံးကြည့်ကြဖို့ နည်းလမ်းပေးထားတာပဲ ဖြစ်ပါတယ်။
Credit:Shwemom


မှတ်ချက်များ