စကားက်ယ္က်ယ္ေျပာတတ္သူနားေလးသူမ်ားဟုဆိုနုိင္…
Zawgyiျဖင့္ဖတ္ရန္
ဘယ္ေနရာေရာက္ေရာက္ေအာ္က်ယ္ေအာ္က်ယ္စကားေျပာရမွအားရတတ္တဲ႔သူမ်ိဳးေတြရွိလား? တစ္ခါတစ္ေလမွာ မွ စကားအသံက်ယ္လာတာမ်ိဳးမဟုတ္ပဲ ဘယ္အခ်ိန္ပဲစကားေျပာေျပာအသံျပဲံျပဲနဲ႕ ေျပာလုိက္ရမွ သူမ်ားကိုယ္႔အသံကို ျကားရမယ္ ထင္တဲ႔သူေတြရွိတတ္ျကပါတယ္။ထူးဆန္းတာ တစ္ခုက ဒီလုိအသံက်ယ္က်ယ္စကားေျပာတတ္သူတစ္ခ်ိဳ႕ဟာ သူတို႕အသံကိုသူတို႕က်ယ္တယ္ဆိုတာ သတိမထားမိတာပါပဲ။တစ္ျခားသူေတြက နင္႔အသံကဟယ္ က်ယ္လုိက္တာ…လို႕ ေျပာပင္မဲ႔သတို႕စိတ္ထဲမွာ ဒီအသံက အေနေတာ္ပဲ လို႕ထင္ေနတတတ္ျကပါတယ္။
ဒီလိုတစ္ဖက္လူအတြက္ ကိုယ္႔အသံက က်ယ္ေလာင္ေနျပီး ကိုယ္တုိင္က ဒီအသံေလာက္ေျပာမွ ကိုယ္ျကားရတာလည္းအဆင္ေျပသလိုေျပာရတာလည္းအားရပါတယ္လုိ႕ ခံစားေနရျပီဆုိရင္ေတာ႔ ဒီလူက အာရံုေျကာအားနည္းေနျပီး နားမေကာင္းဖို႕အစပ်ိဳးေနတာျဖစ္နုိင္ပါတယ္။
ဒါဆိုနားကန္းသြားမွာလားဆုိေတာ႔လည္း အဲ႔လုိျကီးေတာ႔မဟုတ္ပါဘူး…နားကန္းသြားတယ္ဆိုတာထက္ အျကားအာရံုမွာခ်ိဳ႕ယြင္းတဲ႔သူလုိ႕ေျပာရင္ပိုမွန္ပါလိမ္႔မယ္။
ဒါေျကာင္႔အျကားအာရံုထိခိုက္ထားတဲ႔သူ အျကားအာရံု ခ်ိဳ႕ယြင္းထားတဲ႔သူ ေတာ္ေတာ္မ်ားမ်ားဟာ သူမ်ားထက္ပိုျပီးစကားေျပာက်ယ္ကာ ကိုယ္႔အသံကို ေတာ္ရံု အက်ယ္ေလာက္နဲ႕ အားမရတတ္တာပါပဲ…ကိုယ္႔အသံျပဲမႈကို ကိုယ္သတိမထားမိဘူးဆိုရင္ေတာ႔ နားကိုစစ္ေဆးျကည္႔ဖုိ႕လိုျပီေနာ္…
တစ္ခ်ိဳ႕ေသာသူေတြက ေတာ႔အျကားအာရံုအျကီးက်ယ္ခ်ိဳ႕ယြင္းတာမ်ိဳးမဟုတ္ပင္မဲ႔ နားျကပ္ကိုအက်ယ္ျကီးနားေထာင္တတ္တာမ်ိဳး ၊ ဖုန္းကိုနားနဲ႕ကပ္ျပီးအျကာျကီးေျပာတတ္တာမ်ိဳးေတ ြ ေျကာင္႔လည္း ဒီလုိျပႆနာမ်ိဳးျဖစ္လာတတ္ပါတယ္…
Credit:Trend Myanmar
Unicodeဖြင့်ဖတ်ရန်
စကားကျယ်ကျယ်ပြောတတ်သူနားလေးသူများဟုဆိုနိုင်…
ဘယ်နေရာရောက်ရောက်အော်ကျယ်အော်ကျယ်စကားပြောရမှအားရတတ်တဲ့သူမျိုးတွေရှိလား? တစ်ခါတစ်လေမှာ မှ စကားအသံကျယ်လာတာမျိုးမဟုတ်ပဲ ဘယ်အချိန်ပဲစကားပြောပြောအသံပြဲံပြဲနဲ့ ပြောလိုက်ရမှ သူများကိုယ့်အသံကို ကြားရမယ် ထင်တဲ့သူတွေရှိတတ်ကြပါတယ်။ထူးဆန်းတာ တစ်ခုက ဒီလိုအသံကျယ်ကျယ်စကားပြောတတ်သူတစ်ချို့ဟာ သူတို့အသံကိုသူတို့ကျယ်တယ်ဆိုတာ သတိမထားမိတာပါပဲ။တစ်ခြားသူတွေက နင့်အသံကဟယ် ကျယ်လိုက်တာ…လို့ ပြောပင်မဲ့သတို့စိတ်ထဲမှာ ဒီအသံက အနေတော်ပဲ လို့ထင်နေတတတ်ကြပါတယ်။
ဒီလိုတစ်ဖက်လူအတွက် ကိုယ့်အသံက ကျယ်လောင်နေပြီး ကိုယ်တိုင်က ဒီအသံလောက်ပြောမှ ကိုယ်ကြားရတာလည်းအဆင်ပြေသလိုပြောရတာလည်းအားရပါတယ်လို့ ခံစားနေရပြီဆိုရင်တော့ ဒီလူက အာရုံကြောအားနည်းနေပြီး နားမကောင်းဖို့အစပျိုးနေတာဖြစ်နိုင်ပါတယ်။
ဒါဆိုနားကန်းသွားမှာလားဆိုတော့လည်း အဲ့လိုကြီးတော့မဟုတ်ပါဘူး…နားကန်းသွားတယ်ဆိုတာထက် အကြားအာရုံမှာချို့ယွင်းတဲ့သူလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။
ဒါကြောင့်အကြားအာရုံထိခိုက်ထားတဲ့သူ အကြားအာရုံ ချို့ယွင်းထားတဲ့သူ တော်တော်များများဟာ သူများထက်ပိုပြီးစကားပြောကျယ်ကာ ကိုယ့်အသံကို တော်ရုံ အကျယ်လောက်နဲ့ အားမရတတ်တာပါပဲ…ကိုယ့်အသံပြဲမှုကို ကိုယ်သတိမထားမိဘူးဆိုရင်တော့ နားကိုစစ်ဆေးကြည့်ဖို့လိုပြီနော်…
တစ်ချို့သောသူတွေက တော့အကြားအာရုံအကြီးကျယ်ချို့ယွင်းတာမျိုးမဟုတ်ပင်မဲ့ နားကြပ်ကိုအကျယ်ကြီးနားထောင်တတ်တာမျိုး ၊ ဖုန်းကိုနားနဲ့ကပ်ပြီးအကြာကြီးပြောတတ်တာမျိုးတေ ွ ကြောင့်လည်း ဒီလိုပြဿနာမျိုးဖြစ်လာတတ်ပါတယ်…
Credit:Trend Myanmar


မှတ်ချက်များ