စိတ္မႏွံ႔တဲ့ ၁၂ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးမွာ လက္သည္မေပၚဘဲ ရွစ္လအတြင္း ကိုယ္ဝန္ႏွစ္ခါ ေဆာင္ရ
Zawgyi ျဖင့္ဖတ္ရန္
ဘယ္လို လူမဆန္တဲ့ သူမ်ိဳးရဲ႕ ယုတ္မာမႈလို႔ ကင္ပြန္းတပ္ရေအာင္ အျဖစ္က ဆိုးလြန္းပါတယ္။ အသက္မျပည့္ေသးတာတင္မက စိတ္လည္းမႏွံ႔ရွာတဲ့ ကေလးမေလး တစ္ဦးဟာ ဘယ္လူယုတ္မာ လက္ခ်က္မွန္း မသိရဘဲ ရွစ္လအတြင္း ကိုယ္ဝန္ႏွစ္ခါ ရခဲ့တဲ့ အျဖစ္ဆိုးတစ္ရပ္ တ႐ုတ္ႏိုင္ငံမွာ ျဖစ္ပြားပါတယ္။
ကြမ္တုံျပည္နယ္က အသက္ ၁၂ ႏွစ္အ႐ြယ္ စိတ္မႏွံ႔တဲ့ အဲဒီ မိန္းကေလးကို အႀကိမ္ႀကိမ္ လိင္ေစာ္ကား က်ဴးလြန္တာေတြ ရွိေနၿပီး ခုလို ရွစ္လအတြင္း ဒုတိယအႀကိမ္ ကိုယ္ဝန္ထပ္ရွိလာျပန္တာေၾကာင့္ ရဲတပ္ဖြဲ႕အေနနဲ႔လည္း မေနသာေတာ့ပဲ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနရၿပီ ျဖစ္ပါတယ္။
အဲဒီ စိတ္မႏွံ႔ရွာတဲ့ ကေလးမေလးမွာ လိင္ေစာ္ကားခံရၿပီး ကိုယ္ဝန္ရခဲ့တယ္လို႔ ၿပီးခဲ့တဲ့ မတ္လအတြင္းက ပထမအႀကိမ္ အမႈတိုင္တန္းထားတာ ရွိေၾကာင္း ရွင္းယီၿမိဳ႕ ျပည္သူ႔လုံၿခဳံေရးဗ်ဴ႐ိုက စေနေန႔က ထုတ္ျပန္ပါတယ္။
ဒါေပမယ့္ သဲလြန္စ မရႏိုင္တာေၾကာင့္ အဲဒီအမႈဟာ စုံစမ္းဆဲ အဆင့္မွာပဲ ရွိရာမွာ ခုေတာ့ ေနာက္ထပ္တစ္ႀကိမ္ ကိုယ္ဝန္ထပ္ရွိလာျပန္တာ ျဖစ္ပါတယ္။
ပထမကိုယ္ဝန္ကို ဖ်က္ခ်ခဲ့ၿပီး လအတန္ၾကာ ေအာက္တိုဘာ ေႏွာင္းပိုင္းမွာ မိန္းကေလးရဲ႕ မိသားစုဝင္ေတြက ကေလးမေလးမွာ ကိုယ္ဝန္ ထပ္ရွိလာျပန္တယ္လို႔ တိုင္တန္းလာတာပဲ ျဖစ္ပါတယ္။
ဒီအတြက္ ရွင္ယီရဲစခန္းဟာ ႏွစ္မႈစလုံးကို ပူးတြဲအမႈဖြင့္ဖို႔ ဆုံးျဖတ္ၿပီး လက္သည္တရားခံအေနနဲ႔ ကိုယ္တိုင္ လာဝန္ခံဖို႔ကိုပါ တိုက္တြန္းထားပါတယ္။ စိတ္မႏွံ႔ရွာတဲ့ အဲဒီ ကေလးမေလးမွာ အခု ထပ္ရတဲ့ ကိုယ္ဝန္ကိုလည္း ေဆး႐ုံတင္ၿပီး ဖ်က္ခ်ဖို႔ စီစဥ္ေဆာင္႐ြက္ခဲ့တယ္လို႔ ၿမိဳ႕အုပ္ခ်ဳပ္ေရး႐ုံးက ေသာၾကာေန႔မွာ ထုတ္ျပန္ပါတယ္။
ခုလို လိင္ေစာ္ကား က်ဳးလြန္ခံရရွာတဲ့ စိတ္မႏွံ႔ရွာတဲ့ ကေလးမေလးနဲ႔ မိဘေတြကို စိတ္ပညာနယ္ပယ္နဲ႔ အႀကံေပးဝန္ေဆာင္မႈလုပ္ငန္းေတြက အကူအညီေတြ ေပးသလို လူသားခ်င္းစာနာေထာက္ထားေရးအဖြဲ႕ေတြက ဒီကေလးမေလးအတြက္ အထူးေက်ာင္းမွာ အပ္ႏွံေပးရန္ က်ဴရွင္ခနဲ႔ အျခားအသုံးစရိတ္ေတြကို ကူညီမယ္လို႔ ကမ္းလွမ္းထားၾကပါတယ္။
အစိုးရကလည္း ဒီ မိန္းကေလးနဲ႔ မိသားစုကို အနည္းကပ္ ဆက္လက္ေစာင့္ၾကည့္ၿပီး အခက္အခဲေတြ ေျဖရွင္းဖို႔ ဆက္လက္ကူညီသြားမယ္လို႔ ေျပာပါတယ္။
Writer_ ေမာင္သံဆင့္(XYZ News)
Unicode ဖြင့်ဖတ်ရန်
စိတ်မနှံ့တဲ့ ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ လက်သည်မပေါ်ဘဲ ရှစ်လအတွင်း ကိုယ်ဝန်နှစ်ခါ ဆောင်ရ
ဘယ်လို လူမဆန်တဲ့ သူမျိုးရဲ့ ယုတ်မာမှုလို့ ကင်ပွန်းတပ်ရအောင် အဖြစ်က ဆိုးလွန်းပါတယ်။ အသက်မပြည့်သေးတာတင်မက စိတ်လည်းမနှံ့ရှာတဲ့ ကလေးမလေး တစ်ဦးဟာ ဘယ်လူယုတ်မာ လက်ချက်မှန်း မသိရဘဲ ရှစ်လအတွင်း ကိုယ်ဝန်နှစ်ခါ ရခဲ့တဲ့ အဖြစ်ဆိုးတစ်ရပ် တရုတ်နိုင်ငံမှာ ဖြစ်ပွားပါတယ်။
ကွမ်တုံပြည်နယ်က အသက် ၁၂ နှစ်အရွယ် စိတ်မနှံ့တဲ့ အဲဒီ မိန်းကလေးကို အကြိမ်ကြိမ် လိင်စော်ကား ကျူးလွန်တာတွေ ရှိနေပြီး ခုလို ရှစ်လအတွင်း ဒုတိယအကြိမ် ကိုယ်ဝန်ထပ်ရှိလာပြန်တာကြောင့် ရဲတပ်ဖွဲ့အနေနဲ့လည်း မနေသာတော့ပဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။
အဲဒီ စိတ်မနှံ့ရှာတဲ့ ကလေးမလေးမှာ လိင်စော်ကားခံရပြီး ကိုယ်ဝန်ရခဲ့တယ်လို့ ပြီးခဲ့တဲ့ မတ်လအတွင်းက ပထမအကြိမ် အမှုတိုင်တန်းထားတာ ရှိကြောင်း ရှင်းယီမြို့ ပြည်သူ့လုံခြုံရေးဗျူရိုက စနေနေ့က ထုတ်ပြန်ပါတယ်။
ဒါပေမယ့် သဲလွန်စ မရနိုင်တာကြောင့် အဲဒီအမှုဟာ စုံစမ်းဆဲ အဆင့်မှာပဲ ရှိရာမှာ ခုတော့ နောက်ထပ်တစ်ကြိမ် ကိုယ်ဝန်ထပ်ရှိလာပြန်တာ ဖြစ်ပါတယ်။
ပထမကိုယ်ဝန်ကို ဖျက်ချခဲ့ပြီး လအတန်ကြာ အောက်တိုဘာ နှောင်းပိုင်းမှာ မိန်းကလေးရဲ့ မိသားစုဝင်တွေက ကလေးမလေးမှာ ကိုယ်ဝန် ထပ်ရှိလာပြန်တယ်လို့ တိုင်တန်းလာတာပဲ ဖြစ်ပါတယ်။
ဒီအတွက် ရှင်ယီရဲစခန်းဟာ နှစ်မှုစလုံးကို ပူးတွဲအမှုဖွင့်ဖို့ ဆုံးဖြတ်ပြီး လက်သည်တရားခံအနေနဲ့ ကိုယ်တိုင် လာဝန်ခံဖို့ကိုပါ တိုက်တွန်းထားပါတယ်။ စိတ်မနှံ့ရှာတဲ့ အဲဒီ ကလေးမလေးမှာ အခု ထပ်ရတဲ့ ကိုယ်ဝန်ကိုလည်း ဆေးရုံတင်ပြီး ဖျက်ချဖို့ စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ မြို့အုပ်ချုပ်ရေးရုံးက သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။
ခုလို လိင်စော်ကား ကျုးလွန်ခံရရှာတဲ့ စိတ်မနှံ့ရှာတဲ့ ကလေးမလေးနဲ့ မိဘတွေကို စိတ်ပညာနယ်ပယ်နဲ့ အကြံပေးဝန်ဆောင်မှုလုပ်ငန်းတွေက အကူအညီတွေ ပေးသလို လူသားချင်းစာနာထောက်ထားရေးအဖွဲ့တွေက ဒီကလေးမလေးအတွက် အထူးကျောင်းမှာ အပ်နှံပေးရန် ကျူရှင်ခနဲ့ အခြားအသုံးစရိတ်တွေကို ကူညီမယ်လို့ ကမ်းလှမ်းထားကြပါတယ်။
အစိုးရကလည်း ဒီ မိန်းကလေးနဲ့ မိသားစုကို အနည်းကပ် ဆက်လက်စောင့်ကြည့်ပြီး အခက်အခဲတွေ ဖြေရှင်းဖို့ ဆက်လက်ကူညီသွားမယ်လို့ ပြောပါတယ်။
Writer_ မောင်သံဆင့်(XYZ News)


မှတ်ချက်များ