အရွိန္ျပင္းနဲ႔ဆိုင္ကယ္ေမာင္းလာသူကို မဖမ္းတဲ့အျပင္ ကိတ္မုန္႔ပါ၀ယ္ေကြ်းခဲ့တဲ့ ရဲအရာရွိ
Zawgyiျဖင့္ဖတ္ရန္
ဥပေဒဘက္ေတာ္သားေတြဟာ စည္းကမ္းဥပေဒေတြနဲ႔ ပတ္သက္လာရင္ တင္းၾကပ္ၾကပါတယ္။ လူေတြအေနနဲ႔ ေန႔စဥ္ဘ၀မွာ ဥပေဒကို ေျဖေလွ်ာ့ၿပီး ၾကင္္နာတတ္တဲ့ ရဲအရာရွိၾကီးေတြနဲ႔ေတြ႔ဖို႔ဆိုတာ တကယ္ကို မလြယ္တာပါ။ မၾကာေသးခင္တုန္းကေတာ့ ထုိင္းရဲသားတစ္ဦးဟာ ၄င္းရဲ႕ၾကင္နာတဲ့ဆက္ဆံမႈေၾကာင့္ သတင္းေခါင္းၾကီးေတြမွာ ပါလာခဲ့ေၾကာင္း worldofbuzz သတင္းမွာ ေတြ႔ရပါတယ္။
၄င္းရဲအရာရွိဟာ လိုင္စင္ပလိတ္ျပားလည္း မပါပဲ အရွိန္ျပင္းျပင္းနဲ႔ ေမာ္ေတာ္ဆိုင္ကယ္ေမာင္းခဲ့တဲ့ ဆယ္ေက်ာ္သက္ကို ဖမ္းဆီးဖို႔ ၾကိဳးစားခဲ့တာပါ။ ဒါေပမယ့္ ရဲအရာရွိဟာ ဆယ္ေက်ာ္သက္ေလးရဲ႕ အေၾကာင္းစံုကို ၾကားၿပီးေနာက္ပိုင္းမွာေတာ့ ေကာင္ေလးကို ဂရုဏာသက္ခဲ့တဲ့အျပင္ ကိတ္မုန္႔တစ္လံုးကိုပါ သူ႔အိတ္ထဲက စိုက္ၿပီး ၀ယ္ေကြ်းခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါ ရဲအရာရွိဟာ ကာေနာ့ခ္ပန္ပူသာပြန္ဆိုသူပါ။ “ကြ်န္ေတာ္ တာ၀န္ထမ္းေဆာင္ေနတဲ့အခ်ိန္မွာ ခုလို ၾကံဳရတာပါ။ ေမာ္ေတာ္ဆိုင္ကယ္က ေမာင္းသင့္တဲ့အရွိန္ထက္ ပိုၿပီးေမာင္းလာတာ။ ၿပီးေတာ့ ဦးထုပ္မပါ၊ လိုင္စင္ပလိတ္မပါနဲ႔ဆိုေတာ့ သူ႔ကို ဖမ္းဖို႔ ကြ်န္ေတာ္ဆံုးျဖတ္ခဲ့တာပါ…” လို႔ ရဲအရာရွိ ကာေနာ့ခ္က ေျပာျပပါတယ္။
ဒါေပမယ့္ ရဲလည္း အဖမ္းခံရေရာ အဆိုပါ အဆိုပါေကာင္ေလးဟာ မ်က္ရည္ပိုးပိုးေပါက္ေပါက္ က်လာပါတယ္။ ၾကင္နာတတ္ ကာေနာ့ခ္က အေၾကာင္းစံုေမးျမန္းၾကည့္တဲ့အခါမွာေတာ့ သူဟာ သူ႔အစ္ကိုရဲ႕ အိမ္က စိတ္ဆိုးၿပီး ထြက္လာတာျဖစ္ေၾကာင္း၊ အေၾကာင္းကေတာ့ အဲ့ဒီေန႔ဟာ သူ႔ေမြးေန႔ျဖစ္ၿပီး သူ႔ေမြးေန႔ကို အိမ္သားအားလံုးက အဖက္မလုပ္ပဲ ရွိတဲ့အတြက္ ေဒါသထြက္ထြက္နဲ႔ ေျခဦးတည့္ရာ ဆိုင္ကယ္ေမာင္းလာေၾကာင္း ရွင္းျပပါတယ္။
ဒါေၾကာင့္ ကာေနာ့ခ္က သနားၿပီး ၄င္းဆယ္ေက်ာ္သက္ေလးကို ဒီအတိုင္း အိမ္ျပန္မလႊတ္ပဲ သူ႔ကို စိတ္သက္သာရာျဖစ္ေစၿပီးမွ ဆိုင္ကယ္ေမာင္းခိုင္းဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ ကာေနာ့ခ္ဟာ နီးစပ္ရာစတိုးဆိုင္တစ္ဆိုင္ကုို သြားၿပီး မီးထြန္းညိွထားတဲ့ ကိတ္မုန္႔ေလးတစ္လံုးကို ၀ယ္လာခဲ့ပါတယ္။ မေမွ်ာ္လင့္ပဲ ေမြးေန႔ကိတ္ေလးကို ေတြ႔လိုက္ရတဲ့အတြက္ ဆယ္ေက်ာ္သက္ေလးဟာ အရမ္းအ့ံၾသသြားခဲ့ၿပီး ထပ္ငိုခဲ့ပါေသးတယ္။ ၿပီးေနာက္မွာေတာ့ ကာေနာ့ခ္ဟာ ေကာင္ေလးကို စိတ္ဆႏၵအတိုင္း အရွိန္ျမွင့္ အျမန္မေမာင္းဖို႔ ဆံုးမၿပီး ျပန္လႊတ္ေပးခဲ့ေၾကာင္း သိရပါတယ္။
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
အရှိန်ပြင်းနဲ့ဆိုင်ကယ်မောင်းလာသူကို မဖမ်းတဲ့အပြင် ကိတ်မုန့်ပါဝယ်ကျွေးခဲ့တဲ့ ရဲအရာရှိ
ဥပဒေဘက်တော်သားတွေဟာ စည်းကမ်းဥပဒေတွေနဲ့ ပတ်သက်လာရင် တင်းကြပ်ကြပါတယ်။ လူတွေအနေနဲ့ နေ့စဉ်ဘဝမှာ ဥပဒေကို ဖြေလျှော့ပြီး ကြင်နာတတ်တဲ့ ရဲအရာရှိကြီးတွေနဲ့တွေ့ဖို့ဆိုတာ တကယ်ကို မလွယ်တာပါ။ မကြာသေးခင်တုန်းကတော့ ထိုင်းရဲသားတစ်ဦးဟာ ၎င်းရဲ့ကြင်နာတဲ့ဆက်ဆံမှုကြောင့် သတင်းခေါင်းကြီးတွေမှာ ပါလာခဲ့ကြောင်း worldofbuzz သတင်းမှာ တွေ့ရပါတယ်။
၎င်းရဲအရာရှိဟာ လိုင်စင်ပလိတ်ပြားလည်း မပါပဲ အရှိန်ပြင်းပြင်းနဲ့ မော်တော်ဆိုင်ကယ်မောင်းခဲ့တဲ့ ဆယ်ကျော်သက်ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ရဲအရာရှိဟာ ဆယ်ကျော်သက်လေးရဲ့ အကြောင်းစုံကို ကြားပြီးနောက်ပိုင်းမှာတော့ ကောင်လေးကို ဂရုဏာသက်ခဲ့တဲ့အပြင် ကိတ်မုန့်တစ်လုံးကိုပါ သူ့အိတ်ထဲက စိုက်ပြီး ဝယ်ကျွေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ရဲအရာရှိဟာ ကာနော့ခ်ပန်ပူသာပွန်ဆိုသူပါ။ “ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ခုလို ကြုံရတာပါ။ မော်တော်ဆိုင်ကယ်က မောင်းသင့်တဲ့အရှိန်ထက် ပိုပြီးမောင်းလာတာ။ ပြီးတော့ ဦးထုပ်မပါ၊ လိုင်စင်ပလိတ်မပါနဲ့ဆိုတော့ သူ့ကို ဖမ်းဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ…” လို့ ရဲအရာရှိ ကာနော့ခ်က ပြောပြပါတယ်။
ဒါပေမယ့် ရဲလည်း အဖမ်းခံရရော အဆိုပါ အဆိုပါကောင်လေးဟာ မျက်ရည်ပိုးပိုးပေါက်ပေါက် ကျလာပါတယ်။ ကြင်နာတတ် ကာနော့ခ်က အကြောင်းစုံမေးမြန်းကြည့်တဲ့အခါမှာတော့ သူဟာ သူ့အစ်ကိုရဲ့ အိမ်က စိတ်ဆိုးပြီး ထွက်လာတာဖြစ်ကြောင်း၊ အကြောင်းကတော့ အဲ့ဒီနေ့ဟာ သူ့မွေးနေ့ဖြစ်ပြီး သူ့မွေးနေ့ကို အိမ်သားအားလုံးက အဖက်မလုပ်ပဲ ရှိတဲ့အတွက် ဒေါသထွက်ထွက်နဲ့ ခြေဦးတည့်ရာ ဆိုင်ကယ်မောင်းလာကြောင်း ရှင်းပြပါတယ်။
ဒါကြောင့် ကာနော့ခ်က သနားပြီး ၎င်းဆယ်ကျော်သက်လေးကို ဒီအတိုင်း အိမ်ပြန်မလွှတ်ပဲ သူ့ကို စိတ်သက်သာရာဖြစ်စေပြီးမှ ဆိုင်ကယ်မောင်းခိုင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကာနော့ခ်ဟာ နီးစပ်ရာစတိုးဆိုင်တစ်ဆိုင်ကို သွားပြီး မီးထွန်းညှိထားတဲ့ ကိတ်မုန့်လေးတစ်လုံးကို ဝယ်လာခဲ့ပါတယ်။ မမျှော်လင့်ပဲ မွေးနေ့ကိတ်လေးကို တွေ့လိုက်ရတဲ့အတွက် ဆယ်ကျော်သက်လေးဟာ အရမ်းအံ့သြသွားခဲ့ပြီး ထပ်ငိုခဲ့ပါသေးတယ်။ ပြီးနောက်မှာတော့ ကာနော့ခ်ဟာ ကောင်လေးကို စိတ်ဆန္ဒအတိုင်း အရှိန်မြှင့် အမြန်မမောင်းဖို့ ဆုံးမပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။
Credit:Shwemom


မှတ်ချက်များ