ေရွ႕ေနတစ္ဦး ေျပာဆိုခ်က္အရ တရားျပန္စြဲခံရဖို႔ အေျခအေနရွိေနတဲ့ မယားႀကီးျဖစ္သူ
Zawgyi ျဖင့္ဖတ္ရန္
မယားႀကီးျဖစ္သူက သူမေယာက်ာ္းနဲ႔ မယားငယ္ကို ဟိုတယ္ခန္းထဲမွာ ရဲေတြနဲ႔ ဝင္ေရာက္ဖမ္းဆီးကာ အမႈဖြင့္ခဲ့တဲ့ သတင္းကို ပရိသတ္ႀကီးလည္း အားလုံးသိၾကၿပီးျဖစ္မွာပါ။ဒီလို ဝင္ေရာက္ဖမ္းဆီးတဲ့ Video ဖိုင္ဟာ လူမႈကြန္ယက္မွာ အလြန္ကို ပ်ံ႕ႏွံ႔သြားခဲ့ၿပီး ထင္ျမင္ခ်က္ေတြအမ်ိဳးမ်ိဳးလည္းထြက္ေပၚလာခဲ့ပါတယ္။
ဒီထင္ျမင္ခ်က္ေတြထဲမွာ ေရွ႕ေနတစ္ဦးျဖစ္တဲ့ ဦးရဲရင့္ ေ၀ ရဲ႕ ထင္ျမင္ခ်က္ေလးကေတာ့ လူမႈကြန္ယက္မွာ အထူးပ်ံ႕ႏွံ႔ေနတာျဖစ္ၿပီး သတိထားစရာ ကိစၥရပ္ေလးလည္းျဖစ္တာမို႔ တင္ဆက္ေပးလိုက္ပါတယ္။
ဦးရဲရင့္ေဝက (((( မနက္က Video File ၾကည့္လိုက္ရတယ္ …
ေရွ႕ေနၾကည့္ေတာ့ ေရွ႕ေနအျမင္ေပါ့ …
သတိေပးခ်င္တာေလးလည္းေတြ႕လို႔ ေျပာေတာ္မူဖို႔ စာကိုသီတယ္ေပါ့ဗ်ာ …
တစ္လင္တစ္မယားက်င့္သုံးျခင္းဆိုင္ရာဥပေဒက အရပ္သားနားလည္ေအာင္ လူၿပိန္းေျပာေျပာရရင္ က်ဴးလြန္သူ(၂)ေယာက္လုံး အိမ္ေထာင္ရွင္ျဖစ္ေနမွ ႏွစ္ေယာက္လုံးကို တရားစြဲလို႔ရတာပါ …
ဥပမာ – ကြၽန္ေတာ့အမ်ိဳးသမီးက ကြၽန္ေတာ့ကို သင္ဇာဝင့္ေက်ာ္နဲ႔ ေဖာက္ျပန္တယ္လို႔ စြပ္စြဲတိုင္ၾကားတယ္ဆိုပါစို႔( ဤကားဥပမာတည္း😅)
ကြၽန္ေတာ္က အိမ္ေထာင္ရွင္ျဖစ္လို႔ တရားစြဲခံရမွာျဖစ္ေပမယ့္ သင္ဇာေလးက(အဟိ) အိမ္ေထာင္မရွိသူ အပ်ိဳျဖစ္လို႔ တရားစြဲခံရမွာ မဟုတ္ပါဘူး …မနက္က Video File ကိုၾကည့္လိုက္တဲ့အခါ ဘာသြားေတြ႕လဲဆိုေတာ့ …
Video ႐ိုက္ၿပီး Facebook မွာတင္ အရွက္ခြဲသလိုလုပ္ထားတာ သြားေတြ႕ရတယ္ …ကာယကံရွင္အမ်ိဳးသမီးအေနနဲ႔ ေဒါသအေလ်ာက္လုပ္မိတာျဖစ္ႏိုင္ေပမယ့္ Video ႐ိုက္ၿပီး အတင္ခံရတဲ့ အမ်ိဳးသမီးက တရားျပန္စြဲဖို႔ အခြင့္အေရးေပးလိုက္သလိုပါပဲ …
ဘာေတြနဲ႔ တရားစြဲႏိုင္လဲဆိုေတာ့ ဆက္သြယ္ေရးဥပေဒတို႔ ႏိုင္/လြတ္/လုံ တို႔နဲ႔ပါပဲ …ဒါေလးကို သတိခ်ပ္ၾကေစခ်င္ပါတယ္ …)))) ဆိုၿပီးေဖာ္ျပထားတာပါ။
သူ႔အလြန္ကကိုယ့္အလြန္ျဖစ္မသြားရ ေစေအာင္ ေရွ႕ေနတစ္ေယာက္အေနနဲ႔ ဥပေဒ ရႉေထာင့္က ေန ေဖာ္ျပထားတာမလို႔ ဗဟုသုတ တစ္ခုအေနနဲ႔တင္ဆက္ေပးလိုက္ပါတယ္ေနာ္။
Writer – Magic (Shwe Yaung Lan
Unicode ဖြင့်ဖတ်ရန်
ရှေ့နေတစ်ဦး ပြောဆိုချက်အရ တရားပြန်စွဲခံရဖို့ အခြေအနေရှိနေတဲ့ မယားကြီးဖြစ်သူ
မယားကြီးဖြစ်သူက သူမယောကျာ်းနဲ့ မယားငယ်ကို ဟိုတယ်ခန်းထဲမှာ ရဲတွေနဲ့ ဝင်ရောက်ဖမ်းဆီးကာ အမှုဖွင့်ခဲ့တဲ့ သတင်းကို ပရိသတ်ကြီးလည်း အားလုံးသိကြပြီးဖြစ်မှာပါ။ဒီလို ဝင်ရောက်ဖမ်းဆီးတဲ့ Video ဖိုင်ဟာ လူမှုကွန်ယက်မှာ အလွန်ကို ပျံ့နှံ့သွားခဲ့ပြီး ထင်မြင်ချက်တွေအမျိုးမျိုးလည်းထွက်ပေါ်လာခဲ့ပါတယ်။
ဒီထင်မြင်ချက်တွေထဲမှာ ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးရဲရင့် ေ၀ ရဲ့ ထင်မြင်ချက်လေးကတော့ လူမှုကွန်ယက်မှာ အထူးပျံ့နှံ့နေတာဖြစ်ပြီး သတိထားစရာ ကိစ္စရပ်လေးလည်းဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။
ဦးရဲရင့်ဝေက (((( မနက်က Video File ကြည့်လိုက်ရတယ် …
ရှေ့နေကြည့်တော့ ရှေ့နေအမြင်ပေါ့ …
သတိပေးချင်တာလေးလည်းတွေ့လို့ ပြောတော်မူဖို့ စာကိုသီတယ်ပေါ့ဗျာ …
တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာဥပဒေက အရပ်သားနားလည်အောင် လူပြိန်းပြောပြောရရင် ကျူးလွန်သူ(၂)ယောက်လုံး အိမ်ထောင်ရှင်ဖြစ်နေမှ နှစ်ယောက်လုံးကို တရားစွဲလို့ရတာပါ …
ဥပမာ – ကျွန်တော့အမျိုးသမီးက ကျွန်တော့ကို သင်ဇာဝင့်ကျော်နဲ့ ဖောက်ပြန်တယ်လို့ စွပ်စွဲတိုင်ကြားတယ်ဆိုပါစို့( ဤကားဥပမာတည်း😅)
ကျွန်တော်က အိမ်ထောင်ရှင်ဖြစ်လို့ တရားစွဲခံရမှာဖြစ်ပေမယ့် သင်ဇာလေးက(အဟိ) အိမ်ထောင်မရှိသူ အပျိုဖြစ်လို့ တရားစွဲခံရမှာ မဟုတ်ပါဘူး …မနက်က Video File ကိုကြည့်လိုက်တဲ့အခါ ဘာသွားတွေ့လဲဆိုတော့ …
Video ရိုက်ပြီး Facebook မှာတင် အရှက်ခွဲသလိုလုပ်ထားတာ သွားတွေ့ရတယ် …ကာယကံရှင်အမျိုးသမီးအနေနဲ့ ဒေါသအလျောက်လုပ်မိတာဖြစ်နိုင်ပေမယ့် Video ရိုက်ပြီး အတင်ခံရတဲ့ အမျိုးသမီးက တရားပြန်စွဲဖို့ အခွင့်အရေးပေးလိုက်သလိုပါပဲ …
ဘာတွေနဲ့ တရားစွဲနိုင်လဲဆိုတော့ ဆက်သွယ်ရေးဥပဒေတို့ နိုင်/လွတ်/လုံ တို့နဲ့ပါပဲ …ဒါလေးကို သတိချပ်ကြစေချင်ပါတယ် …)))) ဆိုပြီးဖော်ပြထားတာပါ။
သူ့အလွန်ကကိုယ့်အလွန်ဖြစ်မသွားရ စေအောင် ရှေ့နေတစ်ယောက်အနေနဲ့ ဥပဒေ ရှူထောင့်က နေ ဖော်ပြထားတာမလို့ ဗဟုသုတ တစ်ခုအနေနဲ့တင်ဆက်ပေးလိုက်ပါတယ်နော်။
Writer – Magic (Shwe Yaung Lan
မှတ်ချက်များ