Zawgyiျဖင့္ဖတ္ရန္
ျမန္မာ့ အႏုပညာေလာကမွာ ဦးေက်ာ္သူဆိုရင္ လူတိုင္းက ေလးစားရတဲ့ အႏုပညာရွင္ႀကီးျဖစ္ပါတယ္။ တစ္ေခတ္တစ္ခါက နံပါတ္ တစ္ေနရာကို ရယူထားႏိုင္ခဲ့ဖူးသလို၊ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္လို႔ေတာင္ေျပာလို႔ရပါတယ္။ အဲ့အခ်ိန္တုန္းက လူငယ္တိုင္းရဲ႕ပါးစပ္ဖ်ားမွာလည္း ေက်ာ္သူဆိုတာ တဖြဖြဆိုသလို၊ သူရဲ႕ စတိုင္ကိုလည္း လိုက္တုခဲ့ရပါေသးတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဦးေက်ာ္သူဟာ နာေရးကူညီမႈအသင္းတစ္ခုကို ထူေထာင္ၿပီး ပတ္ဝန္းက်င္က လူသားတိုင္းကို ကူညီေလ့ရွိပါတယ္။ ဦးေက်ာ္သူတို႔ ဇနီးေမာင္ႏွံ႔ဟာလည္း ဒီပရဟိတ လုပ္ငန္းေတြမွာ ေပ်ာ္ေမႊလ်က္ပါပဲ……။
အခုဆိုရင္ ဦးေက်ာ္သူရဲ႕ လူမႈကြန္ယက္အေကာင့္မွာ သူ႔ရဲ႕မိန္းမ ေပ်ာက္ဆုံးသြားေၾကာင္းကို ယခုလို မွ်ေဝခဲ့ပါတယ္။ ((((ကြၽန္ေတာ့္ဇနီး ေပ်ာက္သြားလို႔ဗ်ာ….ဆိုၿပီးသတင္းတင္ေတာ့မလို႔။၁၉-၁၁-၂၀၁၉ ရက္ေန႔ မနက္(၅:၀၀)နာရီ ရန္ကုန္ေလဆိပ္ဆင္းၿပီး ၿမိတ္ၿမိဳ႕သို႔ သူငယ္ခ်င္းမ်ားနဲ႔ အလည္အပါတ္သြားသည့္ ကြၽန္ေတာ့္ခ်စ္ဇနီး ေ႐ႊဇီးကြက္(ခ) ျမင့္ျမင့္ခင္ေဖ သည္ ထိုေန႔မနက္(၉:၀၀)နာရီခန္႔က ကြၽန္ေတာ့္ထံသို႔

ၿမိတ္ၿမိဳ႕သို႔ေရာက္ၿပီျဖစ္ေၾကာင္း ဖုန္းဆက္ေျပာခဲ့ၿပီးသကာလ ေန႔လည္ပိုင္းတြင္ ၿမိတ္အနီးအနားပါတ္ဝန္းက်င္ရွိငါးလုပ္ငန္းမ်ား।သစ္လုပ္ငန္းမ်ားအားသြားေရာက္ေလ့လာသည့္သတင္း।ဓါတ္ပုံပါ ပို႔စ္အား သူမဧ။္ FB မွ သတင္းတင္ၿပီးသည့္အခ်ိန္မွစၿပီး ယခုအခ်ိန္အထိ FB ႏွင့္ဖုန္းမွအဆက္အသြယ္လုံး၀ မရေတာ့ပါေၾကာင္း। ေရျမင္ရင္မေနတတ္မထိုင္တတ္ ေရထဲဆင္းရမွေက်နပ္သည့္ ကြၽန္ေတာ့္မိန္းမကို ေတြ႕ရွိပါက ကြၽန္ေတာ္အရမ္းစိတ္ပူေနေသာေၾကာင့္ အျမန္ဆက္သြယ္ရန္ေျပာေပးပါရန္ဟု သတင္းတင္ရန္အတြက္ျပင္ဆင္ၿပီးေနာက္
ယေန႔ေန႔လည္(၄:၀၀)နာရီအခ်ိန္ခန္႔တြင္ သတင္းမတင္ခင္ေနာက္ဆုံးအႀကိမ္အျဖစ္ ဖုန္းဆက္ၾကည့္ရာအင္တာနက္လိုင္းမရသည့္ၿမိတ္ကြၽန္းစုေပၚသို႔ေရာက္ေနသျဖင့္တစ္ညနဲ႔တစ္ေန႔ေပ်ာက္သြားျခင္းျဖစ္ေၾကာင္း သူမဧ။္အသံကိုကြၽန္ေတာ္ၾကားလိုက္မွ ရင္ထဲကဟင္းးးးး!!! ဟုသက္ျပင္းရွည္ႀကီးခ်လိုက္မိပါေတာ့သည္။))))
ပရဟိတ မင္းသားႀကီးဦးေက်ာ္သူကလည္း သူ႔မိန္းမကို ခ်စ္တတ္လိုက္တာေနာ္…..။ ပရိတ္သတ္ႀကီးေရ အသည္းႏုတဲ့ မင္းသားႀကီးဦးေက်ာ္သူ သူ႔မိန္းမနဲ႔ ဖုန္းအဆက္အသြယ္ျပတ္သြားလို႔ ဘယ္ေလာက္ေတာင္ခံစားလိုက္ရမလဲ ………။ အခုလို ပရဟိတေတြအတြက္ အပင္ပန္းခံၿပီး လုပ္ကိုင္ေနတဲ့ ဦးေက်ာ္သူတို႔ ဇနီးေမာင္ႏွံ႔ထာဝရ ေဆာင္႐ြက္ႏိုင္ပါေစလို႔ ပရိတ္သတ္ႀကီးနဲ႔အတူ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္……..။
Unicode ဖြင့်ဖတ်ရန်
မြန်မာ့ အနုပညာလောကမှာ ဦးကျော်သူဆိုရင် လူတိုင်းက လေးစားရတဲ့ အနုပညာရှင်ကြီးဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက နံပါတ် တစ်နေရာကို ရယူထားနိုင်ခဲ့ဖူးသလို၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့တောင်ပြောလို့ရပါတယ်။ အဲ့အချိန်တုန်းက လူငယ်တိုင်းရဲ့ပါးစပ်ဖျားမှာလည်း ကျော်သူဆိုတာ တဖွဖွဆိုသလို၊ သူရဲ့ စတိုင်ကိုလည်း လိုက်တုခဲ့ရပါသေးတယ်။ လက်ရှိအချိန်မှာတော့ ဦးကျော်သူဟာ နာရေးကူညီမှုအသင်းတစ်ခုကို ထူထောင်ပြီး ပတ်ဝန်းကျင်က လူသားတိုင်းကို ကူညီလေ့ရှိပါတယ်။ ဦးကျော်သူတို့ ဇနီးမောင်နှံ့ဟာလည်း ဒီပရဟိတ လုပ်ငန်းတွေမှာ ပျော်မွှေလျက်ပါပဲ……။
အခုဆိုရင် ဦးကျော်သူရဲ့ လူမှုကွန်ယက်အကောင့်မှာ သူ့ရဲ့မိန်းမ ပျောက်ဆုံးသွားကြောင်းကို ယခုလို မျှဝေခဲ့ပါတယ်။ ((((ကျွန်တော့်ဇနီး ပျောက်သွားလို့ဗျာ….ဆိုပြီးသတင်းတင်တော့မလို့။၁၉-၁၁-၂၀၁၉ ရက်နေ့ မနက်(၅:၀၀)နာရီ ရန်ကုန်လေဆိပ်ဆင်းပြီး မြိတ်မြို့သို့ သူငယ်ချင်းများနဲ့ အလည်အပါတ်သွားသည့် ကျွန်တော့်ချစ်ဇနီး ရွှေဇီးကွက်(ခ) မြင့်မြင့်ခင်ဖေ သည် ထိုနေ့မနက်(၉:၀၀)နာရီခန့်က ကျွန်တော့်ထံသို့
မြိတ်မြို့သို့ရောက်ပြီဖြစ်ကြောင်း ဖုန်းဆက်ပြောခဲ့ပြီးသကာလ နေ့လည်ပိုင်းတွင် မြိတ်အနီးအနားပါတ်ဝန်းကျင်ရှိငါးလုပ်ငန်းများ।သစ်လုပ်ငန်းများအားသွားရောက်လေ့လာသည့်သတင်း।ဓါတ်ပုံပါ ပို့စ်အား သူမဧ။် FB မှ သတင်းတင်ပြီးသည့်အချိန်မှစပြီး ယခုအချိန်အထိ FB နှင့်ဖုန်းမှအဆက်အသွယ်လုံး၀ မရတော့ပါကြောင်း। ရေမြင်ရင်မနေတတ်မထိုင်တတ် ရေထဲဆင်းရမှကျေနပ်သည့် ကျွန်တော့်မိန်းမကို တွေ့ရှိပါက ကျွန်တော်အရမ်းစိတ်ပူနေသောကြောင့် အမြန်ဆက်သွယ်ရန်ပြောပေးပါရန်ဟု သတင်းတင်ရန်အတွက်ပြင်ဆင်ပြီးနောက်
ယနေ့နေ့လည်(၄:၀၀)နာရီအချိန်ခန့်တွင် သတင်းမတင်ခင်နောက်ဆုံးအကြိမ်အဖြစ် ဖုန်းဆက်ကြည့်ရာအင်တာနက်လိုင်းမရသည့်မြိတ်ကျွန်းစုပေါ်သို့ရောက်နေသဖြင့်တစ်ညနဲ့တစ်နေ့ပျောက်သွားခြင်းဖြစ်ကြောင်း သူမဧ။်အသံကိုကျွန်တော်ကြားလိုက်မှ ရင်ထဲကဟင်းးးးး!!! ဟုသက်ပြင်းရှည်ကြီးချလိုက်မိပါတော့သည်။))))
ပရဟိတ မင်းသားကြီးဦးကျော်သူကလည်း သူ့မိန်းမကို ချစ်တတ်လိုက်တာနော်…..။ ပရိတ်သတ်ကြီးရေ အသည်းနုတဲ့ မင်းသားကြီးဦးကျော်သူ သူ့မိန်းမနဲ့ ဖုန်းအဆက်အသွယ်ပြတ်သွားလို့ ဘယ်လောက်တောင်ခံစားလိုက်ရမလဲ ………။ အခုလို ပရဟိတတွေအတွက် အပင်ပန်းခံပြီး လုပ်ကိုင်နေတဲ့ ဦးကျော်သူတို့ ဇနီးမောင်နှံ့ထာဝရ ဆောင်ရွက်နိုင်ပါစေလို့ ပရိတ်သတ်ကြီးနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်နော်……..။
Credit: ME(Shwe Yaung Lan)

မှတ်ချက်များ