Zawgyiဖြင့်ဖတ်ရန်
Unicodeဖြင့်ဖတ်ရန်
သင့်ရဲ့ ချက် ပုံစံက ပြောတဲ့ သင့်အကြောင်း
အားလုံးပဲမင်္ဂလာပါနော်။ သင့်ရဲ့ ချက်ကို တစ်ခေါက်လောက် ပြန်ကြည့်လိုက်ပါ။ သင့်ရဲ့ ချက်ပုံစံက သင့်အကြောင်းကို ပြောပြနေပါတယ်နော်။
ချက်က သင့်အကြောင်း ဘာတွေပြောသလဲကြည့်လိုက်ရအောင်။
၁။ အခုပုံမှာပြထားသလို သင့်ချက်က လုံးလုံးလေးဆိုရင်တော့ သင်ဟာ သန်မာတဲ့သူဖြစ်တယ်။ ဒါပေမယ့် ခေါင်းလည်းမာတယ်။ ချစ်တတ်ပေမယ့်သင်တကယ် လက်တွဲရမယ့်သူကို ရှာတွေ့ဖို့ခက်တယ်။
၂။ ချက်ကနက်ပြီး ချက်ချက်လေးဖြစ်နေရင်တော့ သင်ဟာ သဘောထားကြီးသူဖြစ်ပါတယ်။ သင့်မှာ ကြင်နာတတ်တဲ့နှလုံးသားရှိပြီး ရက်ရောတတ်တယ်။ တခြားသူကို စာနာတတ်တယ်။
၃။ ချက်သေးသေးလေးကို ပိုင်ဆိုင်ထားတဲ့သူတွေကတော့ သိပ်ကို သတိထားသူဖြစ်ပါတယ်။ သင်ဟာ တခြားသူကို အဆုံးအဖြတ်ပေးနိုင်စွမ်းရှိတယ်။ သင်အရမ်းရင်းနှီးတဲ့သူကိုပဲ သင်ယုံတတ်တယ်။
၄။ ချက်အတွင်းဖက် ခုံးဝင်နေတဲ့သူတွေကတော့ ပတ်ဝန်းကျင်ကို သိပ်စိတ်မဝင်စားတတ်ပါဘူး။ နည်းနည်းလေးလည်း အပျင်းထူတတ်တဲ့သူတွေပါ။ ဒါပေမယ့် သူတို့ဟာ ထက်မြက်ကြပါတယ်။
၅။ အခုပုံမှာပြထားသလို ချက်ပိုင်ရှင်လေးတွေကတော့ အကောင်းဖက်က တွေးတတ်တယ်။ စိတ်ကူးယဉ်တာထက် လက်တွေ့ဆန်တယ်။ စိတ်လည်း သိပ်မရှည်တတ်တဲ့သူဖြစ်ပါတယ်။
၆။ ချက်ကြီးကြီးပိုင်ရှင်တွေကတော့ သင်ဟာ သင့်ဘေးကလူတွေကို သူတို့နဲ့ တန်တဲ့ တုံ့ပြန်မှုကိုပဲ ပေးလေ့ရှိသူဖြစ်ပါတယ်။ သင့်နဲ့ အရင်းနှီးဆုံးသူတချို့လောက်ကိုပဲ သင်ယုံကြည်တတ်ပါတယ်။
Source: www.trendcrown.com
Credit: MyStyle Myanmar
မှတ်ချက်များ