မိန္းကေလးေတြ သူတို႔ခ်စ္သူကို မၾကာခဏ ရစ္ေနရတဲ့ အေၾကာင္းအရင္းမ်ား


Zawgyiျဖင့္ဖတ္ရန္

အတြဲေတြမွာဆိုရင္ ေယာက္်ားေလးေတ္ာေတာ္မ်ားမ်ား စိတ္ညစ္ရတဲ့အခ်က္က မိန္းကေလးဘက္ကရစ္တာ ေၾကာင့္ပါ။ အဲ့လိုရစ္တာကို ေယာက္်ားေလးေတြကအေၾကာင္းမဲ့လို႕ ထင္တတ္ၾကတယ္။ တကယ္ေတာ့ ဘယ္မိန္းကေလးကမွ ကုိယ့္ခ်စ္သူ႔ကို အေၾကာင္းမဲ့စိတ္ညစ္ေအာင္လုိ႔ မလုပ္ပါဘူး။ သူ႔မွာ ရစ္ရတဲ့အေၾကာင္းျပခ်က္ေတြ ရွိပါတယ္။ အဲ့ဒါေတြကဘာေတြလဲဆိုေတာ့…….

(၁) ဓမၼတာလာတဲ့အခ်ိန္

ဒါကိုေတာ့ ေတာ္ေတာ္မ်ားမ်ားသိၾကမယ္ထင္ပါတယ္။ တကယ္လုိ႔ ကိုယ့္ခ်စ္သူက ဘာအၾကာင္းမွမရွိဘဲ ကိုယ့္ကို ရန္ရွာေနတယ္ထင္ရင္ သူမကိုေခ်ာကလက္ဝယ္ေကၽြးျပီးေခ်ာ႕ၾကည့္ပါ။ ဓမၼတာလာတဲ့အခ်ိန္မွာ ေတာ္ေတာ္မ်ားမ်ားက စိတ္မၾကည္တတ္ပါဘူး။ ေခ်ာကလက္ကေတာ့ အဲ့လုိအခ်ိန္မွာျဖစ္တတ္တဲ့ စိတ္အားငယ္မႈေတြကိုေလွ်ာ့က်ေစနုိင္ပါတယ္။

(၂) သူမကို အခ်ိန္ေပးတာနည္းလာတဲ့အခါ

တကယ္လုိ႔ ကိုယ္က အလုပ္မ်ားလို႔ပဲျဖစ္ျဖစ္ တျခားမိသားစုအေရး၊ လူမႈေရးေတြကို အခ်ိန္ေပးရတာမ်ားလုိ႔ သူမကို အခ်ိန္ေပးတာနည္းလာတဲ့အခါလည္း ရစ္တာခံရနုိင္ပါတယ္။ တကယ္လို႔ ကိုယ့္က အေၾကာင္းရင္းမရွိပဲ အရစ္ခံေနရတယ္လိုေတြးမိေနရင္ ကိုယ့္ခ်စ္သူေကာင္မေလးကို ကိုယ္က လံုေလာက္တဲ့ အခ်ိန္တစ္ခုေပးမိရဲ႕လားဆိုတာျပန္စဥ္းစားပါ။

(၃) ဂရုမစိုက္ဘူးလို႔ ခံစားေနရတဲ့အခါ

နွစ္ေယာက္သား ခ်ိန္းေတြ႔တဲ့အခ်ိန္မွာ ဖုနး္ကိုပဲ ၾကည့္ေနမယ္ ဒါမွမဟုတ္ တျခားအေၾကာင္းအရာေတြပဲေျပာေနျပီး သူမကို ယုယတာမ်ိဳး မရွိရင္လည္း ရစ္တာခံရပါလိမ့္မယ္။ ဘာလုိ႔လဲဆိုေတာ့ အဲ့လုိေတြလုပ္ေနရင္ သူမကို ဂ႐ုမစိုက္ဘူး တကယ္မခ်စ္ဘူးလို႔ ထင္သြားတတ္ၾကလုိ႔ပါ။ အေၾကာင္းမဲ့ရစ္ေနတာမဟုတ္ဘူးေနာ္။

(၄) အဆင္မျပမႈေတြေၾကာင့္ အားငယ္စိတ္ဝင္ေနတဲ့အခါ

အလုပ္ကိစၥေတြေၾကာင့္ပဲျဖစ္ျဖစ္ မိသားစုကိစၥေတြေၾကာင့္ပဲျဖစ္ျဖစ္ အခက္အခဲေတြၾကံဳလာရတဲ့အခါ အားငယ္စိတ္ေတြျဖစ္လာတတ္ပါတယ္။ အဲ့လိုအခ်ိန္ေတြမွာ ကိုယ့္ရဲ႕ အခက္အခဲကိုလည္း ဖြင့္မေျပာခ်င္ စိတ္ညစ္ေစရာေတြကိုလည္း မထိန္းခ်ဳပ္နုိင္တဲ့အခါ ကိုယ့္ခ်စ္သူေကာင္ေလးကို ရစ္မိတတ္ပါတယ္။ အဲ့လုိအခ်ိန္ေတြဆိုရင္ နားလည္မႈရွိျပီး အားေပးစကားေျပာေပးပါ။ အဓိကကေတာ့ မိန္းကေလးေတြ ရစ္တယ္ဆိုတာ အေၾကာင္းမဲ့မဟုတ္လုိ႔ တကယ္ခ်စ္တယ္ဆိုရင္ သည္းခံခြင့္လႊတ္ျပီး ခ်စ္ေပးပါ။

Wint Wint

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

မိန်းကလေးတွေ သူတို့ချစ်သူကို မကြာခဏ ရစ်နေရတဲ့ အကြောင်းအရင်းများ

အတွဲတွေမှာဆိုရင် ယောက်ျားလေးတေ်ာတော်များများ စိတ်ညစ်ရတဲ့အချက်က မိန်းကလေးဘက်ကရစ်တာ ကြောင့်ပါ။ အဲ့လိုရစ်တာကို ယောက်ျားလေးတွေကအကြောင်းမဲ့လို့ ထင်တတ်ကြတယ်။ တကယ်တော့ ဘယ်မိန်းကလေးကမှ ကိုယ့်ချစ်သူ့ကို အကြောင်းမဲ့စိတ်ညစ်အောင်လို့ မလုပ်ပါဘူး။ သူ့မှာ ရစ်ရတဲ့အကြောင်းပြချက်တွေ ရှိပါတယ်။ အဲ့ဒါတွေကဘာတွေလဲဆိုတော့…….

(၁) ဓမ္မတာလာတဲ့အချိန်

ဒါကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်။ တကယ်လို့ ကိုယ့်ချစ်သူက ဘာအကြာင်းမှမရှိဘဲ ကိုယ့်ကို ရန်ရှာနေတယ်ထင်ရင် သူမကိုချောကလက်ဝယ်ကျွေးပြီးချော့ကြည့်ပါ။ ဓမ္မတာလာတဲ့အချိန်မှာ တော်တော်များများက စိတ်မကြည်တတ်ပါဘူး။ ချောကလက်ကတော့ အဲ့လိုအချိန်မှာဖြစ်တတ်တဲ့ စိတ်အားငယ်မှုတွေကိုလျှော့ကျစေနိုင်ပါတယ်။

(၂) သူမကို အချိန်ပေးတာနည်းလာတဲ့အခါ

တကယ်လို့ ကိုယ်က အလုပ်များလို့ပဲဖြစ်ဖြစ် တခြားမိသားစုအရေး၊ လူမှုရေးတွေကို အချိန်ပေးရတာများလို့ သူမကို အချိန်ပေးတာနည်းလာတဲ့အခါလည်း ရစ်တာခံရနိုင်ပါတယ်။ တကယ်လို့ ကိုယ့်က အကြောင်းရင်းမရှိပဲ အရစ်ခံနေရတယ်လိုတွေးမိနေရင် ကိုယ့်ချစ်သူကောင်မလေးကို ကိုယ်က လုံလောက်တဲ့ အချိန်တစ်ခုပေးမိရဲ့လားဆိုတာပြန်စဉ်းစားပါ။

(၃) ဂရုမစိုက်ဘူးလို့ ခံစားနေရတဲ့အခါ

နှစ်ယောက်သား ချိန်းတွေ့တဲ့အချိန်မှာ ဖုန်းကိုပဲ ကြည့်နေမယ် ဒါမှမဟုတ် တခြားအကြောင်းအရာတွေပဲပြောနေပြီး သူမကို ယုယတာမျိုး မရှိရင်လည်း ရစ်တာခံရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲ့လိုတွေလုပ်နေရင် သူမကို ဂရုမစိုက်ဘူး တကယ်မချစ်ဘူးလို့ ထင်သွားတတ်ကြလို့ပါ။ အကြောင်းမဲ့ရစ်နေတာမဟုတ်ဘူးနော်။

(၄) အဆင်မပြမှုတွေကြောင့် အားငယ်စိတ်ဝင်နေတဲ့အခါ

အလုပ်ကိစ္စတွေကြောင့်ပဲဖြစ်ဖြစ် မိသားစုကိစ္စတွေကြောင့်ပဲဖြစ်ဖြစ် အခက်အခဲတွေကြုံလာရတဲ့အခါ အားငယ်စိတ်တွေဖြစ်လာတတ်ပါတယ်။ အဲ့လိုအချိန်တွေမှာ ကိုယ့်ရဲ့ အခက်အခဲကိုလည်း ဖွင့်မပြောချင် စိတ်ညစ်စေရာတွေကိုလည်း မထိန်းချုပ်နိုင်တဲ့အခါ ကိုယ့်ချစ်သူကောင်လေးကို ရစ်မိတတ်ပါတယ်။ အဲ့လိုအချိန်တွေဆိုရင် နားလည်မှုရှိပြီး အားပေးစကားပြောပေးပါ။ အဓိကကတော့ မိန်းကလေးတွေ ရစ်တယ်ဆိုတာ အကြောင်းမဲ့မဟုတ်လို့ တကယ်ချစ်တယ်ဆိုရင် သည်းခံခွင့်လွှတ်ပြီး ချစ်ပေးပါ။

Wint Wint

Credit:Aunty May

မှတ်ချက်များ