Zawgyi ျဖင့္ဖတ္ရန္
အိမ္ေထာင္ျပဳ ဘုရားတည္ ေဆးမင္ရည္စုတ္ထိုး စတာေတြက ျပင္ရခက္တယ္လို႔ ေရွးလူႀကီးေတြ ေျပာၾကတယ္မလား။ ဒါေပမဲ့ ခုေခတ္မွာေတာ့ အိမ္ေထာင္ျပဳရင္ အဆင္မေျပရင္ အဆင္မေျပတဲ့အတိုင္း ေနတာထက္ လမ္းခြဲတာက ပိုေကာင္းသလို တက္တူးကလည္း ဖ်က္လို႔ ရေနပါၿပီ။ ထားပါေတာ့…။ အဓိကက အဲ့လို မျဖစ္လာေအာင္ သမီးရည္းစားဘဝတည္းက ဆုံးျဖတ္ခ်က္ မွန္ဖို႔ ျပတ္သားဖို႔ လိုအပ္ပါတယ္ေနာ္……။ ဒါေၾကာင့္ ဒီအခ်က္ေလးေတြကို သတိထားၾကည့္ဖို႔ လိုအပ္ပါတယ္ေနာ္။
(၁) အရက္စြဲေနတဲ့ ေယာက်ၤား
လူကိုဖ်က္ အရက္တဲ့။ အရက္ေသာက္တာက မဆန္းပါဘူး။ ဒါေပမဲ့ ကိုယ့္ကို ပ်က္စီးေစတဲ့အထိ အလြန္အကြၽံ ေသာက္တာကေတာ့ မေကာင္းပါဘူး။ အရက္အလြန္အကြၽံေသာက္ရင္ ျဖစ္လာမယ့္ ေဘးထြက္ဆိုးက်ိဳးေတြက အရမ္းမ်ားတယ္။ လူမႈက်င့္ဝတ္ေတြမွာ ယုတ္ေလ်ာ့လာသလို ဦးေႏွာက္ေတြးေခၚဆင္ျခင္ႏိုင္စြမ္းေတြပါ ေလ်ာ့က်သလို တျခားေသာ က်န္းမာေရးေတြပါ ထိခိုက္ေစပါတယ္။ ဒါေၾကာင့္ အရက္စြဲေနတဲ့သူနဲ႔ အိမ္ေထာင္ျပဳဖို႔ဆိုတာ သင့္တစ္ဘဝလုံး စိန္ေခၚမႈေတြ စိတ္မေပ်ာ္႐ႊင္မႈေတြနဲ႔ ႀကဳံေစႏိုင္တာမို႔ မေ႐ြးခ်ယ္ပါနဲ႔။
(၂) တစ္ကိုယ္ေကာင္းဆန္တဲ့ ေယာက်ၤား
ေလာကမွာ တစ္ကိုယ္ေကာင္းဆန္တဲ့သူေတြ တကယ္ ရွိပါတယ္။ ခ်စ္သူရည္းစားဘဝမွာ ကိုယ့္ခ်စ္သူက တစ္ကိုယ္ေကာင္းဆန္တဲ့သူ ဟုတ္ မဟုတ္ သတိထားၿပီး ၾကည့္သင့္ပါတယ္ေနာ္။ ဘာလို႔လဲဆိုေတာ့ တစ္ကိုယ္ေကာင္းဆန္တဲ့သူေတြက မိသားစုအေရးထက္ ကိုယ့္ဆႏၵ ကိုယ့္ကိုယ္ကို အရင္ၾကည့္တတ္ၾကတာမို႔ သင္တို႔ မိသားစုအေရးမွာ စိတ္မခ်မ္းေျမ့စရာေတြပဲ ႀကဳံရမွာပါ။
(၃) ေလာင္းကစားလုပ္တတ္တဲ့ ေယာက်ၤား
ေလာင္းကစားဆိုတာမ်ိဳးကလည္း ဖ်က္ရခက္တဲ့ အမ်ိဳးျဖစ္ေန႐ုံမက ဘဝပါ ပ်က္တတ္ေစေသးတယ္။ ဒါေၾကာင့္ ကိုယ့္ခ်စ္သူက ေလာင္းကစားလုပ္တတ္ မလုပ္တတ္ စုံစမ္းထားသင့္သလို ေလာင္းကစားလုပ္တာကို ႀကိဳက္ႏွစ္သက္သူလား ဆိုတာ သိဖို႔ လိုအပ္ပါတယ္။ ေလာင္းကစားလုပ္တတ္တဲ့ သူနဲ႔သာ အိမ္ေထာင္က်ျဖစ္ရင္ သူက ရွိသမွ် ေလာင္းကစားလုပ္ဖို႔ပဲ ေတြးေနေတာ့မွာပါ။ ဒါေၾကာင့္ ေရွာင္သင့္ပါတယ္။
(၄) သဝန္ေၾကာင္လြန္းတဲ့ ေယာက်ၤား
သဝန္တိုတာ ခ်စ္လို႔ပါေနာ္..သိၾကတယ္ မဟုတ္လား။ ဒါေပမဲ့ သဝန္ေၾကာင္တာကေတာ့ အတၱႀကီးတာေၾကာင့္ပါ။ သင့္ကို ခ်စ္သူဆိုတာထက္ သူပိုင္တဲ့ အ႐ုပ္တစ္ခုလို တန္ဖိုးထားတာေၾကာင့္ ဘယ္သူနဲ႔မွ အေပါင္းအသင္း လုပ္မရတဲ့အထိ ခ်ဳပ္ျခယ္ခံေနရတာပါ။ ဒီလိုလူမ်ိဳးနဲ႔သာ အိမ္ေထာင္က်ရင္ သင္က ထားရာေန ေစရာသြား အ႐ုပ္တစ္ခုထက္ မပိုတဲ့ ဘဝကို ေရာက္မွာပါ။
(၅) ေဒါသထြက္ရင္ လက္ပါတတ္တဲ့ ေယာက်ၤား
ဒါကေတာ့ ဘယ္မိန္းကေလးမွ ႀကိဳက္မယ္ မထင္ပါဘူးေနာ္။ ဒါေပမဲ့ အခ်စ္ဆိုတာ ဆန္းၾကယ္လြန္းတယ္။ သူ ေဒါသထြက္သြားလို႔ မွားသြားတာပါ ဆိုတဲ့ အေျပာေအာက္မွာ ေနာက္ ဒီလို မလုပ္နဲ႔ မႀကိဳက္ဘူးဆိုတာေလာက္နဲ႔ ျပႆနာက ၿပီးသြားတတ္ပါတယ္။ အၿမဲလိုလို မဟုတ္ေတာင္ ဒီလိုမ်ိဳး ႀကိမ္ဖန္မ်ားလာရင္ အဲဒီလူကို ဘယ္ေလာက္ခ်စ္ခ်စ္ စြန႔္လႊတ္လိုက္သင့္ပါၿပီ။ အိမ္ေထာင္ျပဳမိရင္ အိမ္တြင္းအၾကမ္းဖက္မႈ က်ဴးလြန္တာမ်ိဳးေတြ ျဖစ္ပြားလာမွာပါ။
Credit:aunty may
Unicode ဖြင့်ဖတ်ရန်
မိန်းကလေးတွေ ဘဝလက်တွဲဖော်အဖြစ် မရွေးချယ်သင့်သော ယောင်္ကျားလေးများ
အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး စတာတွေက ပြင်ရခက်တယ်လို့ ရှေးလူကြီးတွေ ပြောကြတယ်မလား။ ဒါပေမဲ့ ခုခေတ်မှာတော့ အိမ်ထောင်ပြုရင် အဆင်မပြေရင် အဆင်မပြေတဲ့အတိုင်း နေတာထက် လမ်းခွဲတာက ပိုကောင်းသလို တက်တူးကလည်း ဖျက်လို့ ရနေပါပြီ။ ထားပါတော့…။ အဓိကက အဲ့လို မဖြစ်လာအောင် သမီးရည်းစားဘဝတည်းက ဆုံးဖြတ်ချက် မှန်ဖို့ ပြတ်သားဖို့ လိုအပ်ပါတယ်နော်……။ ဒါကြောင့် ဒီအချက်လေးတွေကို သတိထားကြည့်ဖို့ လိုအပ်ပါတယ်နော်။
(၁) အရက်စွဲနေတဲ့ ယောင်္ကျား
လူကိုဖျက် အရက်တဲ့။ အရက်သောက်တာက မဆန်းပါဘူး။ ဒါပေမဲ့ ကိုယ့်ကို ပျက်စီးစေတဲ့အထိ အလွန်အကျွံ သောက်တာကတော့ မကောင်းပါဘူး။ အရက်အလွန်အကျွံသောက်ရင် ဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေက အရမ်းများတယ်။ လူမှုကျင့်ဝတ်တွေမှာ ယုတ်လျော့လာသလို ဦးနှောက်တွေးခေါ်ဆင်ခြင်နိုင်စွမ်းတွေပါ လျော့ကျသလို တခြားသော ကျန်းမာရေးတွေပါ ထိခိုက်စေပါတယ်။ ဒါကြောင့် အရက်စွဲနေတဲ့သူနဲ့ အိမ်ထောင်ပြုဖို့ဆိုတာ သင့်တစ်ဘဝလုံး စိန်ခေါ်မှုတွေ စိတ်မပျော်ရွှင်မှုတွေနဲ့ ကြုံစေနိုင်တာမို့ မရွေးချယ်ပါနဲ့။
(၂) တစ်ကိုယ်ကောင်းဆန်တဲ့ ယောင်္ကျား
လောကမှာ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေ တကယ် ရှိပါတယ်။ ချစ်သူရည်းစားဘဝမှာ ကိုယ့်ချစ်သူက တစ်ကိုယ်ကောင်းဆန်တဲ့သူ ဟုတ် မဟုတ် သတိထားပြီး ကြည့်သင့်ပါတယ်နော်။ ဘာလို့လဲဆိုတော့ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေက မိသားစုအရေးထက် ကိုယ့်ဆန္ဒ ကိုယ့်ကိုယ်ကို အရင်ကြည့်တတ်ကြတာမို့ သင်တို့ မိသားစုအရေးမှာ စိတ်မချမ်းမြေ့စရာတွေပဲ ကြုံရမှာပါ။
(၃) လောင်းကစားလုပ်တတ်တဲ့ ယောင်္ကျား
လောင်းကစားဆိုတာမျိုးကလည်း ဖျက်ရခက်တဲ့ အမျိုးဖြစ်နေရုံမက ဘဝပါ ပျက်တတ်စေသေးတယ်။ ဒါကြောင့် ကိုယ့်ချစ်သူက လောင်းကစားလုပ်တတ် မလုပ်တတ် စုံစမ်းထားသင့်သလို လောင်းကစားလုပ်တာကို ကြိုက်နှစ်သက်သူလား ဆိုတာ သိဖို့ လိုအပ်ပါတယ်။ လောင်းကစားလုပ်တတ်တဲ့ သူနဲ့သာ အိမ်ထောင်ကျဖြစ်ရင် သူက ရှိသမျှ လောင်းကစားလုပ်ဖို့ပဲ တွေးနေတော့မှာပါ။ ဒါကြောင့် ရှောင်သင့်ပါတယ်။
(၄) သဝန်ကြောင်လွန်းတဲ့ ယောင်္ကျား
သဝန်တိုတာ ချစ်လို့ပါနော်..သိကြတယ် မဟုတ်လား။ ဒါပေမဲ့ သဝန်ကြောင်တာကတော့ အတ္တကြီးတာကြောင့်ပါ။ သင့်ကို ချစ်သူဆိုတာထက် သူပိုင်တဲ့ အရုပ်တစ်ခုလို တန်ဖိုးထားတာကြောင့် ဘယ်သူနဲ့မှ အပေါင်းအသင်း လုပ်မရတဲ့အထိ ချုပ်ခြယ်ခံနေရတာပါ။ ဒီလိုလူမျိုးနဲ့သာ အိမ်ထောင်ကျရင် သင်က ထားရာနေ စေရာသွား အရုပ်တစ်ခုထက် မပိုတဲ့ ဘဝကို ရောက်မှာပါ။
(၅) ဒေါသထွက်ရင် လက်ပါတတ်တဲ့ ယောင်္ကျား
ဒါကတော့ ဘယ်မိန်းကလေးမှ ကြိုက်မယ် မထင်ပါဘူးနော်။ ဒါပေမဲ့ အချစ်ဆိုတာ ဆန်းကြယ်လွန်းတယ်။ သူ ဒေါသထွက်သွားလို့ မှားသွားတာပါ ဆိုတဲ့ အပြောအောက်မှာ နောက် ဒီလို မလုပ်နဲ့ မကြိုက်ဘူးဆိုတာလောက်နဲ့ ပြဿနာက ပြီးသွားတတ်ပါတယ်။ အမြဲလိုလို မဟုတ်တောင် ဒီလိုမျိုး ကြိမ်ဖန်များလာရင် အဲဒီလူကို ဘယ်လောက်ချစ်ချစ် စွန့်လွှတ်လိုက်သင့်ပါပြီ။ အိမ်ထောင်ပြုမိရင် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်တာမျိုးတွေ ဖြစ်ပွားလာမှာပါ။
Credit:aunty may


မှတ်ချက်များ