ေအးေဆးေနတတ္ေပမယ့္ ေခသူမဟုတ္တဲ့သူေတြဆိုတာ…..


Zawgyiျဖင့္ဖတ္ရန္

လူေတြဟာ စကားမ်ားမ်ားစားစားေျပာတတ္မွ၊ အလုပ္ၾကီးအကိုင္ၾကီးေတြ လုပ္ျပမွ လူရည္လည္ျပီး ပါးနပ္ထက္ျမက္တယ္လို႔ ထင္တတ္ၾကပါတယ္။ တကယ္ေတာ့ လူတစ္ေယာက္ရဲ႕ ရင့္က်က္ျခင္း၊ ထက္ျမက္ျခင္းဆုိတာ သူၾကံဳရတဲ့ ဘဝအေတြ႕အၾကံဳေတြနဲ႔သာ သက္ဆိုင္ေနတာျဖစ္ပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ ေအးေအးေဆးေဆးေနတတ္ေပမယ့္ လူေတြအေၾကာင္း၊ ေလာကၾကီးအေၾကာင္း ေကာငး္ေကာင္းနားလည္တဲ့ သူေတြအေၾကာင္းပဲျဖစ္ပါတယ္။

(၁) ဘယ္သူဘာေကာင္းေကာင္းသိတယ္

ဒီလိုလူေတြကို ေပါ့ေပါ့ပါးပါး ေအးေအးေဆးေဆးေနလုိ႔ ဘာမွမသိဘူးလို႔ မထင္လိုက္ပါနဲ႔။ လူေတြအေၾကာင္းကုိ ေကာငး္ေကာင္းသိတဲ့သူေတြျဖစ္ပါတယ္။ လူေတြကို ေကာင္းေကာင္းနားလည္ျပီး ခဏေလာက္ အကဲခတ္ၾကည့္လိုက္တာနဲ႔ ဘယ္သူဟာ အမွန္၊ ဘယ္သူဟာ အတုအေယာင္လည္းဆုိတာကိုေတာင္ တန္းျပီးခြဲျခားသိျမင္ႏိုင္စြမး္ရွိပါတယ္။

(၂) သူမ်ားေတြ ရင္လာဖြင့္ၾကတယ္

ဒီလိုလူေတြဟာ တစ္ဖက္လူရဲ႕ ခံစားခ်က္ကို ကိုယ္ခ်ငး္စာတတ္သလို၊ ေကာငး္ေကာင္းနားေထာင္ေပးႏိုင္စြမ္း ရွိတဲ့သူေတြျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ လူေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ဆီမွာ ရင္ဖြင့္ၾကပါတယ္။ ဒါေၾကာင့္ပဲ သူဟာ လူေတာ္ေတာ္မ်ားမ်ားရဲ႕ အတြင္းေရးေတြ၊ သတင္းေတြကို စံုေနေအာင္ သိထားတဲ့သူေတြပါ။ ဒါေပမယ့္ ဘာမွမသိသလိုပဲ ဆက္ေနေနမယ့္သူေတြျဖစ္ပါတယ္။ စပ္စပ္စုစုေတြ ဝါသနာမပါလို႔ပါ။

(၃) စကားမကၽြံဘူး

ဒီလိုလူေတြဟာ စကားေျပာအထူးဆင္ျခင္တဲ့သူေတြျဖစ္ပါတယ္။ စကားမ်ားရင္မ်ားမယ္ ဒါေပမယ့္ ဘယ္ေတာ့မွ စကားကၽြံေလ့မရွိတဲ့သူေတြပါ။ အတင္းအဖ်င္းေတြေျပာတာ၊ ကိုယ္နဲ႔ မဆိုင္ပဲ ဝင္ပါတာ၊ သူမ်ားၾကား ဝင္ပါတာမ်ိဳးလံုးဝ လုပ္မွာမဟုတ္ပါဘူး။ တစ္ဖက္လူက အၾကံဥာဏ္ေတာင္းမွသာ အၾကံေပးတတ္ျပီး မလိုပဲ ဝင္မပါခ်င္တဲ့သူေတြျဖစ္ပါတယ္။

(၄) မလိုအပ္ပဲ ဂရုမစိုက္ဘူး

ဒီလိုလူေတြဟာ မလိုအပ္ပဲ ဂရုမစိုက္တတ္တဲ့သူေတြပါ။ ကိုယ့္ကို မထိတထိလာေျပာတာေတြ၊ ေစာင္းေျမာင္းေနတာေတြကို ေခါင္းထဲထည့္မွာ မဟုတ္ပါဘူး။ သူတို႔ဘဝမွာ အဲလုိ အမိႈက္သရိုက္ေတြထက္ ပိုျပီး အေရးၾကီးတဲ့ အရာေတြ ရွိေနလို႔ပါပဲ။

(၅) ထိထိမိမိ တုန္႔ျပန္တတ္တယ္

ဒီလိုလူေတြဟာ လူတစ္ေယာက္ကို မတုန္႔ျပန္ခင္မွာ အတတ္ႏိုင္ဆံုး ခြင့္လႊတ္သည္းခံၾကပါတယ္။ ဒါေပမယ့္ လိုတာထက္ပိုျပီးလြန္လာျပီဆိုရင္ေတာ့ ထိထိမိမိကို တုန္႔ျပန္တတ္တဲ့သူေတြပါ။ အခ်ိန္မွန္၊ ေနရာမွန္ကုိေရြးျပီး ေနာင္ၾကဥ္သြားတဲ့အထိ ေကာင္းေကာင္းၾကီး သင္ခန္းစာေပးတတ္တဲ့သူေတြျဖစ္ပါတယ္။

Em Em

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

အေးဆေးနေတတ်ပေမယ့် ခေသူမဟုတ်တဲ့သူတွေဆိုတာ…..

လူတွေဟာ စကားများများစားစားပြောတတ်မှ၊ အလုပ်ကြီးအကိုင်ကြီးတွေ လုပ်ပြမှ လူရည်လည်ပြီး ပါးနပ်ထက်မြက်တယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့ ရင့်ကျက်ခြင်း၊ ထက်မြက်ခြင်းဆိုတာ သူကြုံရတဲ့ ဘဝအတွေ့အကြုံတွေနဲ့သာ သက်ဆိုင်နေတာဖြစ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ အေးအေးဆေးဆေးနေတတ်ပေမယ့် လူတွေအကြောင်း၊ လောကကြီးအကြောင်း ကောင်းကောင်းနားလည်တဲ့ သူတွေအကြောင်းပဲဖြစ်ပါတယ်။

(၁) ဘယ်သူဘာကောင်းကောင်းသိတယ်

ဒီလိုလူတွေကို ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးနေလို့ ဘာမှမသိဘူးလို့ မထင်လိုက်ပါနဲ့။ လူတွေအကြောင်းကို ကောင်းကောင်းသိတဲ့သူတွေဖြစ်ပါတယ်။ လူတွေကို ကောင်းကောင်းနားလည်ပြီး ခဏလောက် အကဲခတ်ကြည့်လိုက်တာနဲ့ ဘယ်သူဟာ အမှန်၊ ဘယ်သူဟာ အတုအယောင်လည်းဆိုတာကိုတောင် တန်းပြီးခွဲခြားသိမြင်နိုင်စွမ်းရှိပါတယ်။

(၂) သူများတွေ ရင်လာဖွင့်ကြတယ်

ဒီလိုလူတွေဟာ တစ်ဖက်လူရဲ့ ခံစားချက်ကို ကိုယ်ချင်းစာတတ်သလို၊ ကောင်းကောင်းနားထောင်ပေးနိုင်စွမ်း ရှိတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့်ပဲ လူတော်တော်များများဟာ သူတို့ဆီမှာ ရင်ဖွင့်ကြပါတယ်။ ဒါကြောင့်ပဲ သူဟာ လူတော်တော်များများရဲ့ အတွင်းရေးတွေ၊ သတင်းတွေကို စုံနေအောင် သိထားတဲ့သူတွေပါ။ ဒါပေမယ့် ဘာမှမသိသလိုပဲ ဆက်နေနေမယ့်သူတွေဖြစ်ပါတယ်။ စပ်စပ်စုစုတွေ ဝါသနာမပါလို့ပါ။

(၃) စကားမကျွံဘူး

ဒီလိုလူတွေဟာ စကားပြောအထူးဆင်ခြင်တဲ့သူတွေဖြစ်ပါတယ်။ စကားများရင်များမယ် ဒါပေမယ့် ဘယ်တော့မှ စကားကျွံလေ့မရှိတဲ့သူတွေပါ။ အတင်းအဖျင်းတွေပြောတာ၊ ကိုယ်နဲ့ မဆိုင်ပဲ ဝင်ပါတာ၊ သူများကြား ဝင်ပါတာမျိုးလုံးဝ လုပ်မှာမဟုတ်ပါဘူး။ တစ်ဖက်လူက အကြံဉာဏ်တောင်းမှသာ အကြံပေးတတ်ပြီး မလိုပဲ ဝင်မပါချင်တဲ့သူတွေဖြစ်ပါတယ်။

(၄) မလိုအပ်ပဲ ဂရုမစိုက်ဘူး

ဒီလိုလူတွေဟာ မလိုအပ်ပဲ ဂရုမစိုက်တတ်တဲ့သူတွေပါ။ ကိုယ့်ကို မထိတထိလာပြောတာတွေ၊ စောင်းမြောင်းနေတာတွေကို ခေါင်းထဲထည့်မှာ မဟုတ်ပါဘူး။ သူတို့ဘဝမှာ အဲလို အမှိုက်သရိုက်တွေထက် ပိုပြီး အရေးကြီးတဲ့ အရာတွေ ရှိနေလို့ပါပဲ။

(၅) ထိထိမိမိ တုန့်ပြန်တတ်တယ်

ဒီလိုလူတွေဟာ လူတစ်ယောက်ကို မတုန့်ပြန်ခင်မှာ အတတ်နိုင်ဆုံး ခွင့်လွှတ်သည်းခံကြပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီးလွန်လာပြီဆိုရင်တော့ ထိထိမိမိကို တုန့်ပြန်တတ်တဲ့သူတွေပါ။ အချိန်မှန်၊ နေရာမှန်ကိုရွေးပြီး နောင်ကြဉ်သွားတဲ့အထိ ကောင်းကောင်းကြီး သင်ခန်းစာပေးတတ်တဲ့သူတွေဖြစ်ပါတယ်။

Em Em

Credit:Aunty May

မှတ်ချက်များ