အြန္လိုင္း Shopping ကေန ေစ်းဝယ္ေလ့ရွိသူမ်ား ဟာ စိတ္က်န္းမာေရး မေကာင္းသူမ်ားျဖစ္တယ္လို႔ သိရ




Zawgyi ျဖင့္ဖတ္ရန္

Online Shopping ေတြဟာ ျမန္မာႏိုင္ငံမွာေခတ္စားလာတာ ႏွစ္အနည္းငယ္သာရွိေသးေပမယ့္ ႏိုင္ငံတကာမွာေတာ့ အခ်ိန္တစ္ခုၾကာျမင့္ခဲ့ၿပီပဲျဖစ္ပါတယ္ အခုတစ္ခါမွာေတာ့ ဂ်ာမနီႏိုင္ငံက စိတ္ေရာဂါကုဆရာဝန္ ေဒါက္တာ Muller အခုခ်ိန္ဟာ အြန္လိုင္းေရွာ့ပင္းစြဲလမ္းမႈေရာဂါ(BSD) ဟာ သီးျခားစိတ္ေရာဂါ အျဖစ္သတ္မွတ္သင့္ေနၿပီလို႔ေျပာဆိုသြားခဲ့တာပါ


စစ္တမ္းမ်ားအရ အြန္လိုင္းေပၚမွာ ေဈးဝယ္ရတာကို စြဲလန္းႏွစ္ၿခိဳက္သူေတြ မ်ားျပားလာခဲ့ၿပီး လူ ၂၀ မွာ ၁ ဦးက ဒီေရာဂါျဖစ္ပြားေနေၾကာင္း သိရွိခဲ့ရပါတယ္ ေနာက္ထပ္ မွတ္တမ္းေတြမွာေတာ့လူနာ ၁၂၂ ဦးမွာ အြန္လိုင္းေရွာ့ပင္း စြဲလန္းလြန္းတဲ့ စိတ္ဟာ ပုံမွန္ထက္ ျမင့္မားလာေနတာေၾကာင့္ စိတ္ဖိစီးမႈနဲ႔ စိတ္မတည္ၿငိမ္မႈေတြ ျဖစ္လာၿပီး ကုသႏိုင္ဖို႔ အကူအညီေတာင္းခံလာတာေတြ ရွိေနတယ္

အြန္းလိုင္းေဈးဆိုင္ေတြ မ်ားလာျခင္း၊ ၂၄ နာရီပတ္လုံး ဝန္ေဆာင္မႈေပးျခင္း၊ အိမ္အေရာက္ပစၥည္းပို႔စနစ္မ်ား ေကာင္းမြန္တိုးတက္လာျခင္းတို႔က အြန္လိုင္းေရွာ့ပင္း ေရာဂါကို ပံ့ပိုးေပးေနတာျဖစ္တယ္လို႔ လူနာေတြက ဆိုပါတယ္။

အြန္လိုင္း ေရွာ့ပင္းစြဲလမ္းေနသူေတြဟာ ေနာက္ပိုင္းမဝယ္ရမ ေနႏိုင္ေအာင္အဆင့္ထိျဖစ္လာၿပီး ေနာက္ဆုံး အလြန္အကြၽံဝယ္ယူလိုက္မွသာ စိတ္သက္သာရာရတဲ့အ ေျခအေန အထိ ျဖစ္ပြားေနခဲ့တာပါ။ဒီေရာဂါျဖစ္ပြားသူေတြဟာ ေနာက္ဆုံးမွာေတာ့ အေႂကြးပတ္လည္ဝိုင္းၿပီး ဒုကၡေတြနဲ႔ႀကဳံရေလ့ရွိတာလည္းျဖစ္ပါတယ္

ဒါေၾကာင့္ ျမန္မာႏိုင္ငံ က အြန္လိုင္းေဈးဝယ္သူ ေတြအေနနဲ႔လည္း သတိထားႏိုင္ေစဖို႔ ေ႐ႊေရာင္လမ္း Media ကေန တင္ဆက္ေပးလိုက္ရပါတယ္။

Writer – Magic(Shwe Yaung Lan)


Unicode ဖြင့်ဖတ်ရန်

အွန်လိုင်း Shopping ကနေ ဈေးဝယ်လေ့ရှိသူများ ဟာ စိတ်ကျန်းမာရေး မကောင်းသူများဖြစ်တယ်လို့ သိရ




Online Shopping တွေဟာ မြန်မာနိုင်ငံမှာခေတ်စားလာတာ နှစ်အနည်းငယ်သာရှိသေးပေမယ့် နိုင်ငံတကာမှာတော့ အချိန်တစ်ခုကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ် အခုတစ်ခါမှာတော့ ဂျာမနီနိုင်ငံက စိတ်ရောဂါကုဆရာဝန် ဒေါက်တာ Muller အခုချိန်ဟာ အွန်လိုင်းရှော့ပင်းစွဲလမ်းမှုရောဂါ(BSD) ဟာ သီးခြားစိတ်ရောဂါ အဖြစ်သတ်မှတ်သင့်နေပြီလို့ပြောဆိုသွားခဲ့တာပါ


စစ်တမ်းများအရ အွန်လိုင်းပေါ်မှာ ဈေးဝယ်ရတာကို စွဲလန်းနှစ်ခြိုက်သူတွေ များပြားလာခဲ့ပြီး လူ ၂၀ မှာ ၁ ဦးက ဒီရောဂါဖြစ်ပွားနေကြောင်း သိရှိခဲ့ရပါတယ် နောက်ထပ် မှတ်တမ်းတွေမှာတော့လူနာ ၁၂၂ ဦးမှာ အွန်လိုင်းရှော့ပင်း စွဲလန်းလွန်းတဲ့ စိတ်ဟာ ပုံမှန်ထက် မြင့်မားလာနေတာကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်မတည်ငြိမ်မှုတွေ ဖြစ်လာပြီး ကုသနိုင်ဖို့ အကူအညီတောင်းခံလာတာတွေ ရှိနေတယ်

အွန်းလိုင်းဈေးဆိုင်တွေ များလာခြင်း၊ ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးခြင်း၊ အိမ်အရောက်ပစ္စည်းပို့စနစ်များ ကောင်းမွန်တိုးတက်လာခြင်းတို့က အွန်လိုင်းရှော့ပင်း ရောဂါကို ပံ့ပိုးပေးနေတာဖြစ်တယ်လို့ လူနာတွေက ဆိုပါတယ်။

အွန်လိုင်း ရှော့ပင်းစွဲလမ်းနေသူတွေဟာ နောက်ပိုင်းမဝယ်ရမ နေနိုင်အောင်အဆင့်ထိဖြစ်လာပြီး နောက်ဆုံး အလွန်အကျွံဝယ်ယူလိုက်မှသာ စိတ်သက်သာရာရတဲ့အ ခြေအနေ အထိ ဖြစ်ပွားနေခဲ့တာပါ။ဒီရောဂါဖြစ်ပွားသူတွေဟာ နောက်ဆုံးမှာတော့ အကြွေးပတ်လည်ဝိုင်းပြီး ဒုက္ခတွေနဲ့ကြုံရလေ့ရှိတာလည်းဖြစ်ပါတယ်

ဒါကြောင့် မြန်မာနိုင်ငံ က အွန်လိုင်းဈေးဝယ်သူ တွေအနေနဲ့လည်း သတိထားနိုင်စေဖို့ ရွှေရောင်လမ်း Media ကနေ တင်ဆက်ပေးလိုက်ရပါတယ်။

Writer – Magic(Shwe Yaung Lan)


မှတ်ချက်များ