မဂၤလာ အႀကိဳဓာတ္ပုံေတြ ထုတ္ျပလိုက္ၿပီ ျဖစ္တဲ့ လူပ်ိဳႀကီး ခန္႔စည္သူ




 Zawgyi ျဖင့္ဖတ္ရန္

ျမန္မာ့႐ုပ္ရွင္ေလာကမွာ နာမည္ရေနတဲ့ သ႐ုပ္ေဆာင္ခန႔္စည္သူ တစ္ေယာက္ကိုေတာ့ ပရိသတ္ေတြ အားလုံး သိၾကမွာပါေနာ္။ သူဟာဆိုရင္ အမ်ားႏွင့္ မသက္ဆိုင္ေသာသူဆိုတဲ့႐ုပ္ရွင္ဇာတ္ကားျဖင့္ အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိထားသူလည္းျဖစ္ပါတယ္။သူဟာဆိုရင္ ပရဟိတေတြကို ဦးေဆာင္လုပ္ကိုင္ေနတာျဖစ္ၿပီးေတာ့ အိမ္ေထာင္ျပဳဖို႔ကိုလည္း ေမ့ေလ်ာ့ေနတဲ့ လူပ်ိဳႀကီးလို႔ ပရိသတ္က ထင္ေနၾကတာပါ။


အခ်ိဳ႕ကဆိုရင္ ကိုခန႔္တစ္ေယာက္ဟာ အိမ္ေထာင္ေရးကားေတြ အ႐ိုက္မ်ားၿပီးေတာ့ အိမ္ေထာင္ေရးကို စိတ္ပ်က္တာေၾကာင့္ လူပ်ိဳႀကီးဘဝနဲ႔ အ႐ိုးထုတ္ေတာ့မလားလို႔ေတာင္ ထင္ေနၾကတာပါ။အခုေတာ့ ခန႔္စည္သူက ပရိသတ္ရဲ႕ အထင္ကို ေျပာင္းျပန္လန္ေစမယ့္ အေၾကာင္းအရာေလးတစ္ခုကို ျပဳလုပ္လိုက္ပါတယ္။




အဲ့တာကေတာ့ သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန Pre-Wedding ပုံေလးေတြ႐ိုက္တဲ့ပုံေလးေတြျဖစ္ပါတယ္။ အမ်ိဳးသမီးက မ်က္ႏွာကို ပန္းစည္းနဲ႔ ကြယ္ထားတာေၾကာင့္လည္း ပရိသတ္က ပိုမိုသိခ်င္ေနပါတယ္။ သူမဟာဘယ္သူလဲ ၊ အႏုပညာေလာကသားထဲကပဲလား ဆိုတာကလည္း ပရိသတ္ကို ေမးခြန္းတစ္ခုျဖစ္ေနေစတာပါ။



ဒါေပမယ့္ ဒါဟာ ႐ိုက္ကြင္းတစ္ခုက ပုံရိပ္ေတြလားလို႔လည္း ပရိသတ္က ဒြိဟျဖစ္ေနပါတယ္။ ဘာျဖစ္ျဖစ္ လူပ်ိဳႀကီး ခန႔္စည္သူ လူပ်ိဳႀကီး ဘဝက ကြၽတ္ေအာင္ ဆြဲေဆာင္ႏိုင္တဲ့ အိမ္ရွင္မကိုေတာ့ ပရိသတ္ကလည္း ခ်စ္ခင္ၾကမွာ အမွန္ပါေနာ္။ ေလာေလာဆယ္
ေတာ့ လူပ်ိဳႀကီး ခန႔္စည္သူေဘးက ပန္းစည္းကြယ္ထားတဲ့ ေကာင္မေလးက ဘယ္သူျဖစ္မလဲဆိုတာ ခန႔္မွန္းၾကည့္ၾကရေအာင္လားေနာ္။

Writer- SMT(Shwe Yaung Lan)


Unicode ဖြင့်ဖတ်ရန်

မင်္ဂလာ အကြိုဓာတ်ပုံတွေ ထုတ်ပြလိုက်ပြီ ဖြစ်တဲ့ လူပျိုကြီး ခန့်စည်သူ


မြန်မာ့ရုပ်ရှင်လောကမှာ နာမည်ရနေတဲ့ သရုပ်ဆောင်ခန့်စည်သူ တစ်ယောက်ကိုတော့ ပရိသတ်တွေ အားလုံး သိကြမှာပါနော်။ သူဟာဆိုရင် အများနှင့် မသက်ဆိုင်သောသူဆိုတဲ့ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူလည်းဖြစ်ပါတယ်။သူဟာဆိုရင် ပရဟိတတွေကို ဦးဆောင်လုပ်ကိုင်နေတာဖြစ်ပြီးတော့ အိမ်ထောင်ပြုဖို့ကိုလည်း မေ့လျော့နေတဲ့ လူပျိုကြီးလို့ ပရိသတ်က ထင်နေကြတာပါ။


အချို့ကဆိုရင် ကိုခန့်တစ်ယောက်ဟာ အိမ်ထောင်ရေးကားတွေ အရိုက်များပြီးတော့ အိမ်ထောင်ရေးကို စိတ်ပျက်တာကြောင့် လူပျိုကြီးဘဝနဲ့ အရိုးထုတ်တော့မလားလို့တောင် ထင်နေကြတာပါ။အခုတော့ ခန့်စည်သူက ပရိသတ်ရဲ့ အထင်ကို ပြောင်းပြန်လန်စေမယ့် အကြောင်းအရာလေးတစ်ခုကို ပြုလုပ်လိုက်ပါတယ်။



အဲ့တာကတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ Pre-Wedding ပုံလေးတွေရိုက်တဲ့ပုံလေးတွေဖြစ်ပါတယ်။ အမျိုးသမီးက မျက်နှာကို ပန်းစည်းနဲ့ ကွယ်ထားတာကြောင့်လည်း ပရိသတ်က ပိုမိုသိချင်နေပါတယ်။ သူမဟာဘယ်သူလဲ ၊ အနုပညာလောကသားထဲကပဲလား ဆိုတာကလည်း ပရိသတ်ကို မေးခွန်းတစ်ခုဖြစ်နေစေတာပါ။



ဒါပေမယ့် ဒါဟာ ရိုက်ကွင်းတစ်ခုက ပုံရိပ်တွေလားလို့လည်း ပရိသတ်က ဒွိဟဖြစ်နေပါတယ်။ ဘာဖြစ်ဖြစ် လူပျိုကြီး ခန့်စည်သူ လူပျိုကြီး ဘဝက ကျွတ်အောင် ဆွဲဆောင်နိုင်တဲ့ အိမ်ရှင်မကိုတော့ ပရိသတ်ကလည်း ချစ်ခင်ကြမှာ အမှန်ပါနော်။ လောလောဆယ်
တော့ လူပျိုကြီး ခန့်စည်သူဘေးက ပန်းစည်းကွယ်ထားတဲ့ ကောင်မလေးက ဘယ်သူဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်ကြရအောင်လားနော်။

Writer- SMT(Shwe Yaung Lan)


မှတ်ချက်များ