တစ္ပတ္မွာ တစ္ရက္ေလာက္ေတာ့ ေကာင္းေကာင္းအနားယူသင့္တဲ့ အေၾကာင္းရင္း (၆)ခ်က္


Zawgyiျဖင့္ဖတ္ရန္

သင္ဟာ အလုပ္လုပ္ေနတဲ့သူပဲျဖစ္ျဖစ္၊ ေက်ာင္းတက္ေနတဲ့သူပဲျဖစ္ျဖစ္ တစ္ပတ္မွာ တစ္ရက္ေလာက္ေတာ့ စိတ္ေရာလူပါ ေသခ်ာအနားယူသင့္ပါတယ္။ အလုပ္ၾကိဳးစားတာ၊ စာၾကိဳးစားတာက ဘဝတက္လမ္းအတြက္ ေကာင္းမြန္တာ မွန္ေပမယ့္ ခႏၶာကိုယ္နဲ႕ စိတ္က်န္းမာေရး ေကာင္းမြန္ဖို႕က ပိုအေရးၾကီးပါတယ္။ ဒါေၾကာင့္ ရက္သတၱပတ္လံုး မအားနိုင္ေအာင္ အလုပ္ေတြ၊ စာေတြပဲလုပ္မေနဘဲ တစ္ရက္ေလာက္ ေအးေအးေဆးေဆး အနားယူတာက မနားမေနၾကိဳးစားေနတာထက္ ပိုေကာင္းတဲ့ရလဒ္ကို ရနိုင္တယ္ဆိုတာ ဒီအခ်က္ေတြက သက္ေသျပေနပါတယ္။

(၁) အမွားေတြ၊ အလြဲေတြနည္းေစတယ္

ဆက္တိုက္အလုပ္ေတြ လုပ္ေနရင္း တစ္ရက္ေလာက္ ေကာင္းေကာင္းအနားယူလိုက္တဲ့အခါ အာရံုေၾကာေတြကို လန္းဆန္းသြားေစတာေၾကာင့္ စိတ္ပ်ံ႕လြင့္တာေတြ မျဖစ္ေတာ့ဘဲ အာရံုစူးစိုက္မႈ အားေကာင္းေစပါတယ္။ အဲ့ဒါက လြဲေခ်ာ္မႈေတြ၊အမွားေတြ မလုပ္မိေအာင္ ကူညီေပးျပီး ေနာက္ထပ္လုပ္တဲ့ အလုပ္ေတြမွာ ပိုျပီးအဆင္ေျပ ေခ်ာေမြ႕ေစနိုင္ပါတယ္။

(၂) ခႏၶာကိုယ္ၾကံ့ခိုင္ေစတယ္

တစ္ပတ္လံုးလံုး သြားလာလႈပ္ရွားမႈေတြလုပ္ခဲ့ျပီးေနာက္ ခႏၶာကိုယ္ထဲက ၾကြက္သားေတြကလည္း အနားယူဖို႕ လိုပါတယ္။ တစ္ပတ္မွာ တစ္ရက္အနားယူလိုက္တဲ့အခါ ခႏၶာကိုယ္ၾကြက္သားေတြ အနားရျပီး လူကိုေပါ့ပါးသြက္လက္ေစကာ၊ ၾကံ့ခိုင္ေစနိုင္ပါတယ္။

(၃) ကိုယ္ရည္ကိုယ္ေသြးတိုးတက္လာမယ္

တစ္ပတ္မွာ တစ္ရက္ေကာင္းေကာင္းနားလိုက္တဲ့အခါ အာရံုစူးစိုက္မႈေကာင္းလာမယ္၊ ခႏၶာကိုယ္ပိုၾကံ့ခိုင္လာမယ္၊ စဉ္းစားေတြးေခၚမႈလည္းပိုအားေကာင္းလာတာေၾကာင့္ ကိုယ္ရည္ကိုယ္ေသြး တိုးတက္လာပါလိမ့္မယ္။

(၄) ေကာင္းေကာင္းအိပ္ေပ်ာ္ေစမယ္

စိတ္ေရာလူပါ ဆက္တိုက္ပင္ပန္းလာတဲ့အခါ စိတ္ဖိစီးမႈေတြ မ်ားျပီး ညဘက္ေကာင္းေကာင္းအိပ္မေပ်ာ္တာလည္း ျဖစ္တတ္ပါတယ္။ တစ္ရက္ေလာက္ေကာင္းေကာင္းအနားယူလိုက္တဲ့အခါ စိတ္ဖိစီးတင္းၾကပ္ေနတာေတြ ေျပေလ်ာ့သြားျပီး ေကာင္းေကာင္းအိပ္ေပ်ာ္ေစပါလိမ့္မယ္။

(၅) ဖ်ားနာတာေတြေလ်ာ့သြားမယ္

စိတ္ေရာလူပါ အနားရတဲ့အခါ အိပ္ခ်ိန္၊စားခ်ိန္ ပံုမွန္ျဖစ္လာျပီး ခႏၶာကိုယ္အတြင္း ဇီဝရုပ္ျဖစ္ပ်က္မႈ ပံုမွန္လည္ပတ္ေစတာေၾကာင့္ ကိုယ္ခံအားေကာင္းလာကာ ထစ္ခနဲရွိ ဖ်ားနာတတ္တာမ်ိဳးကိုလည္း ေလ်ာ့နည္းသြားေစနိုင္ပါတယ္။

(၆) စိတ္က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစတယ္

ငယ္ရြယ္တုန္းမွာ အလုပ္ေတြ လုပ္နိုင္သေလာက္ လုပ္တာက ေကာင္းေပမယ့္ အလုပ္ေတြပဲ မနားမေနလုပ္ေနတာ၊ တစ္ခ်ိန္လံုးေခါင္းစားေနတာေတြက စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကို ထိခိုက္ေစနိုင္ပါတယ္။ ေသခ်ာအနားယူျခင္းက စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအတြက္လည္း အေထာက္အကူျဖစ္ေစျပီး ဆတ္ဆတ္ထိမခံျဖစ္တတ္တာနဲ႕ စိတ္ဓာတ္က်တာေတြ မျဖစ္ေတာ့ေအာင္ ျပဳျပင္ေပးနိုင္ပါတယ္။

RAY

Credit:Aunty May


Unicodeဖြင့်ဖတ်ရန်

တစ်ပတ်မှာ တစ်ရက်လောက်တော့ ကောင်းကောင်းအနားယူသင့်တဲ့ အကြောင်းရင်း (၆)ချက်

သင်ဟာ အလုပ်လုပ်နေတဲ့သူပဲဖြစ်ဖြစ်၊ ကျောင်းတက်နေတဲ့သူပဲဖြစ်ဖြစ် တစ်ပတ်မှာ တစ်ရက်လောက်တော့ စိတ်ရောလူပါ သေချာအနားယူသင့်ပါတယ်။ အလုပ်ကြိုးစားတာ၊ စာကြိုးစားတာက ဘဝတက်လမ်းအတွက် ကောင်းမွန်တာ မှန်ပေမယ့် ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က ပိုအရေးကြီးပါတယ်။ ဒါကြောင့် ရက်သတ္တပတ်လုံး မအားနိုင်အောင် အလုပ်တွေ၊ စာတွေပဲလုပ်မနေဘဲ တစ်ရက်လောက် အေးအေးဆေးဆေး အနားယူတာက မနားမနေကြိုးစားနေတာထက် ပိုကောင်းတဲ့ရလဒ်ကို ရနိုင်တယ်ဆိုတာ ဒီအချက်တွေက သက်သေပြနေပါတယ်။

(၁) အမှားတွေ၊ အလွဲတွေနည်းစေတယ်

ဆက်တိုက်အလုပ်တွေ လုပ်နေရင်း တစ်ရက်လောက် ကောင်းကောင်းအနားယူလိုက်တဲ့အခါ အာရုံကြောတွေကို လန်းဆန်းသွားစေတာကြောင့် စိတ်ပျံ့လွင့်တာတွေ မဖြစ်တော့ဘဲ အာရုံစူးစိုက်မှု အားကောင်းစေပါတယ်။ အဲ့ဒါက လွဲချော်မှုတွေ၊အမှားတွေ မလုပ်မိအောင် ကူညီပေးပြီး နောက်ထပ်လုပ်တဲ့ အလုပ်တွေမှာ ပိုပြီးအဆင်ပြေ ချောမွေ့စေနိုင်ပါတယ်။

(၂) ခန္ဓာကိုယ်ကြံ့ခိုင်စေတယ်

တစ်ပတ်လုံးလုံး သွားလာလှုပ်ရှားမှုတွေလုပ်ခဲ့ပြီးနောက် ခန္ဓာကိုယ်ထဲက ကြွက်သားတွေကလည်း အနားယူဖို့ လိုပါတယ်။ တစ်ပတ်မှာ တစ်ရက်အနားယူလိုက်တဲ့အခါ ခန္ဓာကိုယ်ကြွက်သားတွေ အနားရပြီး လူကိုပေါ့ပါးသွက်လက်စေကာ၊ ကြံ့ခိုင်စေနိုင်ပါတယ်။

(၃) ကိုယ်ရည်ကိုယ်သွေးတိုးတက်လာမယ်

တစ်ပတ်မှာ တစ်ရက်ကောင်းကောင်းနားလိုက်တဲ့အခါ အာရုံစူးစိုက်မှုကောင်းလာမယ်၊ ခန္ဓာကိုယ်ပိုကြံ့ခိုင်လာမယ်၊ စဉ်းစားတွေးခေါ်မှုလည်းပိုအားကောင်းလာတာကြောင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်လာပါလိမ့်မယ်။

(၄) ကောင်းကောင်းအိပ်ပျော်စေမယ်

စိတ်ရောလူပါ ဆက်တိုက်ပင်ပန်းလာတဲ့အခါ စိတ်ဖိစီးမှုတွေ များပြီး ညဘက်ကောင်းကောင်းအိပ်မပျော်တာလည်း ဖြစ်တတ်ပါတယ်။ တစ်ရက်လောက်ကောင်းကောင်းအနားယူလိုက်တဲ့အခါ စိတ်ဖိစီးတင်းကြပ်နေတာတွေ ပြေလျော့သွားပြီး ကောင်းကောင်းအိပ်ပျော်စေပါလိမ့်မယ်။

(၅) ဖျားနာတာတွေလျော့သွားမယ်

စိတ်ရောလူပါ အနားရတဲ့အခါ အိပ်ချိန်၊စားချိန် ပုံမှန်ဖြစ်လာပြီး ခန္ဓာကိုယ်အတွင်း ဇီဝရုပ်ဖြစ်ပျက်မှု ပုံမှန်လည်ပတ်စေတာကြောင့် ကိုယ်ခံအားကောင်းလာကာ ထစ်ခနဲရှိ ဖျားနာတတ်တာမျိုးကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။

(၆) စိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတယ်

ငယ်ရွယ်တုန်းမှာ အလုပ်တွေ လုပ်နိုင်သလောက် လုပ်တာက ကောင်းပေမယ့် အလုပ်တွေပဲ မနားမနေလုပ်နေတာ၊ တစ်ချိန်လုံးခေါင်းစားနေတာတွေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သေချာအနားယူခြင်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပြီး ဆတ်ဆတ်ထိမခံဖြစ်တတ်တာနဲ့ စိတ်ဓာတ်ကျတာတွေ မဖြစ်တော့အောင် ပြုပြင်ပေးနိုင်ပါတယ်။

RAY

Credit:Aunty May

မှတ်ချက်များ