သင့္ကိုေယာက်ာ္းေလးေတြက အ႐ူးအမူးစြဲလမ္းေနေၾကာင္း ေဖာ္ျပေနတဲ့အျပဳအမူမ်ား
Zawgyi ျဖင့္ဖတ္ရန္
ေယာက်္ားေလးေတြက သူတို႔အ႐ူးအမူးခ်စ္မိၾကတဲ့ ေကာင္မေလးေတြရဲ႕ ေရွ႕မွာဆို အမူအရာတစ္ခ်ိဳ႕က ဖုံးကြယ္ထားမရေအာင္ ေပၚလာတတ္ပါတယ္။ သူတို႔ရဲ႕ ဒီလိုမ်ိဳး ေပါေၾကာင္ေၾကာင္လုပ္ရပ္ေတြက သင့္ကို အ႐ူးအမူး ေႂကြေနလို႔ ဆိုတာကို မေမ့လိုက္ပါနဲ႔။
စကားထစ္တယ္
သင့္ကို ႐ူး႐ူးမူးမူး ခ်စ္မိေနတဲ့အတြက္ သင့္အနားကို သူေရာက္လာတဲ့အခါမွာ စိတ္လႈပ္ရွားမႈက ဘယ္လိုမွ ထိန္းခ်ဴပ္လို႔မရေအာင္ ျဖစ္ေနတတ္ပါတယ္။ စကားေတြကလည္း အထစ္ထစ္အေငါ့ေငါ့နဲ႔ သူတို႔ေျပာခ်င္တဲ့စကားက လိုရင္းကို မေရာက္ႏိုင္ေအာင္ ျဖစ္ေနၿပီး သူတို႔ပုံစံက နည္းနည္းအူလည္လည္ ျဖစ္ေနရင္ေတာ့ ေသခ်ာတယ္ သူသင့္ကို အျပတ္အသတ္ ေႂကြေနပါၿပီ။
သူ႔အေၾကာင္းေတြ ေျပာျပတတ္တယ္
သူ႔ရဲ႕ မိသားစုအေျခအေန၊ သူ႔အလုပ္အေၾကာင္း စသျဖင့္ သူ႔အေၾကာင္းေတြ အကုန္လုံးကို ေျပာျပတတ္ပါတယ္။ ဒီလိုမ်ိဳး ေျပာျပလိုက္တဲ့အခါ သင္နဲ႔ ပိုရင္းႏွီးမႈ ရလာၿပီး သူကို လက္ခံလာႏိုင္တယ္လို႔ မွတ္ယူထားလို႔ပါ။ သင္သူ႔ကို သေဘာမက်မွာကို စိုးရိမ္တတ္ၾကတဲ့အတြက္ သူရဲ႕ ကေလးဘဝကေန ဒီအခ်ိန္ထိ ျဖစ္သမွ်ေတြကို ေျပာျပေနတာ ျဖစ္ပါတယ္။
ေယာက်္ားပီသမႈကို ေဖာ္ျပတတ္တယ္
သင့္ေရွ႕ကေန မားမားမတ္မတ္ ရပ္တည္ေပးႏိုင္တဲ့ သူတစ္ေယာက္ဆိုတာကို သက္ေသျပတတ္ၾကပါတယ္။ ဘာမဟုတ္တဲ့ ျပသနာေလးကိုေတာင္ သူတို႔ေျဖရွင္းေပးတတ္ၾကၿပီး သူဟာ သင့္အတြက္ဆို ဘယ္လိုအခက္ခဲမ်ိဳးကို မဆိုရင္ဆိုင္ရဲ႕တဲ့ သူတစ္ေယာက္ဆိုတာ သင့္ကို သိေစပါတယ္။ ဒီလိုမ်ိဳးေတြ ျပဳမူေနရင္ေတာ့ သူသင့္ကို အ႐ူးအမူး ျဖစ္ေနလို႔ပါ။
Ex အေၾကာင္း ေျပာျပတတ္တယ္
သူတို႔ဟာ ဘယ္လိုမ်ိဳး SKB ေတြျဖစ္ေၾကာင္းကို သင္သိေအာင္လို႔ အရင္က ရည္းစားဘယ္ႏွစ္ေယာက္ ရွိခဲ့တယ္ဆိုတဲ့အေၾကာင္းကို ႂကြားလုံးထုတ္တတ္ၾကပါတယ္။ ဒီလိုမ်ိဳး အရင္ကရည္းစားေတြအေၾကာင္း ေျပာျပတယ္ဆိုတာ သင့္ဆီက ဂ႐ုတစိုက္ နားေထာင္လာမႈကို လိုခ်င္လို႔ျဖစ္ပါတယ္။ Ex ေတြအေၾကာင္းေျပာျပလိုက္ျခင္းက သင့္ရဲ႕ စိတ္ဝင္စားမႈကို ပိုၿပီး ရလာမယ္လို႔ မွတ္ယူထားတတ္ၾကပါတယ္။
Credit: Aunty may
Unicode ဖြင့်ဖတ်ရန်
သင့်ကိုယောကျာ်းလေးတွေက အရူးအမူးစွဲလမ်းနေကြောင်း ဖော်ပြနေတဲ့အပြုအမူများ
ယောကျ်ားလေးတွေက သူတို့အရူးအမူးချစ်မိကြတဲ့ ကောင်မလေးတွေရဲ့ ရှေ့မှာဆို အမူအရာတစ်ချို့က ဖုံးကွယ်ထားမရအောင် ပေါ်လာတတ်ပါတယ်။ သူတို့ရဲ့ ဒီလိုမျိုး ပေါကြောင်ကြောင်လုပ်ရပ်တွေက သင့်ကို အရူးအမူး ကြွေနေလို့ ဆိုတာကို မမေ့လိုက်ပါနဲ့။
စကားထစ်တယ်
သင့်ကို ရူးရူးမူးမူး ချစ်မိနေတဲ့အတွက် သင့်အနားကို သူရောက်လာတဲ့အခါမှာ စိတ်လှုပ်ရှားမှုက ဘယ်လိုမှ ထိန်းချူပ်လို့မရအောင် ဖြစ်နေတတ်ပါတယ်။ စကားတွေကလည်း အထစ်ထစ်အငေါ့ငေါ့နဲ့ သူတို့ပြောချင်တဲ့စကားက လိုရင်းကို မရောက်နိုင်အောင် ဖြစ်နေပြီး သူတို့ပုံစံက နည်းနည်းအူလည်လည် ဖြစ်နေရင်တော့ သေချာတယ် သူသင့်ကို အပြတ်အသတ် ကြွေနေပါပြီ။
သူ့အကြောင်းတွေ ပြောပြတတ်တယ်
သူ့ရဲ့ မိသားစုအခြေအနေ၊ သူ့အလုပ်အကြောင်း စသဖြင့် သူ့အကြောင်းတွေ အကုန်လုံးကို ပြောပြတတ်ပါတယ်။ ဒီလိုမျိုး ပြောပြလိုက်တဲ့အခါ သင်နဲ့ ပိုရင်းနှီးမှု ရလာပြီး သူကို လက်ခံလာနိုင်တယ်လို့ မှတ်ယူထားလို့ပါ။ သင်သူ့ကို သဘောမကျမှာကို စိုးရိမ်တတ်ကြတဲ့အတွက် သူရဲ့ ကလေးဘဝကနေ ဒီအချိန်ထိ ဖြစ်သမျှတွေကို ပြောပြနေတာ ဖြစ်ပါတယ်။
ယောကျ်ားပီသမှုကို ဖော်ပြတတ်တယ်
သင့်ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့ သူတစ်ယောက်ဆိုတာကို သက်သေပြတတ်ကြပါတယ်။ ဘာမဟုတ်တဲ့ ပြသနာလေးကိုတောင် သူတို့ဖြေရှင်းပေးတတ်ကြပြီး သူဟာ သင့်အတွက်ဆို ဘယ်လိုအခက်ခဲမျိုးကို မဆိုရင်ဆိုင်ရဲ့တဲ့ သူတစ်ယောက်ဆိုတာ သင့်ကို သိစေပါတယ်။ ဒီလိုမျိုးတွေ ပြုမူနေရင်တော့ သူသင့်ကို အရူးအမူး ဖြစ်နေလို့ပါ။
Ex အကြောင်း ပြောပြတတ်တယ်
သူတို့ဟာ ဘယ်လိုမျိုး SKB တွေဖြစ်ကြောင်းကို သင်သိအောင်လို့ အရင်က ရည်းစားဘယ်နှစ်ယောက် ရှိခဲ့တယ်ဆိုတဲ့အကြောင်းကို ကြွားလုံးထုတ်တတ်ကြပါတယ်။ ဒီလိုမျိုး အရင်ကရည်းစားတွေအကြောင်း ပြောပြတယ်ဆိုတာ သင့်ဆီက ဂရုတစိုက် နားထောင်လာမှုကို လိုချင်လို့ဖြစ်ပါတယ်။ Ex တွေအကြောင်းပြောပြလိုက်ခြင်းက သင့်ရဲ့ စိတ်ဝင်စားမှုကို ပိုပြီး ရလာမယ်လို့ မှတ်ယူထားတတ်ကြပါတယ်။
Credit: Aunty may


မှတ်ချက်များ