စာေမးပြဲရလဒ္က သင့္ဘဝရပ္တည္ႏိုင္မယ့္ အရည္အခ်င္းကို အဆံုးအျဖတ္ မေပးႏိုင္ပါဘူး..
Zawgyiျဖင့္ဖတ္ရန္
ငယ္ငယ္တည္းက ေက်ာင္းေတြတက္ စာေမးပြဲေတြေျဖနဲ႔ ကြ်န္ေတာ္တို႔ဘဝရဲ႕ ဆယ္စုႏွစ္ေက်ာ္ၾကာအခ်ိန္ေတြကို စာေမးပြဲနဲ႔ပဲ ျဖတ္သန္းခဲ့ပါတယ္။ စာမက်က္ဘူးလား ဆိုတဲ့ အသံေတြ၊ ဒီလို အမွတ္မေကာင္းရင္ ဆိုတဲ့ အသံေတြနဲ႔ လံုးလည္ခ်ာလိုက္ ေနေအာင္ကို ျဖတ္သန္းေနခဲ့ရတာ လက္ေတြ႕ဘဝအတြက္ ဆိုတာ တကယ္ေရာ ဟုတ္ရဲ႕လားလို႔ ေတြးၾကည့္ဖူးရဲ႕လား။ မေတြးၾကည့္ရေသးရင္ ေအာက္မွာ လိုက္ဖတ္ၾကည့္လိုက္ပါေနာ္……
(၁) စာရြက္ခ်ေရးတဲ့ စာေတြက အမွတ္္ျဖစ္တယ္။
အမွတ္ေတြကို ၾကည့္ၿပီး ေတာ္လိုက္တာလို႔ ေျပာေလ့ရွိတယ္္မလား။ ကၽြန္ေတာ္ႏိုင္ငံအတြက္ေတာ့ ပံုႏွိပ္စာအုပ္ထဲက စာေတြ ပါေနရင္ အမွတ္ေကာင္းေနပါၿပီ။ ကၽြန္ေတာ္တို႔ ကိုယ္ပိုင္အေတြးအေခၚေတြ ေရးသားခြင့္ မရွိတဲ့ အတြက္ အေျဖလႊာထဲက စာေတြေၾကာင့္ အမွတ္ရတာကို ေတာ္တယ္လို႔ သတ္မွတ္လို႔ မရပါဘူး။ ဒါက ပံုႏွိပ္ထဲကစာေတြကို ခဏမွတ္ၿပီး ျပန္ခ်ေရးႏိုင္ရင္လည္း အမွတ္ေကာင္းရႏိုင္တာပဲ မဟုတ္လား။
(၂) စာေတြ႕က လက္ေတြ႔ မဟုတ္ဘူး။
ကၽြန္ေတာ္တို႔ႏိုင္ငံမွာက မ်ားေသာအားျဖင့္ စာေတြ႔ေတြကိုပဲ သင္ေပးေလ့ ရွိတာပါ။ လက္ေတြ႔ သင္ေပးတာက နည္းလြန္းပါေသးတယ္။ ဒါေၾကာင့္ စာေတြ႔ရရံုနဲ႔ သင္ကိုယ္သင္ ေတာ္ေနၿပီ ယူဆလို႔ မရပါဘူး။ လက္ေတြ႔ဘဝထဲမွာက စာေမးပြဲေျဖသလို စာေတြ ႏႈတ္တိုက္ရရံုနဲ႔ အဆင္ေျပမေနပါဘူး။
(၃) ေက်ာင္းက သင္ခဲ့တဲ့စာေတြက လက္ေတြ႔ဘဝအတြက္ အက်ိဳးတကယ္ရွိေစလား။
ဘယ္ေလာက္ပဲေက်ာင္းတက္တက္၊ တစ္ဘဝလံုး ေက်ာင္းတက္ေနလို႔ေတာ့ မရပါဘူးေနာ္။ လူဆိုတာ လက္ေတြ႕ဘဝထဲမွာ ျဖတ္သန္းၿပီး ဘဝကို ကုန္ဆံုးတာပါ။ သင့္ေက်ာင္းက သင့္လက္ေတြ႔ဘဝေတြအတြက္ ဘယ္ႏွစ္ပံုေလာက္ အေထာက္အပံ့ ျဖစ္သလဲ ေတြးၾကည့္ႏိုင္ပါတယ္။ သင့္ေက်ာင္းစာအုပ္ထဲက စာေတြက သင္ေက်ာင္းၿပီးတဲ့အခါ ျဖတ္သန္းမယ့္ဘဝထဲ အေထာက္အကူျဖစ္မေနရင္ေတာ့ ေအာင္ရံုနဲ႕သာ ေက်နပ္လိုက္ပါေတာ့ အမွတ္မေကာင္းမွာ ပူမေနပါနဲ႔ေတာ့။
(၄) သင့္ရဲ႕တတ္ေျမာက္ကၽြမ္းက်င္မႈကို အကဲျဖတ္ေပးႏုိင္လား။
ကၽြန္ေတာ္ေျဖရဲ႕တဲ့ စာေမးပြဲ အမ်ားစုက စာအုပ္ထဲ စာျပန္ေရးထည့္ရတာထက္ မပိုပါဘူး။ ကၽြန္ေတာ္ တကယ္တတ္ေျမာက္တယ္ဆိုတာကို အသိအမွတ္ျပဳေပးႏိုင္တဲ့ တိက်ေရရာတဲ့ အကဲျဖတ္မႈမ်ိဳး မရပါဘူး။ သိသာတာကေတာ့ ကၽြန္ေတာ္က ဓာတုေဗဒနဲ႔ ေက်ာင္းၿပီးတယ္လို႔ ေျပာလိုက္ရင္ ကၽြန္ေတာ္က ဓာတုေဗဒပညာရပ္ကို တကယ္ သိပါတယ္ တတ္ပါတယ္လို႔ ဘယ္ဆရာ၊ ဆရာမမွ အာမမခံႏိုင္တဲ့အျပင္ လက္ေတြ႔ဘဝထဲက လူေတြကလည္း မယံုၾကည္ၾကပါဘူး။
(၅) ကိုယ့္ဘဝထဲ ရပ္တည္မယ့္ အရည္အခ်င္းကိုပဲ အေလးထားပါ။ စာေမးပြဲကို အေလးမထားပါနဲ႔။
သင့္မွာ သင့္ဘဝကို ဘယ္လိုရပ္တည္မလဲဆိုတာ ေတြးထားၿပီးေနၿပီဆိုရင္ အဲ့အတြက္ အခ်ိန္ေပးပါ၊ ေလ့လာပါ၊ အားစိုက္ထုတ္ပါ။ စာေမးပြဲအမွတ္ကေတာ့ သင့္လိုအပ္ခ်က္နဲ႔ပဲ ဆိုင္ပါတယ္။ အမွတ္မ်ားဖို႔ လိုအပ္တယ္ဆို အမွတ္မ်ားဖို႔ လုပ္ပါ။ မလိုအပ္ဘူးဆိုရင္ေတာ့ သင့္အခ်ိန္ေတြကို အဲ့အတြက္ မျဖဳန္းတီးပစ္ပါနဲ႔ သင့္ဘဝအတြက္ လိုအပ္မယ့္အရာေတြ အတြက္ပဲ အခ်ိန္ေပးဖို႔ လိုပါတယ္။
Written by Kham
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
စာမေးပွဲရလဒ်က သင့်ဘဝရပ်တည်နိုင်မယ့် အရည်အချင်းကို အဆုံးအဖြတ် မပေးနိုင်ပါဘူး..
ငယ်ငယ်တည်းက ကျောင်းတွေတက် စာမေးပွဲတွေဖြေနဲ့ ကျွန်တော်တို့ဘဝရဲ့ ဆယ်စုနှစ်ကျော်ကြာအချိန်တွေကို စာမေးပွဲနဲ့ပဲ ဖြတ်သန်းခဲ့ပါတယ်။ စာမကျက်ဘူးလား ဆိုတဲ့ အသံတွေ၊ ဒီလို အမှတ်မကောင်းရင် ဆိုတဲ့ အသံတွေနဲ့ လုံးလည်ချာလိုက် နေအောင်ကို ဖြတ်သန်းနေခဲ့ရတာ လက်တွေ့ဘဝအတွက် ဆိုတာ တကယ်ရော ဟုတ်ရဲ့လားလို့ တွေးကြည့်ဖူးရဲ့လား။ မတွေးကြည့်ရသေးရင် အောက်မှာ လိုက်ဖတ်ကြည့်လိုက်ပါနော်……
(၁) စာရွက်ချရေးတဲ့ စာတွေက အမှတ်ဖြစ်တယ်။
အမှတ်တွေကို ကြည့်ပြီး တော်လိုက်တာလို့ ပြောလေ့ရှိတယ်မလား။ ကျွန်တော်နိုင်ငံအတွက်တော့ ပုံနှိပ်စာအုပ်ထဲက စာတွေ ပါနေရင် အမှတ်ကောင်းနေပါပြီ။ ကျွန်တော်တို့ ကိုယ်ပိုင်အတွေးအခေါ်တွေ ရေးသားခွင့် မရှိတဲ့ အတွက် အဖြေလွှာထဲက စာတွေကြောင့် အမှတ်ရတာကို တော်တယ်လို့ သတ်မှတ်လို့ မရပါဘူး။ ဒါက ပုံနှိပ်ထဲကစာတွေကို ခဏမှတ်ပြီး ပြန်ချရေးနိုင်ရင်လည်း အမှတ်ကောင်းရနိုင်တာပဲ မဟုတ်လား။
(၂) စာတွေ့က လက်တွေ့ မဟုတ်ဘူး။
ကျွန်တော်တို့နိုင်ငံမှာက များသောအားဖြင့် စာတွေ့တွေကိုပဲ သင်ပေးလေ့ ရှိတာပါ။ လက်တွေ့ သင်ပေးတာက နည်းလွန်းပါသေးတယ်။ ဒါကြောင့် စာတွေ့ရရုံနဲ့ သင်ကိုယ်သင် တော်နေပြီ ယူဆလို့ မရပါဘူး။ လက်တွေ့ဘဝထဲမှာက စာမေးပွဲဖြေသလို စာတွေ နှုတ်တိုက်ရရုံနဲ့ အဆင်ပြေမနေပါဘူး။
(၃) ကျောင်းက သင်ခဲ့တဲ့စာတွေက လက်တွေ့ဘဝအတွက် အကျိုးတကယ်ရှိစေလား။
ဘယ်လောက်ပဲကျောင်းတက်တက်၊ တစ်ဘဝလုံး ကျောင်းတက်နေလို့တော့ မရပါဘူးနော်။ လူဆိုတာ လက်တွေ့ဘဝထဲမှာ ဖြတ်သန်းပြီး ဘဝကို ကုန်ဆုံးတာပါ။ သင့်ကျောင်းက သင့်လက်တွေ့ဘဝတွေအတွက် ဘယ်နှစ်ပုံလောက် အထောက်အပံ့ ဖြစ်သလဲ တွေးကြည့်နိုင်ပါတယ်။ သင့်ကျောင်းစာအုပ်ထဲက စာတွေက သင်ကျောင်းပြီးတဲ့အခါ ဖြတ်သန်းမယ့်ဘဝထဲ အထောက်အကူဖြစ်မနေရင်တော့ အောင်ရုံနဲ့သာ ကျေနပ်လိုက်ပါတော့ အမှတ်မကောင်းမှာ ပူမနေပါနဲ့တော့။
(၄) သင့်ရဲ့တတ်မြောက်ကျွမ်းကျင်မှုကို အကဲဖြတ်ပေးနိုင်လား။
ကျွန်တော်ဖြေရဲ့တဲ့ စာမေးပွဲ အများစုက စာအုပ်ထဲ စာပြန်ရေးထည့်ရတာထက် မပိုပါဘူး။ ကျွန်တော် တကယ်တတ်မြောက်တယ်ဆိုတာကို အသိအမှတ်ပြုပေးနိုင်တဲ့ တိကျရေရာတဲ့ အကဲဖြတ်မှုမျိုး မရပါဘူး။ သိသာတာကတော့ ကျွန်တော်က ဓာတုဗေဒနဲ့ ကျောင်းပြီးတယ်လို့ ပြောလိုက်ရင် ကျွန်တော်က ဓာတုဗေဒပညာရပ်ကို တကယ် သိပါတယ် တတ်ပါတယ်လို့ ဘယ်ဆရာ၊ ဆရာမမှ အာမမခံနိုင်တဲ့အပြင် လက်တွေ့ဘဝထဲက လူတွေကလည်း မယုံကြည်ကြပါဘူး။
(၅) ကိုယ့်ဘဝထဲ ရပ်တည်မယ့် အရည်အချင်းကိုပဲ အလေးထားပါ။ စာမေးပွဲကို အလေးမထားပါနဲ့။
သင့်မှာ သင့်ဘဝကို ဘယ်လိုရပ်တည်မလဲဆိုတာ တွေးထားပြီးနေပြီဆိုရင် အဲ့အတွက် အချိန်ပေးပါ၊ လေ့လာပါ၊ အားစိုက်ထုတ်ပါ။ စာမေးပွဲအမှတ်ကတော့ သင့်လိုအပ်ချက်နဲ့ပဲ ဆိုင်ပါတယ်။ အမှတ်များဖို့ လိုအပ်တယ်ဆို အမှတ်များဖို့ လုပ်ပါ။ မလိုအပ်ဘူးဆိုရင်တော့ သင့်အချိန်တွေကို အဲ့အတွက် မဖြုန်းတီးပစ်ပါနဲ့ သင့်ဘဝအတွက် လိုအပ်မယ့်အရာတွေ အတွက်ပဲ အချိန်ပေးဖို့ လိုပါတယ်။
Written by Kham
Credit:Aunty May


မှတ်ချက်များ