ျမန္မာ အိုင္ေဒါၿပိဳင္ပြဲ နဲ႔ ပတ္သတ္ၿပီး ပိုက္ဆံ ၁၀ သိန္း ေလာင္းေၾကး ထပ္လိုက္တဲ့ ရဲေနာင္ နဲ႔ ပိုးမီ




Zawgyi ျဖင့္ဖတ္ရန္

ျမန္မာပရိသတ္ေတြ စိတ္ဝင္တစားေစာင့္ေမွ်ာ္ၾကည့္ရႈၾကတဲ့ Myanmar Idol Season 4 ယွဥ္ၿပိဳင္မႈဟာ အခုအခါမွာ Third Weeks ပင္ ၿပီးေျမာက္ခဲ့ၿပီျဖစ္ပါတယ္။ စုစုေပါင္း ဆန္ကာတင္ ၁၁ ေယာက္ကို ေ႐ြးခ်ယ္ခဲ့ေပမယ့္ တစ္ေယာက္ထြက္ခြာသြားခဲ့ရၿပီျဖစ္ၿပီး
ေတာ့ ၿပီးခဲ့တဲ့အပတ္ တကၠသိုလ္အမွတ္တရ သီခ်င္းသီဆိုယွဥ္ၿပိဳင္မႈမွာေတာ့ ေနာက္ထပ္ ၿပိဳင္ပြဲဝင္ႏွစ္ေယာက္ကေတာ့ ႏႈတ္ဆက္ထြက္ခြာရမွာျဖစ္ပါတယ္။ (ဘယ္သူေတြျဖစ္မလဲေနာ္)


ပရိသတ္ေတြအေနနဲ႔လည္း ထြက္ခြာသြားရမယ့္ ၿပိဳင္ပြဲဝင္ေတြ ဘယ္သူျဖစ္မလဲဆိုတာ စိတ္ဝင္စားေနသလို ၊ ေနာက္ဆုံး ေအာင္ႏိုင္သူဟာ ဘယ္သူျဖစ္မလဲဆိုတဲ့အေပၚမွာလည္း ႀကိဳတင္သုံးသပ္ေနၾကၿပီလို႔ထင္ပါတယ္။ က်င္းပၿပီးစီးခဲ့တဲ့ ၿပိဳင္ပြဲ ၃ ခုလုံးမွာ
ေတာ့ အမ်ိဳးသားအဆိုရွင္ေတြသာ Winner ရခဲ့တာပါ။ ဒါေပမယ့္ ယခု ေလးႀကိမ္ေျမာက္မွာေတာ့ အမ်ိဳးသမီးအဆိုရွင္ေတြမ်ားလာၿပီး ဆန္ကာတင္စာရင္းမွာလည္း အမ်ိဳးသမီးေတြမ်ားတာေၾကာင့္ အမ်ိဳးသမီးထဲက Winner ျဖစ္လိမ့္မယ္လို႔လည္း အခ်ိဳ႕
က ေကာက္ခ်က္ခ်ေနၾကပါတယ္။ အထူးသျဖင့္ ၿပိဳင္ပြဲဝင္ ေအးျမျဖဴကို ပရိသတ္က အေတာ္ေလး မ်က္စိၾကေနပုံရပါတယ္။

.


ဒီလို သုံးသပ္ခန႔္မွန္းေနၾကတာကေတာ့ ပရိသတ္ေတြသာ မကပဲနဲ႔ ၿပိဳင္ပြဲဝင္ေဟာင္းေတြလည္းပါဝင္ေနပါတယ္။ သူတို႔ကေတာ့ ရဲေနာင္နဲ႔ ပိုးမီ တို႔ပဲျဖစ္ပါတယ္။ ရဲေနာင္ကေယာက္်ားေလး Winner ျဖစ္မယ္လို႔ ခန႔္မွန္းသလို ၊ ပိုးမီကေတာ့ အမ်ိဳးသမီးထဲက Winner ျဖစ္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ ဒါေၾကာင့္ သူတို႔ဟာ ကိုယ္ယုံၾကည္ရာအတြက္ ၁၀ သိန္းေၾကးေလာင္းေၾကးထပ္ထားတယ္လို႔လည္း ပိုးမီရဲ႕ လူမႈကြန္ရက္မွာမွ်ေဝထားတာေတြ႕ရပါတယ္။



ဒီအစီအစဥ္ကို အၿမဲတမ္း ၾကည့္ျဖစ္ေနတဲ့ ပရိသတ္ႀကီးကေရာ ယခု Season မွာ ဘယ္သူ Winner ျဖစ္မလဲ ဆိုတာ ခန႔္မွန္းေျပာၾကည့္ပါဦးေနာ္။

Writer- SMT(Shwe Yaung Lan)


Unicode ဖြင့်ဖတ်ရန်

မြန်မာ အိုင်ဒေါပြိုင်ပွဲ နဲ့ ပတ်သတ်ပြီး ပိုက်ဆံ ၁၀ သိန်း လောင်းကြေး ထပ်လိုက်တဲ့ ရဲနောင် နဲ့ ပိုးမီ

မြန်မာပရိသတ်တွေ စိတ်ဝင်တစားစောင့်မျှော်ကြည့်ရှုကြတဲ့ Myanmar Idol Season 4 ယှဉ်ပြိုင်မှုဟာ အခုအခါမှာ Third Weeks ပင် ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။ စုစုပေါင်း ဆန်ကာတင် ၁၁ ယောက်ကို ရွေးချယ်ခဲ့ပေမယ့် တစ်ယောက်ထွက်ခွာသွားခဲ့ရပြီဖြစ်ပြီး
တော့ ပြီးခဲ့တဲ့အပတ် တက္ကသိုလ်အမှတ်တရ သီချင်းသီဆိုယှဉ်ပြိုင်မှုမှာတော့ နောက်ထပ် ပြိုင်ပွဲဝင်နှစ်ယောက်ကတော့ နှုတ်ဆက်ထွက်ခွာရမှာဖြစ်ပါတယ်။ (ဘယ်သူတွေဖြစ်မလဲနော်)


ပရိသတ်တွေအနေနဲ့လည်း ထွက်ခွာသွားရမယ့် ပြိုင်ပွဲဝင်တွေ ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်စားနေသလို ၊ နောက်ဆုံး အောင်နိုင်သူဟာ ဘယ်သူဖြစ်မလဲဆိုတဲ့အပေါ်မှာလည်း ကြိုတင်သုံးသပ်နေကြပြီလို့ထင်ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ပြိုင်ပွဲ ၃ ခုလုံးမှာ
တော့ အမျိုးသားအဆိုရှင်တွေသာ Winner ရခဲ့တာပါ။ ဒါပေမယ့် ယခု လေးကြိမ်မြောက်မှာတော့ အမျိုးသမီးအဆိုရှင်တွေများလာပြီး ဆန်ကာတင်စာရင်းမှာလည်း အမျိုးသမီးတွေများတာကြောင့် အမျိုးသမီးထဲက Winner ဖြစ်လိမ့်မယ်လို့လည်း အချို့
က ကောက်ချက်ချနေကြပါတယ်။ အထူးသဖြင့် ပြိုင်ပွဲဝင် အေးမြဖြူကို ပရိသတ်က အတော်လေး မျက်စိကြနေပုံရပါတယ်။

.

ဒီလို သုံးသပ်ခန့်မှန်းနေကြတာကတော့ ပရိသတ်တွေသာ မကပဲနဲ့ ပြိုင်ပွဲဝင်ဟောင်းတွေလည်းပါဝင်နေပါတယ်။ သူတို့ကတော့ ရဲနောင်နဲ့ ပိုးမီ တို့ပဲဖြစ်ပါတယ်။ ရဲနောင်ကယောက်ျားလေး Winner ဖြစ်မယ်လို့ ခန့်မှန်းသလို ၊ ပိုးမီကတော့ အမျိုးသမီးထဲက Winner ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါကြောင့် သူတို့ဟာ ကိုယ်ယုံကြည်ရာအတွက် ၁၀ သိန်းကြေးလောင်းကြေးထပ်ထားတယ်လို့လည်း ပိုးမီရဲ့ လူမှုကွန်ရက်မှာမျှဝေထားတာတွေ့ရပါတယ်။



ဒီအစီအစဉ်ကို အမြဲတမ်း ကြည့်ဖြစ်နေတဲ့ ပရိသတ်ကြီးကရော ယခု Season မှာ ဘယ်သူ Winner ဖြစ်မလဲ ဆိုတာ ခန့်မှန်းပြောကြည့်ပါဦးနော်။

Writer- SMT(Shwe Yaung Lan)



မှတ်ချက်များ