ပရိသတ္ေတြၾကား အရမ္းကို ေရပန္းစားေနတဲ့ စားဖိုမွဴးေလး အာကာ
Zawgyiျဖင့္ဖတ္ရန္
MasterChef Myanmar ကေတာ့ ျမန္မာႏိုင္ငံရဲ႕ နာမည္ႀကီး ဟင္းခ်က္ၿပိဳင္ပြဲႀကီးပါ။ ၿပိဳင္ပြဲ၀င္တိုင္းဟာ တစ္ပတ္နဲ႔ တစ္ပတ္ မတူညီတဲ့ Challenge ေတြကို သူ႔ထက္ငါ အၿပိဳင္အဆိုင္ယွဥ္ၿပိဳင္ၾကရတာပါ။ အပတ္စဥ္တိုင္းမွာ ၿပိဳင္ပြဲကေန တစ္ေယာက္ကို ပံုမွန္ထုတ္ပယ္ေလ့ရွိပါတယ္။ အမိ်ဳးသားစားဖိုမွဴးေတြလည္း အမ်ားႀကီး ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ ၾကပါတယ္။ ငယ္လည္းငယ္ ေတာ္လည္း တကယ္ေတာ္တဲ့ စားဖိုမွဴးေလးေတြပါ။ အဲ့ဒီအထဲကမွ ၿပိဳင္ပြဲ၀င္အာကာကေတာ့ ပရိသတ္ၾကားမွာ ေတာ္ေတာ္ေလးေရပန္းစားတာကို ေတြ႔ရပါတယ္။
တီထြင္ဆန္းသစ္ႏိုင္စြမ္း အားေကာင္းသူတစ္ေယာက္ျဖစ္သလို တကယ္လည္း ေတာ္တဲ့ စားဖိုမွဴး တစ္ေယာက္ပါ။ တစ္ပတ္နဲ႔ တစ္ပတ္ ထူးျခားဆန္းျပားတဲ့ ဟင္းလက္ရာေတြနဲ႔ ၀င္ေရာက္ယွဥ္ၿပိဳင္ေနသူပါ။ ဟင္းပြဲ ျပင္ဆင္တဲ့ plating ပိုင္းမွာ အရမ္းကို ေတာ္တာကိုလည္း ေတြ႔ရပါတယ္။ ငယ္လည္းငယ္ အရည္အခ်င္းလည္းရွိတဲ့ အာကာကေတာ့ အခုဆုိရင္ အမာခံ Fan ေတြ အမ်ားႀကီးကိုပါ ပိုင္ဆိုင္ေနပါၿပီ။
MasterChef Myanmar ကိုေတာ့ အပတ္စဥ္ တနဂၤေႏြေန႕တိုင္း ည(၇)နာရီမွာ ပံုမွန္ ထုတ္လႊင့္ျပေနပါတယ္။ အခုလက္ရွိမွာေတာ့ ေနာက္ဆံုး ၿပိဳင္ပြဲ၀င္ Top 3 ပဲ က်န္ရွိေနၿပီး ေနာက္ဆံုး Winner ကေတာ့ အာကာ ျဖစ္လာလိမ့္မယ္လို႔ အားလံုးက ခန္႔မွန္းေနၾကပါတယ္။
Photo Source: fb/Ar Kar
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
ပရိသတ်တွေကြား အရမ်းကို ရေပန်းစားနေတဲ့ စားဖိုမှူးလေး အာကာ
MasterChef Myanmar ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဟင်းချက်ပြိုင်ပွဲကြီးပါ။ ပြိုင်ပွဲဝင်တိုင်းဟာ တစ်ပတ်နဲ့ တစ်ပတ် မတူညီတဲ့ Challenge တွေကို သူ့ထက်ငါ အပြိုင်အဆိုင်ယှဉ်ပြိုင်ကြရတာပါ။ အပတ်စဉ်တိုင်းမှာ ပြိုင်ပွဲကနေ တစ်ယောက်ကို ပုံမှန်ထုတ်ပယ်လေ့ရှိပါတယ်။ အမျိုးသားစားဖိုမှူးတွေလည်း အများကြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြပါတယ်။ ငယ်လည်းငယ် တော်လည်း တကယ်တော်တဲ့ စားဖိုမှူးလေးတွေပါ။ အဲ့ဒီအထဲကမှ ပြိုင်ပွဲဝင်အာကာကတော့ ပရိသတ်ကြားမှာ တော်တော်လေးရေပန်းစားတာကို တွေ့ရပါတယ်။
တီထွင်ဆန်းသစ်နိုင်စွမ်း အားကောင်းသူတစ်ယောက်ဖြစ်သလို တကယ်လည်း တော်တဲ့ စားဖိုမှူး တစ်ယောက်ပါ။ တစ်ပတ်နဲ့ တစ်ပတ် ထူးခြားဆန်းပြားတဲ့ ဟင်းလက်ရာတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေသူပါ။ ဟင်းပွဲ ပြင်ဆင်တဲ့ plating ပိုင်းမှာ အရမ်းကို တော်တာကိုလည်း တွေ့ရပါတယ်။ ငယ်လည်းငယ် အရည်အချင်းလည်းရှိတဲ့ အာကာကတော့ အခုဆိုရင် အမာခံ Fan တွေ အများကြီးကိုပါ ပိုင်ဆိုင်နေပါပြီ။
MasterChef Myanmar ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ည(၇)နာရီမှာ ပုံမှန် ထုတ်လွှင့်ပြနေပါတယ်။ အခုလက်ရှိမှာတော့ နောက်ဆုံး ပြိုင်ပွဲဝင် Top 3 ပဲ ကျန်ရှိနေပြီး နောက်ဆုံး Winner ကတော့ အာကာ ဖြစ်လာလိမ့်မယ်လို့ အားလုံးက ခန့်မှန်းနေကြပါတယ်။
Photo Source: fb/Ar Kar
Credit:Aunty May


မှတ်ချက်များ