Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ခြင်ဆေးခွေ မသုံးချင်ဘူး .သင့် အိမ်မှာ ခြင်တွေ အရမ်းပေါနေတယ်ဆို ဒီနည်းလေး စမ်းကြည့်ပါ
လူမှု ပတ်ဝန်းကျင်မှာ ဒုက္ခအပေးဆုံးကတော့ ခြင်ဆိုရင် မမှားပါဘူးနော် ပရိတ်သတ်ကြီး………..။ ခြင်တွေဟာ လူတွေအတွက်တော့ တော်တော့်ကို ဒုက္ခပေးတဲ့ သတ္တဝါလေးပါပဲ။ အကောင်ငယ်သလောက် အသက်ပါ သေဆုံးစေနိုင်တဲ့ ရောဂါကို သယ်ယူပေးနိုင်သူတွေပေ့ါ။ သူတို့ကြောင့် အရွယ်ငယ်တဲ့ ကလေးတွေလည်း တော်တော်များများ ဆုံးရှုံးခဲ့ရပါတယ်။ ခြင်တွေဟာ လူတွေရဲ့ အသက်ကို နှုတ်ယူနိုင်တဲ့ အသေးစား သေမင်းလေးပါပဲ ။ ဒီအကောင်လေးတွေကို ဒုက္ခမပေးနိုင်ဖို့ အတွက် လူတွေကလည်း အမျိုးမျိုးတီထွင်ကြံဆခဲ့ကြပါတယ်။ ခြင်ဆေးအမျိုးမျိုးထုတ်လုပ်ခဲ့ပေမယ့်လည်း ကောင်းကျိုးရှိသလို၊ ဆိုးကျိုးတွေကိုလည်း ခံစားစေရပါတယ်။ ဒ့ါကြောင့် ခြင်ဆေး မသုံးဘဲ၊ ခြင်တွေ ပြေးစေနိုင်တဲ့ နည်းလမ်းလေး တစ်ခုကို လူမှုကွန်ယက်မှာ Daw Atar May ဆိုတဲ့ လူတစ်ယောက်က ယခုကဲ့သို့ မျှဝေခဲ့ပါတယ်။ ((((မင်္ဂလာပါရှင် …….မိုးကုန် လိုက်နေပူလိုက် မိုးပြန် ရွာ လိုက်နဲ့ခြင်ယင် ပေါ သောချိန်တွင်သဘာဝအိမ် သုံးပစည်းလေး နဲ့ကျွန်မတို့ ခြင်မလာ အောင်
ဆေးလေးလုပ် ကြည့်စ်ု့လိုအပ်သောပစည်းများ မည်သည့်ဆပ်ပြာခဲမဆို-1ခဲသကြား တဇွန်းဆပ်ပြာမုန့် -1ဇွန်းမည်သည့်တံဆိပ်မဆိုပြုလုပ်ပုံဆပ်ပြာ ကိုပါးပါးလှီး သို့မဟုတ် ခြစ်ပါခြစ်ပြီးသားဆပ်ပြာခွက်ထဲသကြား ညို ဖြူ စသည် လွယ်ရာတဇွန်းထည့်ပါနောက်ဆပ်ပြာမုန့်တဇွန်းထည့်ပါရေ မြုပ်အောင်ထည့် မွှေပါဆပ်ပြာ ခဲကတော့ချက်ချင်းမပျော်ပါ တဖြေးဖြေး ပျော် လာပါလိမ့်မည်မိမိ အခန်း အိပ်ခန်းကုတင်အောက်အိမ်ရှိခြင်ခို နိုင်သောအမှိုက်ပုံးဘေးရေ ချိုးခန်း အိမ်သာအစရှိသည်တို့ တွင်ခွက် ဖြင့် ထည့်ပြီးချထားပါ1-3 ရက်အတွင်းထ်ုနေရာ ခြင် မလာကြောင်းတွေ့ရပါမည်အထက်ပါ ဖျော်ရည် ကို7-10ခန့်ကြာတကြိမ် လဲပြီးအသစ်ပြန်ဖျော်ပါအပေါ်မှ ပြောထားသောကုန်ကြမ်းအချိုးသည် ဆေးရည် -34 ခွက်ထိ ခွဲထည့် ရပါ သည်ကလေးများမဆော့ နိုင်အောင်တော့ သတိထားကြပါရှင်အကုန်ကျ လဲသက်သာ ရေ ချိုးခန်းထဲအနည်းငယ်ကျန်ကိုယ်တိုက်ဆပ်ပြာအပိုင်းစများစု ပြီးလုပ်လဲရ ပါကြောင်းဓါတုခြင်ဆေး အန္တရယ်မှ ကင်းစေရန်မျှဝေခြင်း
Daw Atar May-09799033356 ))))
ကဲ ပရိတ်သတ်ကြီးရေ ….. နည်းလမ်းကောင်းလေးကို ဝေမျှပေးသူကိုလည်း ကျေးဇူးတင်ပါတယ်နော်။ ပရိတ်သတ်ကြီးရဲ့ သားသားမီးမီးတို့အတွက်လည်း ဒီနည်းလမ်းကောင်းလေးကို အသုံးပြုပြီး ခြင် အန္တရာယ်က ကင်းဝေးအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
Writer -ME(Shwe Yaung Lan)
မှတ်ချက်များ