သရုပ္ေဆာင္ ဦးဝင္းႏိုင္ကို ဘိုးဘြားရိပ္သာသို႔ ပို႔ေဆာင္ေပးခဲ့ၾကတဲ့ လင္းဇာနည္ေဇာ္တို႔ အႏုပညာရွင္တစ္ခ်ိဳ႕
Zawgyiျဖင့္ဖတ္ရန္
သူခ်စ္ရတဲ့ အႏုပညာကို ႏွစ္ေပါင္းမ်ားစြာလုပ္ကိုင္ရင္း ဘဝကို ျဖတ္သန္းခဲ့တဲ့ ဝါရင့္သရုပ္ေဆာင္ၾကီး ဦးဝင္းႏိုင္ကေတာ့ လက္ရွိမွာ အသက္အရြယ္ၾကီးရင့္လာျပီျဖစ္တာေၾကာင့္ အႏုပညာအလုပ္ေတြ မလုပ္ကိုင္ႏိုင္ေတာ့ပါဘူး။ လတ္တေလာမွာေတာ့ ဦးဝင္းႏိုင္က သူ႔ရဲ႕အေပါင္းအသင္းေတြရွိရာ အႏုပညာ ဆည္းဆာရိပ္ ဘိုးဘြားရိပ္သာသို႔ သြားေရာက္ေနထိုင္ခ်င္တာေၾကာင့္ သားသမီးေတြလိုခ်စ္ရတဲ့ အႏုပညာရွင္ေတြက သြားပို႔ေပးခဲ့ၾကတာ ေတြ႔ရပါတယ္။ မိတ္ေဆြအေပါင္းအသင္းေတြရွိတဲ့ ဘိုးဘြားရိပ္သာကို သြားေရာက္ေနထိုင္တဲ့ ဦးဝင္းႏိုင္ကေတာ့ ေပ်ာ္ရႊင္ေနတာ ေတြ႔ရပါတယ္ေနာ္။
မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ အႏုပညာဆညး္ဆာရိပ္ ဘိုးဘြားရိပ္သာမွာ သြားေရာက္ေနထိုင္ေနျပီျဖစ္တဲ့ ဦးဝင္းနိုင္ရဲ႕ပံုရိပ္တစ္ခ်ို႔ကုိ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
လင္းဇာနည္ေဇာ္ကေတာ့ "အေပါင္းအသင္းသူငယ္ခ်င္းေတြနဲ႔ေနခ်င္တဲ့ ေလးေလး ရဲ့ဆႏၵကိုဦးစားေပးၿပီး. ရိပ္သာကိုပို႔ေပးတဲ့မိသားစုကို. အထူးေက်းဇူးတင္ပါတယ္.." ဆိုျပီး အသက္ၾကီးလာတာနဲ႔အမွ် တစ္ေန႔တစ္ျခား အထီးက်န္လာျပီး၊ အသက္ရွင္ဖို႔ေတာင္ ခက္ခဲေနတတ္တာမို႔ အေပါင္းအသင္း မိတ္ေဆြေတြနဲ႔ ေပ်ာ္ေပ်ာ္ၾကီးေနရမယ့္ နည္းလမ္းကို ေရြးခ်ယ္ခဲ့တဲ့ ဦးဝင္းႏိုင္ရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
ဦးဝင္းႏိုင္ (အႏုပညာ) ကိုေတာ့ အႏုပညာဆည္းဆာရိပ္ လင္းဇာနည္ေဇာ္၊ ခ်စ္ခ်စ္ေဇာ္နဲ႔ အရိုးတို႔က ေသခ်ာလိုက္ပို႔ေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္။
အနုပညာဆည္းဆာရိပ္ ဘိုးဘြားရိပ္သာမွာေတာ့ ဦးဝင္းႏိုင္အျပင္ တစ္ျခားေသာ ေနထိုင္မႈ ခက္ခဲတဲ့ အႏုပညာရွင္ၾကီးေတြလည္း ေရာက္ရွိေနတာ ေတြ႔ရပါတယ္။ မိုိမိုေလးခ်စ္ပရိသတ္ေတြလည္း သရုပ္ေဆာင္ၾကီး ဦးဝင္းႏိုင္တစ္ေယာက္ ေနရာအသစ္မွာ အစစအရာရာ အဆင္ေျပဖို႔ ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။
Myint Myat
Source;Aung Phyo Linn &Linn Zarni Zaw's Facebook
Credit:Momolay
Unicodeဖြင့်ဖတ်ရန်
သရုပ်ဆောင် ဦးဝင်းနိုင်ကို ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ပေးခဲ့ကြတဲ့ လင်းဇာနည်ဇော်တို့ အနုပညာရှင်တစ်ချို့
သူချစ်ရတဲ့ အနုပညာကို နှစ်ပေါင်းများစွာလုပ်ကိုင်ရင်း ဘဝကို ဖြတ်သန်းခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီး ဦးဝင်းနိုင်ကတော့ လက်ရှိမှာ အသက်အရွယ်ကြီးရင့်လာပြီဖြစ်တာကြောင့် အနုပညာအလုပ်တွေ မလုပ်ကိုင်နိုင်တော့ပါဘူး။ လတ်တလောမှာတော့ ဦးဝင်းနိုင်က သူ့ရဲ့အပေါင်းအသင်းတွေရှိရာ အနုပညာ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာသို့ သွားရောက်နေထိုင်ချင်တာကြောင့် သားသမီးတွေလိုချစ်ရတဲ့ အနုပညာရှင်တွေက သွားပို့ပေးခဲ့ကြတာ တွေ့ရပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေရှိတဲ့ ဘိုးဘွားရိပ်သာကို သွားရောက်နေထိုင်တဲ့ ဦးဝင်းနိုင်ကတော့ ပျော်ရွှင်နေတာ တွေ့ရပါတယ်နော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ သွားရောက်နေထိုင်နေပြီဖြစ်တဲ့ ဦးဝင်းနိုင်ရဲ့ပုံရိပ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။
လင်းဇာနည်ဇော်ကတော့ "အပေါင်းအသင်းသူငယ်ချင်းတွေနဲ့နေချင်တဲ့ လေးလေး ရဲ့ဆန္ဒကိုဦးစားပေးပြီး. ရိပ်သာကိုပို့ပေးတဲ့မိသားစုကို. အထူးကျေးဇူးတင်ပါတယ်.." ဆိုပြီး အသက်ကြီးလာတာနဲ့အမျှ တစ်နေ့တစ်ခြား အထီးကျန်လာပြီး၊ အသက်ရှင်ဖို့တောင် ခက်ခဲနေတတ်တာမို့ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ ပျော်ပျော်ကြီးနေရမယ့် နည်းလမ်းကို ရွေးချယ်ခဲ့တဲ့ ဦးဝင်းနိုင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဦးဝင်းနိုင် (အနုပညာ) ကိုတော့ အနုပညာဆည်းဆာရိပ် လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော်နဲ့ အရိုးတို့က သေချာလိုက်ပို့ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။
အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာတော့ ဦးဝင်းနိုင်အပြင် တစ်ခြားသော နေထိုင်မှု ခက်ခဲတဲ့ အနုပညာရှင်ကြီးတွေလည်း ရောက်ရှိနေတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း သရုပ်ဆောင်ကြီး ဦးဝင်းနိုင်တစ်ယောက် နေရာအသစ်မှာ အစစအရာရာ အဆင်ပြေဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။
Myint Myat
Source;Aung Phyo Linn &Linn Zarni Zaw's Facebook
Credit:Momolay


မှတ်ချက်များ