သင့္ေကာင္ေလးသင့္ကို အရူးအမူး လြတ္ဆြတ္တမ္းတေနလားဆိုတာသိနိုင္မယ့္အခ်က္မ်ား


Zawgyiျဖင့္ဖတ္ရန္

ခ်စ္သူ ဒါမွမဟုတ္ ေကာင္ေလးတစ္ေယာက္ သင့္ကို လြမ္းလားမလြမ္းလား သိခ်င္တယ္ဆိုရင္ ဒီစာေလးကို ဖတ္ၾကည့္လိုက္ပါေနာ္။ တကယ္လို႔ ဒီအခ်က္ထဲကေတာ္ေတ္ာ မ်ားမ်ားနဲ႔ ကိုက္ညီေနတယ္ဆိုရင္ သင့္ကို အရူးအမူး လြတ္ဆြတ္တမ္းတေနတယ္ဆိုတာ သိလုိက္ပါေတာ့ေနာ္။

(၁) Miss call ေတြအမ်ားၾကီးရွိေနတယ္

သင္ဟာ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ဖုန္းအသံကို မၾကားမိတဲ့ အခါမ်ိဳးေတြရွိေနတတ္ပါတယ္။  သင္သတိရလို႔ ဖုနး္သြားၾကည့္တဲ့ အခါမွာ သင့္ေကာင္ေလးေခၚထားတဲ့ miss call ေတြ အမ်ားၾကီး ကိုေတြ႔ရမွာပါ။ ေယာက်္ားေလးေတြဟာ ဖုန္းဆက္တဲ့အခါ တစ္ခါႏွစ္ခါ ေခၚလို႔မွမကိုင္ရင္ ထပ္ေခၚေလ့မရွိပါဘူး။ ဒါေပမယ့္ သင့္ခ်စ္သူက သင့္ဖုန္းမကုိင္တာေတာင္ အၾကိမ္ၾကိမ္ေခၚေနခဲ့ရင္ေတာ့ သင့္ကို အရမး္လြမ္းေနလို႔ပါ။

(၂) ခ်က္ခ်င္းစာျပန္တယ္

ေကာင္ေလးတစ္ေယာက္ သင့္ကို လြမ္း မလြမ္းသိခ်င္ရင္ သူစာျပန္တဲ့ အခ်ိန္ကို သတိထားၾကည့္ပါ။ ေကာင္ေလးတစ္ေယာက္ဟာ ခါတိုင္း ဒီလိုအခ်ိန္္ေတြမွာ စကားသြားေျပာရင္ေတာင္ မအားတတ္ေပမယ့္၊ ဒီတစ္ခါ သင့္ကို ခ်က္ခ်င္း စာျပန္တယ္ဆိုရင္ေတာ့ သင့္ကို အရမး္လြမ္းလို႔ပါ။ ဖုန္းအနားမွာ ထိုင္ျပီး သင္စကားလာေျပာမယ့္ အခ်ိန္ကို ေစာင့္ေနတာလည္း ျဖစ္ႏိုင္ပါတယ္။

(၃) စကားေတြအဆက္မျပတ္ေျပာတယ္

online မွာ သင္နဲ႔အတူ active ျဖစ္ျပီး သင္နဲ႔ တစ္ခ်ိန္လံုးစကားေျပာေနမွာပါ။ တစ္ခ်ိဳ႕ ပံုေလးေတြမွာလည္း mention ေခၚတတ္ပါေသးတယ္။ ဓာတ္ပံုေဟာင္းေလးေတြကို like, comment ေတြေပးေနမယ္၊ အတိတ္တုန္းက အေၾကာင္းအရာေလးေတြကို ျပန္ေျပာေနတယ္ဆိုရင္ေတာ့ သင့္ကိုသူ အရမး္လြမ္းေနလို႔ပါ။

(၄) သင့္ကို ျမင္ခ်င္ေနမယ္

ေယာက်္ားေလးတစ္ေယာက္က သင့္ကို ဓာတ္ပံုပိုေပးဖို႔ ေတာင္းဆိုတယ္၊ Video call နဲ႔ ေျပာဖို႔ ေတာင္းဆိုတယ္ဆိုရင္ သင့္ကို လြမ္းေနလို႔ပါ။ သင္အခုခ်ိန္မွာ ဘယ္လိုပံုစံေလးျဖစ္ေနမလဲ၊ ဘာေတြမ်ားလုပ္ေနမလဲဆိုတာ သိခ်င္လို႔ ေတာင္းဆိုတာ ျဖစ္ပါတယ္။ သင့္ဓာတ္ပံုေလးကို ျမင္ရရင္ သင့္အနားမွာ သူရွိသလို ခံစားရလို႔ပါ။

(၅) သင္တို႔ေတြ႕တဲ့အခါအတြက္ အစီအစဥ္ေတြဆြဲတယ္

သင့္ေကာင္ေလးဟာ သင္နဲ႔ မေတြ႕ျဖစ္တဲ့ အခ်ိန္ေတြမွာ သင္နဲ႔ေတြ႕ရင္ ဘယ္သြားမယ္၊ ဘာလုပ္မယ္ ဆိုတာေလးေတြကို အစီအစဥ္ေတြ ဆြဲထားျပီး သင့္ကို ေျပာျပေနတယ္ဆိုရင္ သင့္ကို အရမ္းလြမး္ေနလို႔ပါ။ သင္နဲ႔ အရင္က အတူတူ သြားခဲ့ဖူးတာေလးေတြ၊ ေပ်ာ္ရႊင္စရာေလးေတြကို ျပန္ျပီး သတိရေနတာလည္း ျဖစ္ပါတယ္။

Credit:Em Em(Auntymay)

Unicodeဖြင့်ဖတ်ရန်

သင့်ကောင်လေးသင့်ကို အရူးအမူး လွတ်ဆွတ်တမ်းတနေလားဆိုတာသိနိုင်မယ့်အချက်များ

ချစ်သူ ဒါမှမဟုတ် ကောင်လေးတစ်ယောက် သင့်ကို လွမ်းလားမလွမ်းလား သိချင်တယ်ဆိုရင် ဒီစာလေးကို ဖတ်ကြည့်လိုက်ပါနော်။ တကယ်လို့ ဒီအချက်ထဲကတော်တေ်ာ များများနဲ့ ကိုက်ညီနေတယ်ဆိုရင် သင့်ကို အရူးအမူး လွတ်ဆွတ်တမ်းတနေတယ်ဆိုတာ သိလိုက်ပါတော့နော်။

(၁) Miss call တွေအများကြီးရှိနေတယ်

သင်ဟာ အကြောင်း အမျိုးမျိုးကြောင့် ဖုန်းအသံကို မကြားမိတဲ့ အခါမျိုးတွေရှိနေတတ်ပါတယ်။  သင်သတိရလို့ ဖုန်းသွားကြည့်တဲ့ အခါမှာ သင့်ကောင်လေးခေါ်ထားတဲ့ miss call တွေ အများကြီး ကိုတွေ့ရမှာပါ။ ယောကျ်ားလေးတွေဟာ ဖုန်းဆက်တဲ့အခါ တစ်ခါနှစ်ခါ ခေါ်လို့မှမကိုင်ရင် ထပ်ခေါ်လေ့မရှိပါဘူး။ ဒါပေမယ့် သင့်ချစ်သူက သင့်ဖုန်းမကိုင်တာတောင် အကြိမ်ကြိမ်ခေါ်နေခဲ့ရင်တော့ သင့်ကို အရမ်းလွမ်းနေလို့ပါ။

(၂) ချက်ချင်းစာပြန်တယ်

ကောင်လေးတစ်ယောက် သင့်ကို လွမ်း မလွမ်းသိချင်ရင် သူစာပြန်တဲ့ အချိန်ကို သတိထားကြည့်ပါ။ ကောင်လေးတစ်ယောက်ဟာ ခါတိုင်း ဒီလိုအချိန်တွေမှာ စကားသွားပြောရင်တောင် မအားတတ်ပေမယ့်၊ ဒီတစ်ခါ သင့်ကို ချက်ချင်း စာပြန်တယ်ဆိုရင်တော့ သင့်ကို အရမ်းလွမ်းလို့ပါ။ ဖုန်းအနားမှာ ထိုင်ပြီး သင်စကားလာပြောမယ့် အချိန်ကို စောင့်နေတာလည်း ဖြစ်နိုင်ပါတယ်။

(၃) စကားတွေအဆက်မပြတ်ပြောတယ်

online မှာ သင်နဲ့အတူ active ဖြစ်ပြီး သင်နဲ့ တစ်ချိန်လုံးစကားပြောနေမှာပါ။ တစ်ချို့ ပုံလေးတွေမှာလည်း mention ခေါ်တတ်ပါသေးတယ်။ ဓာတ်ပုံဟောင်းလေးတွေကို like, comment တွေပေးနေမယ်၊ အတိတ်တုန်းက အကြောင်းအရာလေးတွေကို ပြန်ပြောနေတယ်ဆိုရင်တော့ သင့်ကိုသူ အရမ်းလွမ်းနေလို့ပါ။

(၄) သင့်ကို မြင်ချင်နေမယ်

ယောကျ်ားလေးတစ်ယောက်က သင့်ကို ဓာတ်ပုံပိုပေးဖို့ တောင်းဆိုတယ်၊ Video call နဲ့ ပြောဖို့ တောင်းဆိုတယ်ဆိုရင် သင့်ကို လွမ်းနေလို့ပါ။ သင်အခုချိန်မှာ ဘယ်လိုပုံစံလေးဖြစ်နေမလဲ၊ ဘာတွေများလုပ်နေမလဲဆိုတာ သိချင်လို့ တောင်းဆိုတာ ဖြစ်ပါတယ်။ သင့်ဓာတ်ပုံလေးကို မြင်ရရင် သင့်အနားမှာ သူရှိသလို ခံစားရလို့ပါ။

(၅) သင်တို့တွေ့တဲ့အခါအတွက် အစီအစဉ်တွေဆွဲတယ်

သင့်ကောင်လေးဟာ သင်နဲ့ မတွေ့ဖြစ်တဲ့ အချိန်တွေမှာ သင်နဲ့တွေ့ရင် ဘယ်သွားမယ်၊ ဘာလုပ်မယ် ဆိုတာလေးတွေကို အစီအစဉ်တွေ ဆွဲထားပြီး သင့်ကို ပြောပြနေတယ်ဆိုရင် သင့်ကို အရမ်းလွမ်းနေလို့ပါ။ သင်နဲ့ အရင်က အတူတူ သွားခဲ့ဖူးတာလေးတွေ၊ ပျော်ရွှင်စရာလေးတွေကို ပြန်ပြီး သတိရနေတာလည်း ဖြစ်ပါတယ်။

Credit:Em Em(Auntymay)

မှတ်ချက်များ