ျငဳတ္သီးအလြန္အကြၽံ စားျခင္းဟာ မွတ္ဉာဏ္ကို ထိခိုက္ေစႏိုင္ေၾကာင္း ေလ့လာေတြ႕ရွိ


Zawgyiျဖင့္ဖတ္ရန္
ကိုယ္တို႔ အာရွသားေတြဟာ ျငဳတ္သီးကို အလြန္စားၾကတာ မဟုတ္လား။ အိမ္တိုင္းမွာ ျငဳတ္သီးစိမ္း၊ ျငဳတ္သီးမႈန္႔ ေဆာင္ထားတတ္ၾကတယ္။ အစပ္ေလးမွ မပါရင္ ထမင္းစား မမိန္ဘူးဆိုတာမ်ိဳး။ ကိုရီးယားတို႔၊ ထိုင္းတို႔ဆိုရင္ အစပ္ Level ေတြသတ္မွတ္ၿပီး ၿပိဳင္ေတာင္စားၾကေသးတယ္။ အခု ျမန္မာႏိုင္ငံကိုပါ ကူးစက္လာၿပီေလ။
ျငဳတ္သီးက ခံတြင္းေတြ႕ေစတယ္ဆိုတာေတာ့ ဟုတ္ပါတယ္။ ဒါေပမဲ့ သူ႔မွာလည္း ေဘးထြက္ဆိုးက်ိဳး ရွိပါတယ္။ ေန႔စဥ္ ျငဳတ္သီးစားျခင္းက ဦးေႏွာက္ပ်က္ျခင္း (Dementia) ကို ျဖစ္ေပၚေစႏိုင္ပါတယ္။ Dementia ဆိုတာ စိတ္စြမ္းရည္ ဆိုးဆိုး႐ြား႐ြားေဖာက္ျပန္ၿပီး ေန႔စဥ္ဘဝကိုပါ ထိခိုက္လာႏိုင္တဲ့ ေရာဂါမ်ိဳးပါ။
ျငဳတ္သီးစားျခင္းနဲ႔ ပတ္သတ္ၿပီး ေတာင္ၾသစေတ်းလ် တကၠသိုလ္က ေလ့လာသူေတြက လက္ေတြ႕စမ္းသပ္မႈေတြ လုပ္ခဲ့ပါတယ္။ အသက္ ၅၅ ႏွစ္ေက်ာ္ လူေပါင္း ၃၀၀၀ ေက်ာ္ကို ၁၅ ႏွစ္တာ ေလ့လာေစာင့္ၾကည့္ခဲ့ပါတယ္။ ၁၅ ႏွစ္တာၾကာၿပီးတဲ့အခါမွာ အတိတ္က စကား ၁၀ လုံးကို ျပန္စဥ္းစားျခင္း၊ နံပတ္ ၂၀ ကေန ေနာက္ျပန္ေရတြက္ျခင္း၊ ကိုယ့္မွတ္ဉာဏ္ကိုယ္ ျပန္အဆင့္သတ္မွတ္ျခင္းမ်ား လုပ္ၾကည့္ရပါတယ္။
ေလ့လာမႈရဲ႕ အေျဖကေတာ့ တစ္ေန႔ကို ျငဳတ္သီး ၅၀ ဂရမ္နဲ႔အထက္ စားသူေတြဟာ မွတ္ဉာဏ္အားနည္းျခင္းနဲ႔ စိတ္ေဖာက္ျပန္ျခင္း ၂ ဆပိုျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။ ခႏၶာကိုယ္ပိန္ၿပီး အစပ္အလြန္စားတဲ့သူေတြမွာဆိုရင္ စိတ္ေဖာက္ျပန္တဲ့ေရာဂါ ပိုၿပီး သိသာပါတယ္။ ျငဳတ္သီးစိမ္းပဲျဖစ္ျဖစ္၊ ျငဳတ္သီးအေျခာက္မႈန္႔ပဲ ျဖစ္ျဖစ္ မွတ္ဉာဏ္ကို ထိခိုက္ေစႏိုင္ပါတယ္။ ျငဳတ္ပြနဲ႔ ျငဳတ္ေကာင္းမႈန္႔ေတာ့ မပါပါဘူး။
ဒီေလ့လာစမ္းသပ္မႈကို ဦးေဆာင္ျပဳလုပ္သူ ေဒါက္တာ Zumin Shi ေျပာတာကေတာ့ “ျငဳတ္သီး ခႏၶာကိုယ္ အေလးခ်ိန္ ထိန္းဖို႔နဲ႔ ေသြးဖိအား ေကာင္းမြန္ေစဖို႔ အေထာက္အကူျဖစ္တယ္လို႔ အရင္က ေလ့လာေတြ႕ရွိခဲ့ပါတယ္။ ဒီတစ္ခါ စမ္းသပ္မႈမွာေတာ့ ေျပာင္းျပန္ျဖစ္သြားၿပီ ျငဳတ္သီးရဲ႕ဆိုးက်ိဳးကို ေတြ႕ရွိခဲ့ပါတယ္။ ျငဳတ္သီးစားျခင္းဟာ အသက္ႀကီးလာတဲ့အခါ မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈေတြ ျဖစ္ေပၚလာေစပါတယ္” တဲ့။
သို႔ေပမဲ့ ဒီေလ့လာေတြ႕ရွိခ်က္ကို ရာႏႈန္းျပည့္ေတာ့ မွန္တယ္လို႔ ေလ့လာသူေတြက အတည္မျပဳႏိုင္ေသးပါဘူး။ ဘာလို႔လဲဆိုေတာ့ ျငဳတ္သီးမွာပါတဲ့ ဓာတ္ဟာ ထက္ျမက္ၿပီး ႏိုးၾကားေစတယ္ဆိုတဲ့ ေလ့လာေတြ႕ရွိမႈေတြလည္း ရွိထားလို႔ပါ။ လုံးဝအတည္မျပဳရေသးဘူးဆိုေတာ့ ျငဳတ္သီးကို မစားဘဲ ေနစရာေတာ့မလိုေသးပါဘူး။ ျငဳတ္သီးအစပ္ကိုေလွ်ာ့စားၿပီး ၾကက္သြန္ျဖဴ/နီ မွာပါတဲ့ အစပ္ကို အားျပဳၿပီးစားလည္း ျဖစ္တာပဲေလ။
Ref; www.worldofbuzz.com
By Paulina
Credit:We.Com
Unicodeဖြင့်ဖတ်ရန်

ငြုတ်သီးအလွန်အကျွံ စားခြင်းဟာ မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ကြောင်း လေ့လာတွေ့ရှိ

ကိုယ်တို့ အာရှသားတွေဟာ ငြုတ်သီးကို အလွန်စားကြတာ မဟုတ်လား။ အိမ်တိုင်းမှာ ငြုတ်သီးစိမ်း၊ ငြုတ်သီးမှုန့် ဆောင်ထားတတ်ကြတယ်။ အစပ်လေးမှ မပါရင် ထမင်းစား မမိန်ဘူးဆိုတာမျိုး။ ကိုရီးယားတို့၊ ထိုင်းတို့ဆိုရင် အစပ် Level တွေသတ်မှတ်ပြီး ပြိုင်တောင်စားကြသေးတယ်။ အခု မြန်မာနိုင်ငံကိုပါ ကူးစက်လာပြီလေ။
ငြုတ်သီးက ခံတွင်းတွေ့စေတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး ရှိပါတယ်။ နေ့စဉ် ငြုတ်သီးစားခြင်းက ဦးနှောက်ပျက်ခြင်း (Dementia) ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ Dementia ဆိုတာ စိတ်စွမ်းရည် ဆိုးဆိုးရွားရွားဖောက်ပြန်ပြီး နေ့စဉ်ဘဝကိုပါ ထိခိုက်လာနိုင်တဲ့ ရောဂါမျိုးပါ။
ငြုတ်သီးစားခြင်းနဲ့ ပတ်သတ်ပြီး တောင်သြစတျေးလျ တက္ကသိုလ်က လေ့လာသူတွေက လက်တွေ့စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။ အသက် ၅၅ နှစ်ကျော် လူပေါင်း ၃၀၀၀ ကျော်ကို ၁၅ နှစ်တာ လေ့လာစောင့်ကြည့်ခဲ့ပါတယ်။ ၁၅ နှစ်တာကြာပြီးတဲ့အခါမှာ အတိတ်က စကား ၁၀ လုံးကို ပြန်စဉ်းစားခြင်း၊ နံပတ် ၂၀ ကနေ နောက်ပြန်ရေတွက်ခြင်း၊ ကိုယ့်မှတ်ဉာဏ်ကိုယ် ပြန်အဆင့်သတ်မှတ်ခြင်းများ လုပ်ကြည့်ရပါတယ်။
လေ့လာမှုရဲ့ အဖြေကတော့ တစ်နေ့ကို ငြုတ်သီး ၅၀ ဂရမ်နဲ့အထက် စားသူတွေဟာ မှတ်ဉာဏ်အားနည်းခြင်းနဲ့ စိတ်ဖောက်ပြန်ခြင်း ၂ ဆပိုဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ခန္ဓာကိုယ်ပိန်ပြီး အစပ်အလွန်စားတဲ့သူတွေမှာဆိုရင် စိတ်ဖောက်ပြန်တဲ့ရောဂါ ပိုပြီး သိသာပါတယ်။ ငြုတ်သီးစိမ်းပဲဖြစ်ဖြစ်၊ ငြုတ်သီးအခြောက်မှုန့်ပဲ ဖြစ်ဖြစ် မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပါတယ်။ ငြုတ်ပွနဲ့ ငြုတ်ကောင်းမှုန့်တော့ မပါပါဘူး။
ဒီလေ့လာစမ်းသပ်မှုကို ဦးဆောင်ပြုလုပ်သူ ဒေါက်တာ Zumin Shi ပြောတာကတော့ “ငြုတ်သီး ခန္ဓာကိုယ် အလေးချိန် ထိန်းဖို့နဲ့ သွေးဖိအား ကောင်းမွန်စေဖို့ အထောက်အကူဖြစ်တယ်လို့ အရင်က လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီတစ်ခါ စမ်းသပ်မှုမှာတော့ ပြောင်းပြန်ဖြစ်သွားပြီ ငြုတ်သီးရဲ့ဆိုးကျိုးကို တွေ့ရှိခဲ့ပါတယ်။ ငြုတ်သီးစားခြင်းဟာ အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်ချို့ယွင်းမှုတွေ ဖြစ်ပေါ်လာစေပါတယ်” တဲ့။
သို့ပေမဲ့ ဒီလေ့လာတွေ့ရှိချက်ကို ရာနှုန်းပြည့်တော့ မှန်တယ်လို့ လေ့လာသူတွေက အတည်မပြုနိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ငြုတ်သီးမှာပါတဲ့ ဓာတ်ဟာ ထက်မြက်ပြီး နိုးကြားစေတယ်ဆိုတဲ့ လေ့လာတွေ့ရှိမှုတွေလည်း ရှိထားလို့ပါ။ လုံးဝအတည်မပြုရသေးဘူးဆိုတော့ ငြုတ်သီးကို မစားဘဲ နေစရာတော့မလိုသေးပါဘူး။ ငြုတ်သီးအစပ်ကိုလျှော့စားပြီး ကြက်သွန်ဖြူ/နီ မှာပါတဲ့ အစပ်ကို အားပြုပြီးစားလည်း ဖြစ်တာပဲလေ။
Ref; www.worldofbuzz.com
By Paulina
Credit:We.Com

မှတ်ချက်များ